Bible

 

adi ဗဒိ 1

Studie

1 အရှင်ာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား၊ ာဝရဘုရား ကြွေးကြော်တော် မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီကြလော့ဟု၊ တပါးအမျိုးသားတို့ံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။

2 သင့်ကို တပါးအမျိုးသားတို့တွင် ယုတ်မာစေခြင်း ငှါ ငါစီရင်သဖြင့်၊ သင်၏အသရေသည် အလွန်ရှုတ်ချ ခြင်းရှိလိမ့်မည်။

3 ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ငါ့ကို မြေသို့ အဘယ်သူ နှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့်၊ သင်၏မာနသည် သင့်ကို လှည့်စားပြီ။

4 သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

5 ဉ့်အခါ သူခိုးထားပြတို့သ် သင်ရှိရာသို့ လာ လျှင်၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မ် မဟုတ်လော။ စပျစ်သီးကို ဆွတ်သောသူတို့သလာ လျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကြွင်းစေကြလိမ့်မ် မဟုတ်လော။

6 သင်သည် အလွန်ပျက်စီးပြီတကား။ ဧသော သည် အလွန်အစစ်ခံရပြီတကား။ သူဝှက်ထားသော ဥစ္စာ ကို အလွန်ရှာဖွေကြသည်တကား။

7 သင်နှင့်မိဿဟာယဖွဲ့သော သူအပေါင်းတို့ သည် ပြည်စွန်းသို့ နှင်ကြပြီ။ အဆွေလုပ်သော သူတို့သည် သင့်ကို လှည့်စား၍ နိုင်ကြပြီ။ သင်နှင့်အတူ စားသောက် သောသူတို့သည် သင့်အောက်၌ ကျော့ကွင်းကို ထောင် ထားကြပြီ။ သင်၏ဥာဏ်ပညာ ကုန်ပြီ။

8 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ ဧဒုံပြည်မှ ပညာရှိတို့ကို၎င်း၊ ဧသော၏တောင်မှ ဥာဏ် ကောင်းသော သူတို့ကို၎င်း ငါပယ်ရှားမည်။

9 အိုတေမန်မြို့၊ ဧသော၏တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း၊ သင်၏ သူရဲတို့သည် ကြောက်ကြလိမ့်မည်။

10 သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း၊ အနိုင်အထက်ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင်အရှက်ကွဲ ၍၊ အကုန်အစင်ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။

11 သင်သည် တဘက်၌နေသောနေ့၊ တကျွန်းတ နိုင်ငံသားတို့သည် သူ၏အမှုထမ်းများကို သိမ်းသွားသော နေ့၊ တပါးအမျိုးသားတို့သည် သူ၏မြို့တံခါးထဲသို့ ဝင်ယေရုရှလင်မြို့ကို စာရေးတံချသောနေ့၌ သင်သည် လက်ခံသောသူဖြစ်၏။

12 သင်၏ညီသည် တပါးအမျိုးသားဖြစ်သောနေ့၌ သူ၏အမှုကို သင်မကြည့်သင့်။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့၌ မဝါကြွားသင့်။ ဒုက္ခခံရသောနေ့၌ စော်ကားသောစကားကို မပြောသင့်။

13 ငါ၏လူတို့သည် ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့နေရာတံခါးအတွင်းသို့ မဝင်သင့်။ ဘေးဥပဒ်ကို ခံရ သောနေ့၌ သူတို့၏ဆင်းရဲဒုက္ခကို မကြည့်မရှုသင့်။ ဘေး ဥပဒ်ကို ခံရသောနေ့၌ သူတို့ဥစ္စာကို မလုမယူသင့်။

14 လွတ်သောသူတို့ကို ဆီးတားခြင်းငှါ ဖြတ်လမ်း၌ မရပ်မနေသင့်။ အမှုရောက်သောနေ့၌ ကျန်ကြွင်းသော သူတို့ကို မအပ်သင့်။

15 အကြောင်းမူကား၊ ထာဝရဘုရားနေ့ရက် သည် ခပ်သိမ်းသောလူမျိုးတို့နှင့် နီးပြီ။ သင်ပြုသည်အ တိုင်း သင်၌ သူတပါးပြုလိမ့်မည်။ သင်ပြုသောအမှုသည် သင့်ခေါင်းပေါ်သို့ ရောက်ရလိမ့်မည်။

