Bible

 

မြည်တမ်းစကား 2

Studie

   

1 ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက် တော် မိုဃ်းတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလအမျိုး ၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ။ အမျက်တော်ထွက်ချိန်၌ ခြေတော်တင် ရာခုံကို မအောက်မေ့ဘဲနေတော်မူပါပြီတကား။

2 ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ်မျိုး၏နေရာ အရပ်ရှိသမျှတို့ကို မျိုတော်မူပြီ။ အမျက် တော်ထွက်သဖြင့် ယုဒသတို့သမီး၏ရဲတိုက်တို့ကို မြေတိုင် အောင်ဖြိုဖျက်၍၊ နိုင်ငံတော်နှင့်မင်းသားတို့ကို ရှုတ်ချ တော်မူပြီ။

3 ပြင်းစွာ အမျက်တော်ထွက်၍၊ ဣသရေလ၏ ဦးချို ရှိသမျှတို့ကို ဖြတ်တော်မူပြီ ရန်သူရှေ့မှာ လက်ရုံး တော်ကို ရုပ်သိမ်းတော်မူပြီ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ

4 ရန်သူကဲ့သို့ လေးကိုတင်လျက်၊ ရန်ဘက်ပြုသော သူကဲ့သို့ လက်ျာလက်ကို ချီကြွလျက်၊ တင့်တယ်ခြင်း အသရေရှိသော သူအပေါင်းတို့ကို သတ်တော်မူပြီ ဇိအုန် သတို့သမီး၏နေရာ တဲပေါ်မှာမီးကဲ့သို့သော အမျက် တော်ကို သွန်းလောင်းတော်မူ၏

5 ထာဝရဘုရားသည် ရန်ဘက်ပြု၍၊ ဣသရေလအမျိုးကို၎င်း၊ ဘုံဗိမာန်အပေါင်းတို့ကို၎င်း မျိုတော်မူပြီ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ။ ယုဒ သတို့သမီး ငိုကြွေးမြည်တမ်းသောအကြောင်းတို့ကို များပြားစေတော်မူပြီ။

6 ဝင်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော် မူပြီ။ ဇိအုန်မြို့၌ခံသော ဓမ္မပွဲနေ့၊ ဥပုသ်နေ့တို့ကို ထာဝရ ဘုရား မေ့စေတော်မူပြီ။ အမျက်တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။

7 ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ။ မိမိသန့်ရှင်းရာဌာနတော်ကို စက်ဆုပ် တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့ အပ်တော် မူသဖြင့်၊ ပွဲသဘင်ခံသောနေ့အသံပြုသကဲ့သို့၊ ရန်သူတို့ သည်ထာဝရဘုရားအိမ်တော်၌အသံပြုကြပြီ။

8 ထာဝရဘုရားသည် ဇိအုန်သတို့သမီး၏မြို့ရိုးကို ဖြိုဖျက်မည်ဟု အကြံတော်ရှိသည်အတိုင်း၊ ကြိုးကိုတန်း၍ အစဉ်မပြတ် ဖြိုဖျက်တော်မူသဖြင့်၊ အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား၍ ငိုကြွေးမြည်တမ်းရ မည် အကြောင်းပြုတော်မူပြီ။

9 မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။

10 ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက်ညွှတ်လျက်နေကြ၏။

11 ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက် ခြင်းရှိ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌အား ပျက်လျက်နေကြ၏။

12 သူတို့ကလည်း၊ ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု၊ ရန်သူညှဉ်းဆဲသော သူကဲ့သို့ မြို့လမ်း၌အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကို သွန်းလျက်၊ အဓိက မေးတတ်ကြသည်တကား။

13 အိုယေရုရှလင်သတို့သမီး၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန်သတို့ သမီးကညာ၊ သင့်ကိုနှစ်သိမ့်စေခြင်းငှါ၊ သင်နှင့်အဘယ် သူကို ငါခိုင်းနှိုင်းရမည်နည်း။ သင်၏ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူ ပြုပြင်နိုင် သနည်း။

14 သင်၏ပရောဖက်တို့သည် အချည်းနှီးသော အရာ၊ မိုက်သောအရာတို့ကို သင်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ၊ သင်၏ အပြစ်ကိုမဘော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာ အရာကို သင့်အဘို့မြင်ကြပြီ။

15 လမ်း၌ ရှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ၏။

16 သင်၏ရန်သူအပေါင်းတို့သည် သင့်တဘက်၌ နှုတ်ကို ဖွင့်ကြ၏။ ငါတို့သည် သူ့ကိုမျိုပြီ။ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မြော်လင့်ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကိုပြုလျက်၊ အံသွားကို ခဲကြိတ်လျက် ဆိုကြ၏။

17 ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကား တော်ကို ပြည့်စုံစေတော်မူပြီ။ မနှမြောဘဲဖြိုဖျက်တော် မူပြီ။ ရန်သူသည် သင်၏အပေါ် မှာဝမ်းမြောက်ရသော အခွင့်ကို ပေး၍၊ ရန်သူ၏ဦးချိုကို ချီးမြှင့်တော်မူပြီ။

