The Bible

 

ယေဇကျေလ 45

Study

   

1 သင်တို့သည် မြေကို အမွေခံခြင်းငှါ စာရေးတံ ချ၍ ပိုင်းခြားသောအခါ၊ သန့်ရှင်းသောမြေတကွက်ကို ထာဝရဘုရားအား ပူဇော်ရကြမည်။ ထိုအကွက်သည် အလျားကျူလုံးအပြန်နှစ်သောင်းငါးထောင်၊ အနံ တသောင်းရှိရမည်။ နယ်နိမိတ်ရှိသမျှသည်လည်း သန့်ရှင်းရမည်။

2 ထိုမြေကွက်အလယ်၌ အလျားအတောင်ငါးရာ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက် သည် သန့်ရှင်းရာဌာနဘို့ ဖြစ်ရမည်။ ထိုအကွက် ပတ်လည်၌ သန့်ရှင်းသော နယ်လည်းအတောင် ငါးဆယ် ရှိရမည်။

3 ထိုသို့အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည်။

4 ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ခြင်းငှါ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏ အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။ သူတို့ အိမ်ဆောက်စရာနှင့် သန့်ရှင်း ရာဌာန်တည်စရာတို့ သန့်ရှင်းသော မြေဖြစ်ရမည်။

5 အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်း ရှိသော အကွက်သည် အိမ်တော်အမှုစောင့်လေဝိလူတို့ နေရာအခန်းနှစ်ဆယ် တည်ဆောက်စရာတို့ ဖြစ်ရမည်။

6 မြို့တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်းသော အရပ်တဘက်တချက်၌ အလျားတသောင်းငါးထောင်၊ အနံငါးထောင်ရှိ၍၊ ဣသရေလအမျိုးသားအပေါင်းတို့ အဘို့ ဖြစ်ရမည်။

7 သန့်ရှင်းသောမြေကွက်နှင့်မြို့တော် နယ်နိမိတ် အနောက်ဘက်တရှောက်လုံးတပိုင်း၊ အရှေ့ဘက် တရှောက်လုံးတပိုင်းသည် မင်းသားအဘို့ ဖြစ်ရမည်။

8 ငါ၏မင်းသားတို့သည် နောက်တဖန် ငါ၏လူတို့ ကို မညှဉ်းဆဲမည်အကြောင်း၊ ထိုမြေသည် ဣသရေလ ပြည်၌ မင်းသားပိုင်သော မြေဖြစ်ရမည်။ ကြွင်းသော မြေကို ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား ပေးဝေရမည်။

9 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလမင်းသားတို့၊ ရောင့်ရဲသော စိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်း၊ လုယူခြင်းအမှုတို့ကို ပယ်ရှား၍၊ တရားသောအမှု ဟုတ်မှန်သော အမှုတို့ကို ပြုကြလော့။ နောက်တဖန်ငါ၏ လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

10 မှန်သောချိန်ခွင်မှန်သောဧဖါ၊ မှန်သော ဗတ်တို့ကို သုံးရကြမည်။

11 ဧဖါနှင့်ဗတ်သည် အညီအမျှရှိရမည်။ နှစ်ပါး သည် ဟောမဲကို အမှီပြု၍၊ ဧဖါသည် တဟောမဲတွင် ဆယ်စုတစု၊ ဗတ်သည်လည်း တဟောမဲတွင် ဆယ်စုတစု ရှိရမည်။

12 ဂေရာနှင့်ဆယ်ကိုတကျပ်၊ အကျပ်ခြောက်ဆယ် ကို တမာနေရှိရမည်။

13 ချီးမြှောက်ရာ ပူဇော်သက္ကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲ ကို ပူဇော်ရမည်။

14 ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တကောရ တွင် ဗတ်ဆယ်စုတစုကို ပူဇော်ရမည်။ တဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တကောရသည်ဆယ်ဗတ် ဖြစ်သတည်း။

15 သူတို့အပြစ်ကို ဖြေခြင်းငှါ ဣသရေလကျက်စား ရာ၊ ရေများသော အရပ်၌ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တကောင်ကို ဘော်ဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