16 ယုဒအမျိုးသားတို့သည် သန့်ရှင်းသော ငါ့တောင် ပေါ်မှာ စားသောက်သကဲ့သို့၊ ပတ်လည်၌နေသော လူမျိုး အပေါင်းတို့သည် စားသောက်ရကြလိမ့်မည်။ စားသောက် ၍ မျိုသဖြင့် မရှိဘူးသောသူကဲ့သို့ ဖြစ်ရကြလိမ့်မည်။

17 ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူအချို့ ရှိကြလိမ့်မည်။ သန့်ရှင်းသောအရပ်ဖြစ်လိမ့်မည်။ ယာ ကုပ်အမျိုးသည် မိမိပိုင်ထိုက်သောမြေကို ပိုင်ရလိမ့်မည်။

18 ယာကုပ်အမျိုးသည် မီးယောသပ်အမျိုးသည် မီးလျှံဧသောအမျိုးသည် အမှိုက်ဖြစ်လျက် မီးညှိ၍ လောင်သဖြင့်၊ ဧသောအမျိုးသား မကျန်ကြွင်းရ ထာဝရ ဘုရားမိန့်တော်မူပြီ

19 တောင်မျက်နှာသားတို့သည် ဧသော၏တောင် ကို၎င်း၊ မြေညီသောအရပ်သားတို့သည် ဖိလိတ္တိပြည်ကို ၎င်း၊ ဧဖရိမ်လယ်ပြင်နှင့် ရှမာရိလယ်ပြင်ကို၎င်း၊ ဗင်္ယာ မိန်အမျိုးသည် ဂိလဒ်ပြည်ကို၎င်း သိမ်းယူကြလိမ့်မည်။

20 သိမ်းသွားခြင်းကို ခံရ၍၊ ခါနနိလူတို့တွင်ရှိသော ဣသရေလအမျိုးအလုံးအရင်းသည် ဇရတ္တမြို့တိုင်အောင်၎င်း၊ သိမ်းသွားခြင်းကို ခံရ၍ သေဖရဒ်ပြည်၌ရှိသော ယေရုရှလင်မြို့သားတို့သည် တောင်မျက်နှာ မြို့ရွာတို့ကို ၎င်း သိမ်းယူကြလိမ့်မည်။

21 ဧသော၏တောင်ကို တရားစီရင်ခြင်းငှါ ကယ် တင်သောသူတို့သည် ဇိအုန်တောင်ပေါ်သို့ တက်ကြလိမ့် မည်။ တိုင်းနိုင်ငံသည်လည်း ထာဝရဘုရား၏ နိုင်ငံတော် ဖြစ်လိမ့်သတည်း။

Bible

 

ဟေရှာယ 65

Studie

   

1 ငါ့ကိုမမေးမလျှောက်သောသူတို့၏ စကားကို ငါနားထောင်ပြီ။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရ ကြပြီ။ ငါ့ကိုကြည့်ကြလော့။ ကြည့်ကြလော့ဟု ငါ့နာမကို ပဌနာမပြုသောလူမျိုးအား ငါပြောဆိုပြီ။

2 မိမိအလိုအတိုင်း မကောင်းသောလမ်းကို လိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တနေ့လုံး ငါသည် ကိုယ်လက်ဝါးကိုဖြန့် ရပြီ။

3 ထိုလူမျိုးသည် ဥယျာဉ်၌ ယဇ်ပူဇော်၍၊ အုတ်ပေါ်မှာ လောဗန်ကို မီးရှို့သဖြင့်၊ ငါ့အမျက်ကို နှိုးဆော် ခြင်းငှါ၊ ငါ့မျက်မှောက်၌ အစဉ်ပြုတတ်၏။

4 သင်္ချိုင်းမှာနေ၍၊ သင်္ချိုင်းတွင်း၌ အိပ်တတ်၏။ ဝက်သားကို စား၍၊ ရွံ့ရှာဘွယ်သော အမဲသားပြုတ်ရည် ကို သောတတ်၏။

5 သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့ ငါ့ထံသို့ မချဉ်းနှင့် ငါသည်သင့်ထက်သာ၍ သန့်ရှင်းသည်ဟု ဆိုတတ်၏ ထိုသို့သော သူတို့သည် ငါ့နှာခေါင်းမီးခိုးကဲ့သို့၎င်း၊ အစဉ်လောင်သောမီးကဲ့သို့ ၎င်း ဖြစ်ကြ၏

6 ငါ့ရှေ့မှာ စာရင်းမှတ်လျက်ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ်စွာမနေ၊ အကျိုးအပြစ်ကို ဆပ်ပေးမည်။

