Bible

 

ယောလ 2

Studie

   

1 ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူပြည်သားအပေါင်းတို့သည် တုန်လှုပ် ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရားနေ့ရက်သည် လာ၍ နီးပြီ။

2 မိုက်မဲသောနေ့၊ မိုဃ်းအုံ၍ မှောင်မိုက်ထူထပ် သော နေ့ဖြစ်၏။ ဓနအာရုန်သည် တောင်ထိပ်တို့ကို နှံ့ ပြားသကဲ့သို့၊ အများဖြစ်၍ အားကြီးသော အမျိုးသည် လာ၏။ ရှေးကာလ၌ ထိုသို့ မဖြစ်စဖူး။ နောင်ကာလ အစဉ်အဆက်၌လည်း မဖြစ်ရလတံ့။

3 သူတို့ရှေ့မှာ မီးလောင်၏ နောက်၌လည်း မီးလျှံတောက်၏ ရှေ့တွင်ရှိသော ပြည်သည် ဧဒင် ဥယျာဉ်ကဲ့သို့ ဖြစ်၏ နောက်၌ကား၊ သုတ်သင်ပယ်ရှင်း သော လွင်ပြင်ဖြစ်၏ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ

4 သူတို့သည် အဆင်းအားဖြင့် မြင်းနှင့်တူ၍၊ မြင်းစီးသူရဲကဲ့သို့ ပြေးကြလိမ့်မည်။

5 ရထားမြည်သံကဲ့သို့၎င်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့၎င်း အသံမြည်၍ တောင်ထိပ်တို့အပေါ် မှာ ခုန်ကြလိမ့်မည် စစ်တိုက်ခြင်းငှါ ခင်းကျင်း၍ အားကြီးသော လူအလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်

6 သူတို့ရှေ့မှာ လူတို့သည် အလွန်ပင်ပန်းသော စိတ်ရှိ၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာမည်းကြ လိမ့်မည်။

7 သူတို့သည် သူရဲကဲ့သို့ ပြေး၍ စစ်သူရဲကဲ့သို့ မြို့ရိုးကို တက်ကြလိမ့်မည်။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည်။

8 တဦးကိုတဦး မတိုက်ဘဲ မိမိလမ်းသို့ မိမိလိုက် ကြလိမ့်မည်။ ထားသွားကို ထိသော်လည်း ရှနခြင်းကို မခံရကြ။

9 မြို့ထဲမှာတလည်လည် ပြေးလျက်၊ မြို့ရိုးကို ကျော်လျက်၊ အိမ်ပေါ်သို့ တက်လျက်၊ သူခိုးကဲ့သို့ ပြတင်း ပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည်။

10 သူတို့ရှေ့မှာ မြေကြီးလှုပ်ိမ့်မည်။ မိုဃ်း ကောင်းကင်ည်း တုန်ခိုက်ိမ့်မည်။ နေနှင့် သည် မိုက်၍၊ ကြယ်တို့သည် မထွန်းင်းဘဲ နေကြိမ့်မည်။

11 ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကို လွှင့်တော်မူမည်။ တပ်တော်သည် အလွန်ကြီးမား ၏။ စကားတော်အတိုင်း စီရင်သော သူသည် တန်ခိုးကြီး တော်မူ၏။ ထာဝရဘုရားနေ့ရက်သည် ကြီး၍ အလွန် ကြောက်မက်ဘွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူခံနိုင် သနည်း။

12 သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။

13 အဝတ်ကို မဆုတ်ဘဲ နှလုံးကို ဆုတ်လျက်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာ ကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သော သဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သော သဘောရှိတော်မူ၏။

14 သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရား သခင်သည် တဖန် ပြန်လာ၍ နောင်တရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည်မမူမည်ကို အဘယ်သူသိနိုင်သနည်း။

15 ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ အစာရှောင်ရသော အချိန်ကို ခန့်ထား၍ ခြိုးခြံစွာ ကျင့်ရသော အချိန်ကို ကြော်ငြာကြလော့။

16 လူများတို့ကို ခေါ်၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသော သူတို့ကို၎င်း၊ ငယ်သောသူနှင့်နို့စို့သော သူတို့ကို၎င်း စုဝေးစေကြလော့။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲက၎င်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် မိမိကွယ်၍နေသော ကုလားကာ တွင်းက၎င်း ထွက်စေ။

17 ထာဝရဘုရား၏ အမှုတော်စောင့်၊ ယဇ်ပုရော ဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏လူများကို သနားတော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှါ အပ်နှံတော်မမူပါ နှင့်။ သူတို့ ဘုရားသခင်ကား၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါ သနည်းဟု လျှောက်ကြစေ။

18 သို့ပြုလျှင်၊ ထာဝရဘုရားသည် ပြည်တော်ကို မစချင်သော စိတ်အားကြီး၍ မိမိလူတို့ကို ကယ်မသနား တော်မူလိမ့်မည်။