16 ထိုချီးမြှောက်ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည်။

17 မင်းသားသည်ည်းပွဲသဘင်နေ့၊ ဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေအမျိုး ပရိသတ်စည်းဝေးသော နေ့ရက် အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းောင်းရာ ပူဇော်သက္ကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှါ အပြစ်ဖြေရာ ယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်ကိုည်း ပူဇော်ရမည်။

18 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပဌမတရက်နေ့တွင်၊အပြစ်မပါ၊ အသက်ပျိုသော နွားထီးတကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ် စေရမည်။

19 ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကောင် အသွေးအချို့ကို ယူ၍ အိမ်တော်တိုင်၌၎င်း၊ ယဇ်ပလ္လင် အောက်ထစ်လေးထောင့်၌၎င်း၊ အတွင်းတန်တိုင်း တံခါး တိုင်၌၎င်း ထည့်ရမည်။

20 ထိုမှတပါး၊ မှားယွင်းသောသူနှင့် မိုက်သောသူ အတွက် ခုနှစ်ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော်၍၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂာကို ပြုရမည်။

21 ပဌမတဆယ်လေးရက်နေ့တွင်၊ ပသခါပွဲကို ခံရမည်။ ခုနစ်ရက်ပတ်ုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကို သာ စားရမည်။

22 ထိုနေ့၌ မင်းသားသည် ကိုယ်ဘို့၎င်း၊ ပြည်သူ ပြည်သားအပေါင်းတို့ကို၎င်း၊ နွားထီးတကောင်ကို အပြစ် ဖြေရာ ယဇ်ပူဇော်ရမည်။

23 ပွဲနေ့ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးရှို့ ရယဇ်ကို နွားထီးခုနစ်ကောင်၊ အပြစ်မပါသော သိုးထီး ခုနစ်ကောင်ကို၎င်း၊ အပြစ်ဖြေရာ ယဇ်တို့ဆိတ်သငယ် တကောင်ကို၎င်း နေ့တိုင်းပူဇော်ရမည်။

24 နွားဖြစ်စေ၊ သိုးဖြစ်စေ၊ တကောင်တကောင်နှင့် ပါရသော ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ၊ ဆီဟိန်ကို ပြင်ဆင်ရမည်။

25 သတ္တမတဆယ်ငါးရက်နေ့တွင်၊ ပွဲခံ၍ ယခင် အပြစ်ဖြေရာ ယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ ကာ၊ ဆီပူဇော်သက္ကာပြုသည်အတိုင်း ခုနစ်ရက်ပတ်ုံး ပြုရမည်။

   

The Bible

 

ယေဇကျေလ 47

Study

   

1 ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကို ဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည်အိမ်တော်တံခါးခုံလက်ျာအောက်၊ ယဇ်ပလ္လင် တော် တောင်ဘက်မှ စီးသွားလေ၏။

2 တဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့ မျက်နှာပြုသော ပြင်တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာဘက်မှစီးသော ရေကို ငါမြင်၏။

3 ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင်၊ အတောင်တတောင်စေ့အောင်တိုင်း၍ ငါ့ကို ရေကူးစေ၏။ ရေသည် ဖမျက်သို့ မှီလေ၏။

4 တဖန်အတောင်တထောင်စေ့အောင်တိုင်း၍ ရေးကူးစေပြန်လျှင်၊ ရေသည် ဒူးကိုမှီလေ၏။ တဖန် အတောင်တထောင်စေ့အောင်တိုင်း၍ ကူးစေပြန်လျှင်၊ ရေသည်ခါးကိုမှီလေ၏။

5 တဖန် အတောင်တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သော မြစ်ဖြစ်လေ၏။ ရေ သောကြောင့် နင်း၍မကူးနိုင်၊ ခြေောက်၍ မမှီပဲ ကူးရသောမြစ်ဖြစ်၏။

6 ထိုသူက၊ အချင်းလူကား၊ ဤအရာကို မြင်သည် မဟုတ်လောဟု ပြောပြီးမှ တဖန်ငါ့ကိုခေါ်သွား၍ မြစ်နားသို့ပြန်စေ၏။

7 ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသော အပင်တို့ကို ငါမြင် ၏။

8 ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကို ရှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သော အားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။

9 အသက်ရှင်၍လှုပ်ရှားတတ်သော သတ္တဝါ အမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍၊ အလွန်များစွာသော ငါတို့လည်း ရှိကြ လိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့်၊ ရောက်သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။