7 သင်တို့၏ ဒုစရိုက်အပြစ်ကို၎င်း၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့၍၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ ဘိုးဘေး၏ ဒုစရိုက်အပြစ်ကို၎င်း သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်။ အကယ်စင်စစ်သူတို့ပြုဘူးသော အကျင့် တို့၏ အကျိုးအပြစ်ကို သူတို့ရင်ခွင်၌ ငါခြင်၍ ပေးမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။

8 တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်သီးပြွတ်၌ စပျစ်ရည်ကို တွေ့သောအခါ မဖျက်နှင့်၊ မင်္ဂလာရှိသည်ဟု ဆိုတတ်သကဲ့သို့၊ ထိုအတူ၊ ငါ့ကျွန်တို့၏ အကျိုးအလိုငှါ ငါပြုမည်။ အကုန်အစင်မဖျက်။

9 ယာကုပ်အမျိုးထဲက မျိုးစေ့ကို၎င်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါရွေးကောက်သော သူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏ကျွန်တို့သည် နေရကြလိမ့်မည်။

10 ငါ့ကိုရှာသော ငါ၏လူတို့အဘို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ်ဖြစ်လိမ့်မည်။

11 သင်တို့မူကား၊ ထာဝရဘုရားကိုစွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသော တောင်ကိုမေ့လျော့သောသူ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲကိုခင်း၍၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သက္ကာကို ပြင်သောသူ ဖြစ်ကြ၏။

12 သင်တို့ကို ငါရေတွက်၍၊ ထား၌အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြ လိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ငါခေါ်သော အခါမထူးကြ။ ငါပြောသောအခါ နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကို ကျင့်ကြ၏။ ငါမနှစ်သက်သော အရာကို ရွေးယူကြ၏။

13 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့ မူကား၊ မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ်ကြလိမ့်မည်။ ငါကျွန် တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရှက် ကြောက်ကြလိမ့်မည်။

14 ငါ၏ကျွန်တို့သည် ရွှင်လန်းသော စိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား၊ ဝမ်းနည်းသောစိတ် နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသော နှလုံးနှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည်။

15 သင်တို့သည် ကိုယ်နာမကို၊ ငါရွေးကောက်သော သူတို့၌ ကျိန်ဆဲဘို့ရာ ကျန်ရစ်စေကြလိမ့်မည်။ အရှင် ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက်၍၊ ကိုယ်တော်၏ ကျွန်တို့ကို အခြားသောနာမဖြင့် မှည့်တော်မူမည်။

16 မြေကြီးပေါ်မှာ မိမိကို မိမိကောင်းကြီးပေးသော သူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းကြီးပေးလိမ့်မည်။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင် ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား၊ အရင်အမှုတို့ကို မေ့လျော့ရ၏။ ငါ့မျက်မှောက်၌ ကွယ် ပျောက်လျက်ရှိကြ၏။

17 ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုဃ်းကောင်းကင် နှင့်မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။

18 ငါဖန်ဆင်းလတံ့သောအရာကြောင့်၊ သင်တို့ သည် အစဉ်အမြဲ ဝမ်းမြောက်ရွှန်လန်းကြလိမ့်မည်။ ယေရု ရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏။

19 ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန်မကြားရ။

20 ထိုမြို့၌ အသက်ငယ်သောသူငယ်မရှိရ။ မသက် မပြည့်စုံသော လူအိုလည်းမရှိရ။ အသက်တရာရှိလျက် သေသောသူကို သူငယ်ဟူ၍မှတ်ရ၏။ အပြစ်ရှိသော သူသည် အသက်တရာရှိလျက်သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍မှတ်ရ၏။

21 ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြ လိမ့်မည်။

22 သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏ လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြ လိမ့်မည်။

23 ငါရွေးကောက်သော သူတို့သည် အချည်းနှီး မလုပ်မဆောင်ရကြ။ အသက်တိုသော သားကိုမဘွား မမြင်ရကြ။ ကိုယ်တိုင်မှအမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရသောသူဖြ်ကြလိမ့်မည်။

24 ငါသည် သူတို့မခေါ်မှီကပင် ထူးမည်။ လျှောက် စဉ်တွင်ပင် ငါနားထောင်မည်။

25 တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက် စားကြလိမ့်မည်။ ခြင်္သေ့သည်နွားကဲ့သို့ မြက်ကိုစားလိမ့် မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲ ခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော် မူ၏။