19 အကယ်စင်စစ် ထာဝရဘုရားသည် ထူးတော်မူ လျက်၊ ငါသည် ဆန်စပါး၊ စပျစ်ရည်၊ ဆီကို ပေးလိုက်၍ သင်တို့သည် ဝကြလိမ့်မည်။ နောက်တဖန် တပါးအမျိုး သားကဲ့ရဲ့ရာဖြစ်စေခြင်းငှါ ငါမပြု။

20 မြောက်မျက်နှာတပ်သားတို့ကို သင်တို့နေရာမှ ငါပယ်ရှားမည်။ အဘယ်သူမျှမရှိ၊ သွေ့ခြောက်သော အရပ်သို့ နှင်ုတ်မည်။ အရှေ့ပင်လယ်ကို မျက်နှာပြု လျက်၊ အနောက်ပင်လယ်ကို ကျောခိုင်းလျက် ချီသွားလိမ့် မည်။ ပုပ်စပ်နံစော်သော အနံ့ွက်လိမ့်မည်။ ာဝရ ဘုရားသည် ကြီးသော အမှုတို့ကို ပြုတော်မူမည်ဟု မိန့်တော်မူလိမ့်မည်။

21 အိုပြည်တော်၊ မစိုးရိမ်နှင့်။ ဝမ်းမြောက်ရွှင်လန်း ခြင်းရှိလော့။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည်။

22 အိုတော သားရဲတို့၊ မစိုးရိမ်ကြနှင့်။ တောမြက် ပင်ပေါက်လျက်၊ သစ်ပင်တို့သည် အသီးကို သီးလျက်၊ သင်္ဘောသဖန်းပင်နှင့် စပျစ်နွယ်ပင်တို့လည်း အားထုတ် လျက်ရှိကြ၏။

23 အိုဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်း ကြလော့။ အကြောင်းမူကား၊ ဓမ္မဆရာကို ပေးတော်မူ၍ အစအဦး၌လည်း အရင်မိုဃ်းနှင့်နောက်မိုဃ်းကို သင်တို့ အပေါ်မှာ ရွာစေတော်မူမည်။

24 ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့်၍၊ အသီးနယ်ရာ ကျင်းတို့၌လည်း စပျစ်ရည်နှင့်ဆီ လျှံကြ လိမ့်မည်။

25 အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေး မည်။

26 သင်တို့သည် ဝစွာ စားရကြလိမ့်မည်။ အံ့ဩ ဘွယ်သောအမှုတို့ကို သင်တို့၌ ပြုသော သင်တို့၏ဘုရား သခင်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလိမ့်မည်။ နောက်တဖန် ငါ၏လူတို့သည်လည်း ရှက်ကြောက်ခြင်း မရှိရကြ။

27 ငါသည် ဣသရေလအမျိုး၏အလယ်၌ရှိ ကြောင်းကို၎င်း၊ အခြားသော ဘုရားမရှိ၊ ငါထာဝရဘုရား သည် သင်တို့၏ဘုရားသခင်ဖြစ်ကြောင်းကို၎င်း သင်တို့ သိရကြလိမ့်မည်။ နောက်တဖန်ငါ၏လူတို့သည် ရှက် ကြောက်ခြင်း မရှိရကြ။

28 ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။

29 ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။

30 မိုဃ်းကောင်းကင်၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ အံ့ဘွယ်သောအရာတည်းဟူသော သွေးမီးလျှံမီးခိုးတိုင် တို့ကို ငါပြမည်

31 ထာဝရဘုရားကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိ ဖြစ်ိမ့်မည်။သည်ည်း သွေးဖြစ်ိမ့်မည်။

32 ထိုအခါ ထာဝရဘုရားကို ပဌနာ ပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်းမူကား၊ ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ဇိအုနတောင်ယေရုရှလင်မြို့၌၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိရလတံ့။

   

Bible

 

ယေဇကျေလ 36

Studie

   

1 တဖန်အချင်းလူသား၊ ဣသရေလတောင်တို့ အား ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အိုဣသရေလ တောင်တို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင် ကြလော့။

2 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူက၊ အေ့ဟေ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ ရောက်ကြပြီဟု သင်တို့တဘက်၌ ဆိုမိသောကြောင့်၊

3 ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့် တော်ကိုဆင့်ဆိုရမည်မှာ၊ သင်တို့သည်ကျန်ကြွင်းသော တပါးအမျိုးသားတို့ သိမ်းယူရာဖြစ်သည်တိုင်အောင်၊ သင်တို့ကိုသုတ်သင်ပယ်ရှင်း၍ ပတ်လည်ကိုက်စားသော ကြောင့်၎င်း၊ သင်တို့သည် လူများပြော ဆိုရာ၊ ကဲ့ရဲ့ရာ ဖြစ်သောကြောင့်၎င်း၊