18 သူတို့သ်စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အိုဇိအုန်သတို့သမီး၏မြို့ရိုး၊ သင်၏ မျက်ရ်သမြစ်ရေစီးသကဲ့သို့ နေ့ဉ့်မပြတ်စီးစေ လော့။ ကိုယ်ကိုမငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလ်း မငြိမ်းစေနှင့်။

19 ဦးယံအချိန်၌ ထ၍အော်ဟစ်လော့။ ထာဝရ ဘုရား၏မျက်နှာတော်ရှေ့မှာ သင်၏နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့။ ငတ်မွတ်၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက်လျက်နေသော သင်၏သူငယ်တို့ကို အသက် ချမ်းသာစေခြင်းငှါ၊ အထံတော်သို့ သင်၏လက်ကို ချီဆန့်လော့။

20 အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကို စားရပါ မည်လော။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရ ဘုရား၏ သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။

21 လူအကြီးအငယ်တို့သည် လမ်း၌မြေပေါ်မှာ တုံးလုံးနေရကြပါ၏။ အကျွန်ုပ်၏လူပျိုနှင့်အပျိုတို့သည် ထားဖြင့်သေရကြပါပြီ။ ကိုယ်တော်သည် အမျက်တော် ထွက်သောနေ့၌၊ သူတို့ကို မသနားဘဲကွပ်မျက်တော်မူပြီ။

22 ပွဲသဘင်နေ့၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဘွယ်သော အရာတို့ကို ခေါ်ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက်တော် ထွက် သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းရပါ။ အကျွန်ုပ်ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ်၏ ရန်သူသည် ဖျက်ဆီးပါပြီ။

   

Bible

 

မြည်တမ်းစကား 4

Studie

   

1 ရွှေသည် အလွန်သမ်းညိုသည်တကား။ အကောင်းဆုံးသော ရွှေသည် အလွန်ဖေါက်ပြန်သည် တကား။ သန့်ရှင်းသော ကျောက်တို့သည် ခပ်သိမ်းသော လမ်းဝတို့၌ ဖရိုဖရဲကွဲပြားလျက်ရှိကြ၏။

2 အမြတ်ဆုံးသော ရွှေနှင့်အမျှ အလွန်အဘိုး ထိုက်သော ဇိအုန်မြို့သားတို့ကို၊ အိုးထိန်းသမား လုပ်သောမြေအိုးကဲ့သို့ မှတ်တတ်သည်တကား

3 မြေခွေးမတို့ပင် မိမိတို့သားငယ်တို့အား နို့သီးကို ပေး၍နို့တိုက်တတ်၏။ ငါ၏လူမျိုးသတို့သမီးမူကား၊ တော၌နေသော ကုလားအုပ်ငှက်ကဲ့သို့ ကြမ်းကြုတ်သော သဘောရှိ၏။

4 နို့စို့ကလေးသည် နို့ငတ်သောကြောင့်၊ လျှာသည် အာခေါင်၌ ကပ်လျက်ရှိ၏။ သူငယ်တို့သည် မုန့်ကို တောင်း၍ အဘယ်သူမျှမပေး။

5 ကောင်းမွန်စွာ စားတတ်သော သူတို့သည် ကိုးကွယ်ရာမရှိ၊ လမ်း၌ နေကြ၏။ နီမောင်းသော အိပ်ရာ ပေါ်မှာ ပျော်မွေ့ဘူးသော သူတို့သည် နောက်ချေးပုံကို ဘက်ရကြ၏။

6 အဘယ်သူမျှ အားမထုတ်ဘဲချက်ခြင်း ပျက်စီး ခြင်းသို့ရောက်သော၊ သောဒုံမြို့ခံရသောအပြစ်ဒဏ် ထက်၊ ငါ၏လူမျိုးသတို့သမီးခံရသော အပြစ်ဒဏ်သည် သာ၍ကြီးပေ၏။

7 သူ၏မှူးမတ်တို့သည် မိုဃ်းပွင့်ထက်သန့်ရှင်း၍၊ နို့ရည်ထက်လည်း ဖြူကြ၏။ သူတို့အသားသည် ကျောက်နီထက်နီ၏။ သွေးကြောလည်း နီလာနှင့်တူ၏။

8 ယခုမူကား၊ သူတို့အဆင်းသည်မှောင်မိုက်ထက် မည်းသည်ဖြစ်၍ လမ်း၌မထင်ရှား။ သူတို့အရေသည် အရိုး၌ကပ်၍ ထင်းကဲ့သို့သွေ့ ခြောက်လေ၏။

9 ထားဖြင့်သေသောသူသည်၊ ငတ်မွတ်၍ သေ သောသူထက် သာ၍ မင်္ဂလာရှိ၏။ ငတ်မွတ်၍ သေသောသူသည် အသီးအနှံပြတ်ခြင်းအားဖြင့် ထိုးဖေါက်၍ ပိန်ကြုံရ၏။

