1
အာရုန်၏ သားနှစ် ယောက်တို့သည်၊ ထာဝရဘုရား ရှေ့တော်၌ ပူဇော်၍ သေသော နောက်၊ ထာဝရဘုရား သည် မောရှေအား မိန့်တော်မူသည်ကား၊-
2
သင်၏အစ်ကိုအာရုန်သည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ သန့်ရှင်းရာဌာနတော်အထဲ၊ သေတ္တာ အပေါ်မှာ တင်သောအဖုံးကို ကွယ်ကာသော ကုလာ းကာ အတွင်းသို့ အခါခပ်သိမ်း မဝင် စေ ခြင်းငှါ ဆင့်ဆိုလော့။ ငါသည် သေတ္တာ အဖုံးအပေါ်၊ မိုဃ်းတိမ် ၌ ထင်ရှားမည်။
3
အာရုန်သည် သန့်ရှင်းရာဌာနတော်အထဲသို့ အဘယ်သို့ ဝင် ရမည်နည်းဟူမူကား၊ အပြစ်ဖြေရာ ယဇ် ဘို့ အသက်ပျိုသော နွားထီးတကောင်၊ မီးရှို့ရာယဇ်ဘို့ သိုး ထီးတကောင် ပါရမည်။
4
သန့်ရှင်းသော ပိတ်ချောအင်္ကျီ ၊ ပိတ်ချောပေါင်းဘီကို ဝတ်၍၊ ပိတ်ချောခါးပန်းကို စည်း ရမည်။ ပိတ်ချောဗေါင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ် တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကို ရေ ချိုးပြီးမှ ဝတ်ဆင်ရမည်။
5
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်နှစ် ကောင်၊ မီးရှို့ရာယဇ်ဘို့ သိုး တကောင်ကို၊ ဣသရေလအမျိုးသား ပရိသတ် လက်မှခံယူရမည်။
6
အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာ ယဇ်နွားကို ပူဇော်၍၊ မိမိအဘို့နှင့် မိမိအိမ် သူများ အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။
7
ဆိတ်နှစ် ကောင်ကိုလည်းယူ၍ ပရိသတ်စည်းဝေးရာ တဲ တော်တံခါးနား၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ရမည်။
8
အာရုန်သည် ထိုဆိတ်နှစ် ကောင်ကို ထာဝရဘုရား အဘို့ စာရေး တံတတံ၊ လွတ်လပ်လဟာအဘို့ တတံ၊ စာရေး တံနှစ် တံချ၍၊
9
ထာဝရဘုရား အဘို့ စာရေး တံကျသော ဆိတ်ကို ဆောင်ခဲ့၍ အပြစ်ဖြေရာ ယဇ်ဘို့ ပူဇော်ရမည်။
10
လွတ်လပ်လဟာအဘို့ စာရေး တံကျသော ဆိတ်ကို၊ အသက်ရှင်လျက် ထာဝရဘုရား ရှေ့တော်၌ ဆက်၍၊ သူ့အပေါ်မှာ အပြစ်ဖြေခြင်းကို ပြုပြီးလျှင်၊ တော၌ လွတ်လပ်လဟာသို့ လွှတ်လိုက်ရမည်။
11
အာရုန်သည် မိမိနှင့်ဆိုင်သော အပြစ်ဖြေရာ ယဇ်နွားကို ဆောင်ခဲ့ပြီးလျှင်၊ မိမိအဘို့နှင့် မိမိအိမ် သူ အိမ် သားများအဘို့ အပြစ်ဖြေခြင်းကို ပြု၍၊ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာ ယဇ်နွားကို သတ်ရမည်။
12
ထာဝရဘုရား ရှေ့တော် ယဇ်ပလ္လင် မီးခဲ နှင့် ပြည့်သောလင်ပန်းကို ကိုင်လျက်၊ ညက်စွာသော နံ့သာ ပေါင်းမွှေး အမှုန့်ကို မိမိလက်၌ အပြည့်ယူ၍၊ ကုလာ းကာအတွင်းသို့ ဆောင်သွားရမည်။
13