4 အိုဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားသည် တောင်ကြီး၊ တောင် ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာ၊ သုတ်သင်သောလွင်ပြင်မှစ၍၊ ပတ်လည်၌နေသော တပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူကဲ့ရဲ့၍၊ မြို့သားစွန့်သွားသော မြို့တို့အား မိန့်တော်မူသည်ကား၊

5 အကယ်စင်စစ် ငါ့ပြည်ကိုလုယူစရာဘို့ ပစ်ထား ခြင်းငှါ အလွန်ဝမ်းမြောက်သောစိတ်၊ အငြိုးထားသော စိတ်ရှိ၍၊ ကိုယ်တိုင်လုယူစရာဘို့ စီရင်သော ဧဒုံအမျိုး သားအပေါင်းတို့နှင့် ကျန်ကြွင်းသော တပါးအမျိုးသား တို့တဘက်၌ ငါသည် ဒေါသမီးထွက်၍ ပြောထားပြီ

6 သို့ဖြစ်၍၊ ဣသရေလပြည်ကို ရည်မှတ်၍ ပရောဖက်ပြုလျက်၊ တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေ စီးရာ၊ ချိုင့်ရာတို့အား အရှင်ထာဝရဘုရား၏ အမိန့်တော် ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည်တပါးအမျိုးသားတို့ကဲ့ရဲ့ ခြင်းကိုခံရသောကြောင့်၊ ငါသည် ဒေါသအမျက်ထွက်၍ ပြောပြီ။

7 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် သင်တို့ပတ်လည်၌နေသော တပါးအမျိုး သားတို့သည် ကိုယ်အရှက်ကွဲခြင်းကို ခံရကြလိမ့်မည်ဟု ငါကျိန်ဆိုပြီ။

8 အိုဣသရေလတောင်တို့၊ သင်တို့မူကား၊ အပင် ပေါက်၍ ငါ၏လူဣသရေလအမျိုးသားတို့အဘို့ အသီးကိုသီး ရကြလိမ့်မည်။ သူတို့ ပြန်လာချိန်နီးပြီ။

9 ငါသည်သင်တို့ဘက်၌နေ၍ သင်တို့ရှိရာသို့ ပြန်လာသဖြင့်၊ သင်တို့အပေါ်မှာ လယ်လုပ်၍ မျိုးစေ့ ကြဲကြလိမ့်မည်။

10 သင်တို့အပေါ်မှာ လူများတည်းဟူသော ဣသရေလအမျိုးသား အပေါင်းတို့ကို ငါပြန့်ပွါးစေသဖြင့်၊ သူတို့သည် မြို့များနေ၍ ပျက်စီးသော အရပ်များကို ပြုပြင်ကြလိမ့်မည်။

11 သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါ များပြားစေသဖြင့်၊ သူတို့သည်ပွားများ၍ သားမြေးအစဉ် အဆက်ရှိကြလိမ့်မည်။ နေရင်းအရပ်တို့၌ ငါနေရာချ၍၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည်။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။

12 သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ၏ လူဣသရေလအမျိုးသားတို့သည် သွားလာမည် အကြောင်း ငါပြုမည်။ သူတို့သည် သင်တို့ကို သိမ်းယူ၍ အမွေခံရသဖြင့်၊ နောက်တဖန် သင်တို့ကြောင့် သားမဆုံး ရှုံးရကြ။

13 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းပြည်၊ သင်သည် လူတို့ကို ကိုက်စားတတ်၏။ ကိုယ် အမျိုးသားတို့ကို လုယူဖျက်ဆီးတတ်၏ဟု သူတပါး ဆိုသောကြောင့်၊

14 နောက်တဖန်သင်သည် လူတို့ကို မကိုက်စားရ။ ကိုယ်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။

15 နောက်တဖန် အတိုင်းတိုင်းအပြည်ပြည် ကဲ့ရဲ့ အပြစ်တင်သော စကားကိုမကြားရ။ နောက်တဖန် ကိုယ် အမျိုးသားတို့၌ လုယူဖျပ်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။

16 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

17 အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ပြည်၌နေသောအခါ၊ အလိုအလျောက် ကျင့်ကြံပြုမူ သောအားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ၏။ သူတို့ အကျင့်ဓလေ့သည် ငါ့ရှေမှာဥတုရောက်သော မိန်းမ၏ အညစ်အကြေးကဲ့သို့ ဖြစ်၏။

18 ထိုပြည်၌ လူအသက်ကိုသတ်သောအပြစ်၊ ရုပ်တုတို့နှင့် ညစ်ညူးစေသော အပြစ်ကြောင့်၊ ငါသည် ဒေါသအမျက်ကို သွန်းလောင်းပြီ။