10 စိတ်ကြင်နာတတ်သော မိန်းမတို့သည် မိမိတို့ သားကိုငယ်ပြုတ်ရကြ၏။ ငါ၏လူမျိုးသတို့သမီးသည် ပျက်စီးသော ကာလ၌ မိမိတို့သားကိုပင် စားရကြ၏။

11 ထာဝရဘုရားသည် အမျက်တော်ကို စုံလင် စေတော်မူပြီ ပြင်းစွာသော အမျက်တော်အရှိန်ကို လွှတ် တော်မူပြီ ဇိအုန်မြို့ကို မီးရှို့၍ မြို့ရိုးအမြစ်တိုင်အောင် လောင်စေတော်မူပြီ

12 ရန်ပြုသောသူနှင့်စစ်တိုက်သောသူသည် ယေရု ရှလင်မြို့တံခါးအတွင်းသို့ ဝင်နိုင်သည်ဟု၊ လောကီ ရှင်ဘုရင်နှင့်လောကီသတ္တဝါ တစုံတယောက်မျှမယုံကြ။

13 ယေရုရှလင်မြို့အလယ်၌ ဖြောင့်မတ်သော သူတို့ကို သတ်တတ်သောမြို့သားပရောဖက်တို့၏ ဒုစရိုက်များနှင့်၊ ယဇ်ပုရောဟိတ်တို့၏အပြစ်များကြောင့် ဤအမှုသည် ရောက်လေပြီ။

14 ထိုသူတို့သည်အရူးကဲ့သို့လမ်း၌လှည့်လည်၍၊ လူအသွေးနှင့် လူးသောကြောင့်၊ သူတို့အဝတ်ကို အဘယ် သူမျှ မထိဝံ့။

15 သွားကြ။ မစင်ကြယ်သောသူတို့၊ သွားကြာ၊ သွားကြ။ မထိကြနှင့်ဟု သူတပါးတို့သည်ဟစ်တတ်ကြ၏။ အဝေးသို့ပြေး၍ အရပ်ရပ်သို့လှည့်လည်ရသောအခါ သာသနာပလူတို့က၊ သူတို့သည် မတည်းမနေရဟု ဆိုတတ်ကြ၏။

16 ထာဝရဘုရားသည် အမျက်တော်ထွက်၍ သူတို့ ကို ကွဲပြားစေတော်မူပြီ။ သူတို့အမှုကို ကြည့်ရှုတော်မမူ။ သူတပါးတို့သည်လည်း၊ ယဇ်ပုရောဟိတ်တို့ကို မရိုသေ၊ အသက်ကြီးသူတို့ကို အားမနာဘဲနေကြ၏။

17 ငါတို့သည်ရှိစဉ်တွင် မစမည့်သူကို မြော်လင့်၍ မမြင်ရကြ။ မကယ်တင်နိုင်သောလူမျိုးကို ကင်းစင်ပေါ် မှာ အကျိုးမရှိဘဲ စောင့်ကြပြီ။

18 ငါတို့သည် လမ်း၌မသွားရမည်အကြောင်း ငါတို့ခြေရာကို လိုက်ရှာကြ၏။ ငါတို့သည်ဆုံးချိန်နီးပြီ။ အသက်ရှင်ရသော ကာလစေ့ပြီ။ ဆုံးချိန်ရောက်လေပြီ။

19 ငါတို့ကိုလိုက်၍ ရှာသောသူတို့သည် မိုဃ်း ကောင်းကင် ရွှေလင်းတထက်သာ၍ လျင်မြန်ကြ၏။ တောင်ရိုးပေါ်မှာလိုက်ရှာကြ၏။ တော၌လည်း ချောင်း မြောင်းကြ၏။

20 ငါတို့ထွက်သက်ဝင်သက်တည်းဟူသော၊ ထာဝရ ဘုရားသည် ပေးတော်မူ၍ ဘိသိတ်ခံသောအရှင်ကို သူတို့သည် မြေတွင်း၌ ဘမ်းမိကြပြီ။ ထိုအရှင်၏ ဘုန်းတော်ကိုခိုလှုံ၍၊ ငါတို့သည်သာသနာပ လူတို့တွင် အသက်ချမ်းသာရလိမ့်မည်ဟု အထက်ကဆိုတတ်ကြ၏။

21 ဥဇပြည်နေသော ဧဒုံသတို့သမီး၊ ဝမ်းမြောက် ရွှင်လန်းလော့။ ဖလားတော်သည် သင်ရှိရာသို့ ကူးသွား လိမ့်မည်။ သင်သည်ယစ်မူး၍ အဝတ်အချည်းစည်း ရှိရလိမ့်မည်။

22 အိုဇိအုန်သတို့သမီး၊ သင်ခံထိုက်သမျှသော အပြစ်ဒဏ်ကုန်ပြီ။ သင်သည် နောက်တဖန် သိမ်းသွား ခြင်းကိုမခံရ။ အိုဧဒုံသတို့သမီး၊ သင်ပြုသော ဒုစရိုက်ကို စစ်ကြော၍သင်၏အပြစ်ကို ဘော်ပြတော်မူမည်။