ထိုအခါ သူသည်သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ နံ့သာပေါင်းအခိုးအငွေ့သည် သက်သေခံ ချက် အပေါ်မှာရှိသော သေတ္တာအဖုံး ကို မွှန်းစေခြင်းငှါ၊ ထာဝရဘုရား ရှေ့တော်၌ နံ့သာပေါင်းကို မီး ပေါ်မှာ တင်ရမည်။
14
နွားအသွေး အချို့ကိုလည်း ယူ၍ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့် ဖြန်း ရမည်။ သေတ္တာဖုံး ရှေ့၌လည်း ခုနှစ် ကြိမ်တိုင်အောင် လက်ညှိုးနှင့်ဖြန်း ရမည်။
15
ထိုနောက် လူများနှင့်ဆိုင်သော အပြစ်ဖြေရာ ယဇ်ဆိတ်ကိုသတ်၍၊ အသွေး ကို ကုလာ းကာအတွင်း သို့ ဆောင်ခဲ့ပြီးလျှင်၊ နွားအသွေး ကို ဖြန်း သကဲ့သို့၊ သေတ္တာဖုံးအပေါ်၌၎င်း၊ ရှေ့၌၎င်း ဖြန်း ရမည်။
16
ဣသရေလအမျိုးသား တို့၏ မစင်ကြယ်သော အပြစ်ကြောင့်၎င်း၊ ပြစ်မှားသော အပြစ်အမျိုးမျိုးတို့ ကြောင့်၎င်း၊ သန့်ရှင်းရာ ဌာနတော်အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။ ထိုသို့ ဣသရေလအမျိုးသား တို့၏ မစင်ကြယ်သော အပြစ်ထဲမှာနေရသော ပရိသတ်စည်းဝေးရာ တဲ တော်အဘို့ ပြုရမည်။
17
သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဝင်သော အခါ၊ မိမိအဘို့၊ မိမိအိမ် သူအိမ် သားများအဘို့၊ ဣသရေလပရိသတ်အပေါင်းတို့အဘို့၊ အပြစ်ဖြေခြင်းကိုပြု၍ မထွက်မှီတိုင်အောင်၊ ပရိသတ်စည်းဝေးရာ တဲ တော်ထဲမှာ အဘယ်သူမျှ မနေရ။
18
နောက်တဖန် ထာဝရဘုရား ရှေ့တော် ယဇ်ပလ္လင် သို့ ထွက်လာ၍ ထိုပလ္လင်အဘို့ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ နွားအသွေး ၊ ဆိတ်အသွေး ကိုယူ၍ ယဇ်ပလ္လင် ပတ်လည် ဦးချိုတို့၌ ထည့်ရမည်။
19
ယဇ်ပလ္လင်အပေါ်၌လည်း ထိုအသွေး ကို လက်ညှိုးနှင့် ခုနှစ် ကြိမ်တိုင်အောင် ဖြန်း ၍ ဣသရေလ အမျိုးသား တို့၏ မစင်ကြယ်သော အပြစ်မှ စင်ကြယ်သန့်ရှင်းစေရမည်။
20
ထိုသို့ သန့်ရှင်းရာ ဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာ တဲ တော်အဘို့၊ ယဇ်ပလ္လင် အဘို့၊ အပြစ်ဖြေခြင်းကို ပြီးစီးပြီးမှ၊ အသက်ရှင်သော ဆိတ်ကို ဆောင်ခဲ့ရမည်။
21
အာရုန်သည် အသက်ရှင်သော ဆိတ် ခေါင်းပေါ်မှာ လက်နှစ် ဘက်ကို တင်လျက်၊ ဣသရေလအမျိုး သား တို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကို ဘော်ပြ၍၊ ဆိတ် ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သော လူ တွင် တောသို့ စေလွှတ်ရမည်။
22
သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ ဆောင်သွားသော ထိုဆိတ် ကို တော၌ လွှတ်လိုက်ရမည်။
23
