Bibla

 

ကမ္ဘာ ဦး 3

Studimi

   

1 မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်သကာတို့ထက် လိမ္မာသည် ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရား သခင်မိန့်တော်မူသလောဟု မေး၏။

2 မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်ရှိသော အပင်တို့၏ အသီးကိုစားရသော အခွင့်ရှိ၏။

3 ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားပဲ နေကြလော့၊ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။

4 မြွေကလည်း သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်၊

5 အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြ လတံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။

6 ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက် ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေးသူသည်လည်း စား၏။

7 ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။

8 နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လုလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင် တို့တွင် ပုန်းကွယ်လျက် နေကြ၏။

9 ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။

10 လူကလည်း ဥယျာဉ်၌ကိုယ်တော်၏ အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။

11 ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကို စားပြီလောဟု မေးတော်မူ၏။

12 လူကလည်း ကျွန်တော်၌ အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။

13 ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။

14 ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ်သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ၏။ သင်သည် ဝမ်းဖြင့် သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။

15 သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။

16 မိန်းမကိုလည်း၊ သင်၌ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားေရမည်။ ပင်ပန်းွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်ိုးခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။

17 ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွကကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။

18 ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။

19 သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။

20 ထိုအခါလူသည် မိမိမယားကို ဧအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည် အသက်ရှင် သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။

21 ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင် မယားတို့ သားရေဖြင့် ပတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။

22 ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်း သိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကို ရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကို ယူ၍ မစားသင့်ဟု မိန့်တော်မူ၏။

23 လူသည် မိမိထွက်သော မြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည် ဧဒင် ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။

24 ထိုသို့လူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစင်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။

   

Bibla

 

ယောန 1

Studimi

1 အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊

2 သင်နိနေဝေမြို့ကြီးသို့ သွားပြီးလျှင်၊ ခြိမ်း ချောက်သောစကားနှင့် ကြွေးကြော်လော့။ ိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ ၏။

3 သို့သော်လည်း၊ ယောနသည် ာဝရဘုရားံ တော်မှ တာရှုမြို့သို့ပြေးမည့် အကြံရှိသည်နှင့် လျက် ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ၍ သင်္ဘောခကို ပေးပြီးလျှင်၊ ာဝရ ဘုရားံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့ လိုက်ခြင်းငှါ သင်္ဘောကို စီးလေ၏။

4 ထာဝရဘုရားသည်လည်း ပြင်းစွာသောလေကို ပင်လယ်ပေါ်သို့ စေလွှတ်တော်မူသဖြင့်၊ ပင်လယ်၌ ကြီး စွာသော မိုဃ်းသက်မုန်တိုင်းဖြစ်၍၊ သင်္ဘောသည် ပျက် လုသောလက္ခဏာရှိ၏။

5 ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးအသီး မိမိတို့ဘုရားကို အော်ဟစ်ကြ၏။ သင်္ဘော ပေါ့စေခြင်းငှါ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ ၏။ ယောနမူကား၊ သင်္ဘောဝမ်းထဲသို့ ဆင်း၍ အိပ်ပျော် လျက်နေ၏။

6 သင်္ဘောသူကြီးသည် လာ၍၊ အိုအိပ်ပျော်သော သူ၊ အဘယ်သို့နည်း။ လော့။ သင်၏ဘုရားကို ဆုတောင်း လော့။ ငါတို့အသက်လွတ်စေခြင်းငှါ ိုဘုရားသည် ငါတို့ ကို အောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို၏။

7 နောက်တဖန် သူတို့က၊ လာကြ။ အဘယ်သူ၏ အပြစ်ကြောင့် ဤအမှုရောက်သည်ကို ငါတို့သိရမည်အ ကြောင်း စာရေးတံချကြကုန်အံ့ဟု တိုင်ပင်၍၊ စာရေးတံ ချလျှင် ယောနစာရေးတံကျ၏။

8 တဖန် သူတို့က၊ အဘယ်အပြစ်ကြောင့် ဤအမှု ရောက်သည်ကို ပြောပါလော့။ သင်ဆောင်ရွက်သောအမှု ကား၊ အဘယ်အမှုနည်း။ သင်သည် အဘယ်အရပ်က လာသနည်း။ အဘယ်ပြည်၊ အဘယ်အမျိုးသားဖြစ်သနည်း ဟု မေးမြန်းကြသော်၊

9 ငါသည် ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ်၏ဟု ဆိုလျှင်၊

10 ထိုသူတို့သည် အလွန်ကြောက်ရွံ့၍၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ၏။ ယောန သည် ထာဝရဘုရားထံတော်မှ မိမိပြေးကြောင်းကို ဘော် ပြသောကြောင့် သူတို့သိကြ၏။

11 ထိုအခါ ပင်လယ်၌ လှိုင်းတံပိုးသည် တိုး၍ထ သောကြောင့် သူတို့က၊ ငါတို့၌ လှိုင်းတံပိုးငြိမ်းစေခြင်းငှါ သင့်ကို အဘယ်သို့ပြုရပါမည်နည်းဟု မေးကြသော်၊

12 ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့။ သို့ပြု လျှင်၊ လှိုင်းတံပိုးသည် သင်တို့၌ ငြိမ်းလိမ့်မည်။ ဤပြင်းစွာ သော မိုဃ်းသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့ အပေါ်သို့ ရောက်သည်ကို ငါသိ၏ဟု ပြန်ပြောသော် လည်း၊

13 သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှါ ပင်ပန်းစွာ တက်ခတ်ကြ၏။ သို့ရာတွင်၊ သူတို့တဘက်၌ လှိုင်းတံပိုးတိုး၍ ထသောကြောင့်၊ သူတို့သည် မတတ်နိုင် သောအခါ၊

14 အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် တောင်း ပန်ပါ၏။ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်းမဖြစ်ပါစေနှင့်။ အပြစ်မရှိသောသူ၏အသက် သတ်သောအပြစ်ကို အကျွန်ုပ်တို့၌ တင်တော်မမူပါနှင့်။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အလိုရှိတော်မူသည် အတိုင်း ပြုတော်မူ၏ဟု ထာဝရဘုရားအား ကြွေးကြော် တောင်းပန်ပြီးမှ၊

15 ယောနကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြ၏။ ထို အခါ ပင်လယ်လှိုင်းတံပိုးသည် ငြိမ်းလေ၏။

16 သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော်၍ သစ္စာဂတိထားကြ ၏။

17 ယောနကို မျိုစေခြင်းငှါ ငါးကြီးကို ထာဝရဘုရား ခန့်ထားတော်မူသ်နှင့်အီ၊ ယောန် ငါး၏ဝမ်းထဲ မှာ သုံးရက်ပတ်လုံးနေရ၏။