10 အိုင်နားမှာတံငါတို့သည် ရပ်၍၊ အင်္ဂေဒိရွာမှ စ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ် ဖြစ်လိမ့်မည်။ ငါအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။

11 ရွံ့ပွက်ရည်နှင့် ရွံ့အိုင်ရေမူကား မချိုရ၊ အစဉ် ငန်ရလိမ့်မည်။

12 မြစ်ကမ်းနားနှစ်ဖက်၌ စားစရာကောင်းသော အပင်အမျိုးမျိုး ပေါက်ကျိမ့်မည်။ အရွက်ည်း မညှိုး မနွမ်းရ အသီးည်းမပျက်ရ။ တိုင်းအစဉ်နုသော အသီးကို သီးိမ့်မည်။ အကြောင်းမူကား၊ သန့်ရှင်းရာ ဌာနထဲကထွက်သတည်း။ အသီးသည် စားစရာ အပိုဖြစ် ၏။ အရွက်သည် အနာရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့အားပြောဆို၏။

13 အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအမွေခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကို ယူရမည်။

14 ဘိုးဘေးတို့အား ငါကျိန်ဆိုသည်အတိုင်း ငါပေး ရသော ထိုမြေသည် သင်တို့အမွေဖြစ်၍၊ သင်တို့သည် အချင်းချင်းအမွေခံရကြမည်။

15 မြေမြောက်ဘက်အပိုင်းအခြားသည် မဟာ ပင်လယ်တဘက်တချက်၊ ဟေသလုန်လမ်း၊ ဇေဒဒ်လမ်းသို့ လိုက်လျက်၊

16 ဟာမတ်မြို့နှင့် ဗေရောသာမြို့ကို၎င်း၊ ဒမာသက်နယ်နှင့်ဟာမတ်နယ်ဆက်ကြားမှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန်မြို့အနားမှာ၊ ဟာဇာဟတ္တိကုန်းမြို့ကို ၎င်း ဝိုင်း၍၊

17 တဖန်ပင်လယ်နှင့်ကွာပြီးမှ ဒမာသက်နယ် အနား၌ ဟာဇရေနန်မြို့၊ မြောက်ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ်မြို့ပါရမည်။ ဤရွေ့ကား မြောက်ဘက် အပိုင်း အခြားဖြစ်သတည်း။

18 အရှေ့ဘက်အပိုင်းအခြားသည် ဟောရန်မြို့၊ ဒမာသက်မြို့၊ ဂိလဒ်ပြည်၊ ရောဒန်မြစ်နား ဣသရေလ ပြည်နယ်ကိုရှောက်၍၊ အရှေ့ပင်လယ်၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ဘက်အပိုင်းအခြား ဖြစ်သတည်း။

19 တောင်ဘက်အပိုင်းအခြားသည် တာမာမြို့မှ စ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်၎င်း၊ မဟာ ပင်လယ်ထဲသို့ ဝင်သောမြစ်တိုင်အောင်၎င်း၊ ရှောက်သွား ရမည်။ ဤရွေ့ကား၊ တောင်ဘက်အပိုင်းအခြားဖြစ်သ တည်း။

20 အနောက်ဘက်၌ မဟာပင်လယ်သည် တောင် ဘက်မှစ၍၊ ဟာမတ်မြို့တဘက်တချက်တိုင်အောင် ပိုင်းခြားလျက်ရှိရမည်။ ဤ၍ကား၊ အနောက်ဘက်အပိုင်း အခြားဖြစ်သတည်း။

21 ထိုမြေကိုဣသရေလအမျိုး အသီးအသီးတို့အား ဝေရမည်။

22 အမျိုးသားချင်းအမွေခံဘို့၎င်း၊ သင်တို့တွင်နေ၍ သားသမီးဘွားမြင်သော တပါးအမျိုးသားချင်း အမွေခံ ဘို့၎င်း ာရေးတံချ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည်၌ဘွားမြင်သော ဣသရေလ အမျိုးသားကဲ့သို့မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် အတူမြေကိုအမွေခံ ရကြလိမ့်မည်။

23 တပါးအမျိုးသား နေလေရာရာခရိုင်၌ သူ့အမွေ ခံစရာမြေကို ပေးရမည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။