တဖန် အာရုန်သည် ပရိသတ်စည်းဝေးရာ တဲ တော်ထဲသို့ဝင် ၍၊ သန့်ရှင်းရာဌာနတော်ထဲသို့ အရင် ဝင်သော အခါ၊ ဝတ်သော ပိတ်ချော အဝတ် ကို ချွတ် ၍ ထိုအရပ်၌ ထားရမည်။
24
သန့်ရှင်းရာ ဌာန၌ ကိုယ်ကို ရေ ချိုး၍၊ မိမိအဝတ် ကို ဝတ်ပြီးမှ တဖန်ထွက်လာ၍၊ မိမိမီးရှို့ရာယဇ်၊ လူများမီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ မိမိအဘို့နှင့် လူများအဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။
25
အပြစ်ဖြေရာ ယဇ်ကောင်ဆီ ဥကို ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရမည်။
26
လွတ်လပ်လဟာသို့ ဆိတ်ကို လွှတ်လိုက်သောသူသည်လည်း မိမိအဝတ် ကို လျှော်၍ ကိုယ်ကို ရေ ချိုး ရမည်။ ထိုနောက်မှ တပ်ထဲသို့ ဝင် ရမည်။
27
သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဆောင်သွင်းသော အသွေး နှင့်ဆိုင်သော အပြစ်ဖြေရာ ယဇ်နွားကို၎င်း၊ အပြစ်ဖြေရာ ယဇ် ဆိတ်ကို၎င်း၊ တပ်ပြင်သို့ ယူသွား၍ အရေ၊ အသား ၊ ချေးနုကို မီး ရှို့ရမည်။
28
မီးရှို့သောသူသည်လည်း မိမိအဝတ် ကို လျော်၍ ကိုယ်ကို ရေ ချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ ဝင် ရမည်။
29
သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေ သော တပါးအမျိုးသားဖြစ်စေ၊ သတ္တမလ ဆယ်ရက်နေ့၌ အလုပ် ကို အလ ျှင်းမလ ုပ်၊ ခြိုးခြံစွာ ကျင့်လ ျက်နေရကြမည်။
30
အကြောင်းမူကား၊ သင်တို့သည် ထာဝရဘုရား ရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည်အကြောင်း၊ ထိုနေ့ ရက်၌ ယဇ်ပုရောဟိတ်သည် သင်တို့ကို စင်ကြယ်စေခြင်းငှါ၊ အပြစ်ဖြေခြင်းကို ပြုရမည်။
31
ထိုနေ့ရက်သည် ထာဝရ ပညတ်တော်အတိုင်း၊ သင်တို့ ငြိမ်ဝပ်ရာ ဥပုသ်နေ့ ၊ ခြိုးခြံစွာကျင့်ရသော နေ့ ဖြစ်သတည်း။
32
အဘအရာ၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်စေခြင်းငှါ၊ အရင်ယဇ်ပုရောဟိတ် လက်မှ ဘိသိက်နှင့် တကွ ယဇ်ပုရောဟိတ် အရာကို ခံသောသူသည်၊ ထိုအပြစ်ဖြေခြင်းကို ပြုရမည်။ ထိုယဇ်ပုရောဟိတ် သည် သန့်ရှင်းသော ပိတ်ချောအဝတ် ကို ဝတ်၍၊-
33
သန့်ရှင်းရာဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာ တဲ တော်အဘို့၊ ယဇ်ပလ္လင် အဘို့၊ ယဇ်ပုရောဟိတ် များအဘို့၊ ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။
34
ဤရွေ့က ား၊ ဣသရေလအမျိုးသား တို့၏ အပြစ်ရှိသမျှတို့က ြောင့် တနှစ်တခါ အပြစ်ဖြေခြင်းက ို ပြုမည်အက ြောင်း၊ သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မောရှေအား ထာဝရဘုရား မှာထားတော်မူသည်အတိုင်း အာရုန်ပြုလေ၏။