19 အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြားပြန့်လွင့် စေပြီ။ သူတို့ကျင့် ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ။

20 သို့ရာတွင် တကျွန်းတနိုင်ငံသို့ရောက်သောအခါ ဤသူတို့သည် ထာဝရဘုရား၏ လူဖြစ်ကြ၏။ ကိုယ်ပြည် မှ ထွက်သွားရကြ၏ဟု သူတပါးပြောဆိုသဖြင့်၊ ငါ၏နာမ မြတ်ကို ရှုတ်ချသောကြောင့်၊

21 ဣသရေလအမျိုးသားရောက်ရာ တကျွန်း တနိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချသော ငါ၏နာမမြတ်ကို ငါနှမြော၏။

22 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အိုဣသရေလအမျိုး၊ သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည် မဟုတ်။ သင်တို့ရောက်သမျှသောအရပ်တို့၌ လူအမျိုးမျိုးတို့ ရှေ့မှာ ရှုတ်ချသော ငါ၏နာမမြတ်ကိုသာ ထောက်၍ ပြု၏။

23 တပါးအမျိုးသားတို့ အလယ်၌သင်တို့ ရှုတ်ချ သော ငါ၏မဟာနာမတော်ကို ငါချီးမြှောက်မည်။ သူတို့ မျက်မှောက်၌ သင်တို့အားဖြင့် ငါသည် ချီးမြောက်ရာသို့ ရောက်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏။

24 အကြောင်းမူကား၊ သင်တို့ကို အတိုင်းတိုင်း အပြည်ပြည်တို့က ငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သင်တို့ နေရင်းပြည်သို့ပို့ဆောင်မည်။

25 သင်တို့အပေါ်မှာ သန့်ရှင်းသော ရေကို ဖျန်း သဖြင့်၊ သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည်။

26 စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်း။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသားနှလုံးကို ပေးမည်။

27 ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး သဖြင့်၊ သင်တို့သည် ငါ၏တရားလမ်းသို့လိုက်၍၊ ငါစီရင် တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။

28 ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့ သည် နေရ၍ ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။

29 သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါ ကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန်စပါးကို မှာလိုက်၍ များပြားစေမည်။

30 သင်တို့သည် မွတ်သိပ်၍ တပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါများပြားစေမည်။

31 ထိုအခါ သင်တို့သည် ကိုယ်ကျင့်ဘူးသော အကျင့်ဆိုးနှင့် မကောင်းသော အမှုတို့ကို အောက်မေ့၍၊ ကိုယ်ဒုစရိုက်အပြစ်၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံရှာ ကြလိမ့်မည်။

32 သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည် မဟုတ်ဟု သိမှတ်ကြလော့။ အိုဣသရေလအမျိုး၊ ကိုယ်ပြု မိသောအမှုကြောင့် ရှက်ကြောက်လျက်၊ မိန်မောတွေဝေ လျက်နေကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

33 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ဒုစရိုက် အပြစ်ရှိသမျှတို့ကို ငါရှင်းလင်းသောအခါ၊ မြို့များ၌လူနေစေ၍ ပျက်စီးသော အရပ်တို့သည် ပြုပြင် ခြင်းရှိကြလိမ့်မည်။

34 ရှောက်သွားသော သူအပေါင်းတို့၏ မျက် မှောက်၌ စွန့်ပစ်ဘူးသော မြေတွင် တဖန် လယ်လုပ်ကြ လိမ့်မည်။

35 ထိုအခါ သူတပါးတို့က၊ အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ။ သုတ်သင် ပယ်ရှင်းပျက်စီးသော မြို့တို့သည်လည်း ခိုင်ခံ့၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြောကြလိမ့်မည်။

36 ထိုအခါ ပျက်စီးသော အရပ်တို့ကို ငါထာဝရ ဘုရားပြုပြင်ကြောင်းကို၎င်း၊ စွန့်ပစ်သောမြေတွင် လယ် လုပ်ကြောင်းကို၎င်း၊ သင်တို့ပတ်လည်၌နေရစ်သော တပါးအမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါထာဝရ ဘုရားသည် မိန့်မြွက်သည်အတိုင်း ပြုမည်။

37 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးအဘို့ ဤအမှုကို ငါပြုရမည်အကြောင်း၊ သူတို့သည် ငါ့ကိုတောင်းပန်ရကြမည်။ သိုးများပြားသကဲ့သို့ ထိုအမျိုးသားအချင်းတို့ကို များပြားစေမည်။

38 ပျက်စီးသောမြို့တို့သည် သန့်ရှင်းသော သိုးစု တည်းဟူသော၊ ဓမ္မပွဲခံချိန်တွင် ယေရုရှလင်သိုးစုကဲ့သို့ သော လူစုတို့နှင့် ပြည့်စုံ၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။