1
တဖန် မောရှေနှင့် အာရုန်အား ထာဝရဘုရား က၊-
2
သင်တို့သည် ဣသရေလအမျိုးသား တို့အား ဆင့်ဆိုရမည်မှာ၊ ရိနာစွဲသော ယောက်ျားသည် မစင်ကြယ်။
3
အစဉ်ယိုသည်ဖြစ်စေ၊ တခါတလေ ရပ်သည်ဖြစ်စေ၊ ထိုသူသည် မစင်ကြယ် ။
4
အိပ်သမျှထိုင် သမျှသော အိပ်ရာထိုင် ရာတို့သည်လည်း မစင်ကြယ်။
5
သူ၏အိပ်ရာ ကိုထိ သောသူ၊ သူ့ထိ ုင်ရာအပေါ်မှာ ထိ ုင်သောသူ၊
6
သူ၏ ကိုယ်ကို ထိသောသူ၊
7
သူ၏ တံထွေးထိ မိသောသူသည်၊ မိမိအဝတ် ကို လျှော်၍ ကိုယ်ကိုရေ းချိုးရမည်။
8
ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
9
ရိနာစွဲသော သူစီးသော ကုန်းနှီးလည်းမစင်ကြယ်။
10
သူ့အောက်၌ရှိသောအရာကို ထိ သောသူသည် ညဦးတိုင်အောင် မစင်ကြယ်။ ထိ ုအရာ တစုံတခုကို ဆောင်သော သူသည်၊ မိမိအဝတ် ကို လျှော်၍ ကိုယ်ကို ရေ ချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
11
ရိနာစွဲသောသူသည်၊ လက် မဆေးဘဲ သူတပါးကို လက် နှင့်ထိ လျှင်၊ ထိ ုသူသည် မိမိအဝတ် ကို လျှော်၍ ကိုယ်ကို ရေ ချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
12
ရိနာစွဲသောသူ ထိ သော မြေတန်ဆာကို ခွဲရမည်။ သစ်သား တန်ဆာကို ရေ နှင့်ဆေးရမည်။
13
ရိနာစွဲသောသူသည် အနာပျောက်သောအခါ၊ ပျောက်သောနေ့ ကစ၍၊ ခုနစ်ရက်လွန်မှ မိမိအဝတ် ကို လျှော်၍၊ စီးသောရေ နှင့် ကိုယ်ကိုချိုးသဖြင့် စင်ကြယ်ရ၏။
14
အဋ္ဌမနေ့ ၌လည်း၊ ခိုနှစ် ကောင်ဖြစ်စေ၊ ချိုးကလေးနှစ် ကောင်ဖြစ်စေ၊ တခုခုကို ထာဝရဘုရား ရှေ့တော်၌ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ် အား ပေး ရမည်။
15
ယဇ်ပုရောဟိတ် သည် အပြစ်ဖြေရာ ယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကို ပူဇော်၍၊ ရိနာစွဲသော သူအဘို့ ထာဝရဘုရား ရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုရမည်။
16
ယောက်ျားသည် သုတ်ရည်ထွက်လျှင် တကိုယ်လုံး ရေ ချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
17
သုတ်ရည်ထိသောအဝတ် ၊ သားရေ ရှိသမျှတို့ကို ရေ နှင့်လျှော်ရမည်။
18
ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ယောက်ျားသည် မိန်းမ နှင့် သံဝါသပြုလျှင်၊ နှစ်ယောက်စလုံး ရေ ချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
19
မိန်းမ သည် ဥတုရောက်လျှင်၊ ခုနစ်ရက်ပတ်လုံး ဥတုမစင်ကြယ်ရာ၌ နေရမည်။ သူ့ကို ထိ သောသူ သည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
20
ဥတုမစင်ကြယ်လျက် အိပ်သမျှ၊ ထိုင် သမျှတို့သည် မစင်ကြယ်ဖြစ်၏။
21
သူ၏အိပ်ရာ ၊ သူ၏ထိ ုင်ရာကို ထိ သောသူသည် မိမိအဝတ် ကိုလျှော်၍ ကိုယ်ကို ရေ ချိုးရမည်။
22
ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
23
သူ၏နေ ရာထိုင် ရာစွန်းလျှင်၊ ထိ ုနေ ရာထိုင် ရာကို ထိ သောသူသည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
24
ဥတုရောက်သော မိန်းမနှင့် သံဝါသပြုသောသူသည် ခုနှစ် ရက်ပတ်လုံး မစင်ကြယ်၊ အိပ်ရာ ရှိသမျှ လည်း မစင်ကြယ်ဖြစ်၏။
25
ဥတုမစင်ကြယ် ရာ ကာလလွန်မှ၊ သွေး ယိုနာမပျောက်လျှင်၊ အနာမပျောက်မှီတိုင်အောင် ဥတုမစင် ကြယ်လျက် နေရသကဲ့သို့ မစင်ကြယ် ဖြစ်၏။
26
အနာမပျောက်မှီတိုင်အောင် သူ၏အိပ်ရာ သည် ဥတုမစင်ကြယ် ရာ အိပ်ရာ ကဲ့သို့၎င်း၊ ထိုင် ရာသည် ၎င်း မစင်ကြယ် ဖြစ်၏။
27
ထိ ုအရာတို့ ကို ထိ သောသူသည်လည်း မစင်ကြယ်သော ကြောင့်၊ မိမိအဝတ် ကို လျှော်၍ ကိုယ်ကို ရေ ချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
28
ထိုမိန်းမသည် သွေးယိုနာပျောက်၍ ခုနစ်ရက်လွန်လျှင် စင်ကြယ်လိမ့်မည်။
29
အဋ္ဌမနေ့ ၌ ခိုနှစ် ကောင်ဖြစ်စေ၊ ချိုးကလေးနှစ် ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေးရာ တဲ တော်တံခါးနား၊ ယဇ်ပုရောဟိတ် ထံသို့ ဆောင်ခဲ့ရမည်။
30
ယဇ်ပုရောဟိတ် သည် အပြစ်ဖြေရာ ယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကို ပူဇော်၍၊ ဥတုမစင် ကြယ်သော မိန်းမအဘို့ ထာဝရဘုရား ရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုရမည်။
31
ထိုသို့ ဣသရေလအမျိုးသား တို့သည် မိမိတို့တွင်ရှိသော ငါ့တဲတော်ကို ညစ်ညူးစေ၍၊ မိမိတို့ မစင် ကြယ်ရာ၌ မသေစေခြင်းငှါ၊ သူတို့ကို မစင်ကြယ် ခြင်းနှင့် ကင်းစင်စေရမည်။
32
ဤရွေ့ကား၊ ရိနာစွဲသောသူ၊
33
သုတ်ရည်ထွက်၍ ညစ်ညူးသောသူ၊- ဥတုရောက်သော မိန်းမ၊ သံဝါသပြုသော ယောက်ျားမိန်းမ၊ မစင်ကြယ်သော မိန်းမနှင့် သံဝါသပြုသောယောက်ျား စောင့်ရသောတရား ဖြစ်သတည်းဟု မိန့်တော် မူ၏။