Bible

 

ကမ္ဘာ ဦး 32

Studie

   

1 ယာကုပ်သည် ခရီးသွားပြန်၍၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် ကြိုဆိုခြင်းငှါ လာကြသည်ကို၊

2 ယာကုပ်မြင်လျှင် ဘုရားသခင်၏ တပ်တော်ဖြစ် သည်ဟု ဆို၍၊ ထိုအရပ်ကို မဟာနိမ်အမည်ဖြင့် မှည့်လေ ၏။

3 ထိုအခါ ယာကုပ်သည်၊ အစ်ကိုဧသောနေရာ ဧဒုံပြည်တည်းဟူသော စိရပြည်သို့၊ တမန်တို့ကို မိမိရှေ့မှာ စေလွှတ်၍ မှာလိုက်သည်ကား၊

4 ကိုယ်တော်၏ကျွန်ယာကုပ်ကကျွန်တော်သည် လာဗန်ထံမှာ တည်းခို၍၊ ယခုတိုင်အောင် နေပါပြီ။

5 ကျွန်တော်၌ နွား၊ မြည်းသိုး၊ ဆိတ်၊ ကျွန် ယောက်ျား မိန်းမများ ရှိကြပါ၏။ ကျွန်တော်သည် သခင်၏ စိတ်တော်နှင့် တွေ့စေခြင်းငှါ၊ လျှောက်ကြားလိုက်ပါ သည်ဟု၊ ငါ့သခင်ဧသောကို လျှောက်ကြဟု မှာလိုက် လေ၏။

6 တမန်တို့လည်း ယာကုပ်ထံသို့ ပြန်လာ၍၊ ကျွန်တော်တို့သည်၊ ကိုယ်တော်၏အစ်ကို ဧသောထံသို့ ရောက်ခဲ့ပါပြီ။ သူသည်ကိုယ်တော်ကို တွေ့ခြင်းငှါ၊ လူ လေးရာနှင့် ချီလာပါသည်ဟု လျှောက်ကြ၏။

7 ထိုအခါ ယာကုပ်သည်၊ အလွန်ကြောက်၍ စိတ်ပူပန်လျှင်၊ မိမိတွင်ပါသော လူစု၊ သိုးဆိတ်စု၊ နွားစု၊ ကုလားအုပ်များတို့ကို နှစ်စုခွဲ၍ ထားလေ၏။

8 အကြောင်းမူကား၊ တစုကို ဧသောတွေ့၍ လုပ်ကြံလျှင်၊ ကြွင်းသော တစုလွတ်လိမ့်မည်ဟု ဆို၏။

9 တဖန် ယာကုပ်က၊ အကျွန်ုပ်အဘ အာဗြဟံ၏ ဘုရားသခင်၊ အကျွန်ုပ်အဘ ဣဇာက်၏ဘုရားသခင်၊ ထာဝရဘုရား ကိုယ်တော်က၊ သင်၏ပြည် သင်၏ အမျိုးသားချင်းတို့ ထံသို့ ပြန်လော့။ ငါသည် သင်၌ကျေးဇူးပြုမည် ဟု မိန့်တော်မူပါပြီ။

10 ကိုယ်တော်ကျွန်၌ ပြတော်မူသော ကရုဏာ သစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤယော်ဒန်မြစ်ကို လက်စွဲ တောင်ဝေးနှင့်သာ ကူးပါ၏။ ယခုမူကား၊ အပေါင်း အသင်းနှစ်စုဖြစ်ပါ၏။

11 သို့ဖြစ်၍၊ အကျွန်ုပ်ကို အစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည် လာ၍ အကျွန်ုပ်ကို၎င်း၊ သားမယားတို့ကို၎င်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။

12 ကိုယ်တော်က၊ ငါသည်သင်၌ အမှတ်ကျေးဇူး ပြု၍၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံး နှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျောက်လေ၏။

13 ထိုအရပ်၌ တဉ့်ပတ်လုံးနေပြီးမှ၊ မိမိလက်ရှိ ဥစ္စာစုထဲက အစ်ကိုဧသောအား လက်ဆောင်ဆက်စရာ ဘို့၊

14 ဆိတ်မနှစ်ရာ၊ ဆိတ်ထီးနှစ်ဆယ်သိုးမနှစ်ရာ၊ သိုးထီးနှစ်ဆယ်

15 နို့စို့သားငယ်နှင့်တကွ၊ နို့ညှစ်ကုလားအုပ်သုံးဆယ်နွားမလေးဆယ်၊ နွားထီးတဆယ်မြည်းနှစ်ဆယ်နှင့် မြည်းကလေး တဆယ်တို့ကို ယူ၍၊

16 အသီးအသီးတစုတခြားစီ ခွဲသန့်လျက်၊ ကျွန်တို့ လက်သို့ အပ်ပြီးလျှင်၊ သင်တို့သည် ငါ့ရှေ့မှာကူးသွား၍၊ တစုနှင့်တစုကို ခရီးကွာစေလော့ဟု၊ ကျွန်တို့အား မှာထားလေ၏။

17 ရှေ့ဦးစွာသွားသောသူကိုလည်း၊ ငါ့အစ်ကို ဧသောသည် သင့်ကိုတွေ့၍၊ သင်ကား၊ အဘယ်သူ၏ လူဖြစ်သည်နည်း၊ အဘယ်အရပ်သို့ သွားသနည်း။ သင့်ရှေ့မှာရှိသော တရိစ္ဆာန်များကား အဘယ်သူ၏ ဥစ္စာ ဖြစ်သနည်းဟု မေးလျှင်၊

18 ကိုယ်တော်ကျွန်ယာကုပ်၏ဥစ္စာဖြစ်ပါ၏။ သခင် ဧသောအား ဆက်သလိုက်သော လက်ဆောင်ဖြစ်ပါ၏။ သူသည်လည်း နောက်မှာ ရှိပါ၏ဟု၊ လျှောက်ရမည်ဟု မှာထားလေ၏။

19 ထိုနည်းတူ၊ ဒုတိယသူ၊ တတိယသူမှစ၍၊ အစုစု တို့နှင့် လိုကသောသူအပေါင်းကိုလည်း၊ သင်တို့သည် ဧသောနှင့်တွေ့လျှင်၊ ဤသို့ လျှောက်ရမည်ဟူ၍၎င်း၊

20 ကိုယ်တော်ကျွန်ယာကုပ်သည်လည်း နောက်မှာ ရှိပါ၏ဟု၊ ကြားလျှောက်ရမည်ဟူ၍၎င်း မှာထားလေ၏။ ယာကုပ်က၊ ယခု ငါ့ရှေ့တွင် ထွက်သွားသော လက် ဆောင်ဖြင့်၊ သူ၏စိတ်ကို ငါဖြေမည်။ နောက်မှ မျက်နှာ ချင်းဆိုင်တွေ့သောအခါ၊ ငါ့ကိုလက်ခံကောင်း လက်ခံ လိမ့်မည်ဟု အကြံရှိသတည်း။

21 ထိုသို့ယာကုပ်ရှေ့မှာ လက်ဆောင်် အရင် ကူးသွား၍၊ သူကိုယ်တိုင် ထိုဉ့်၌ လူအစုအဝေးနှင့်အတူ အိပ်၍ နေ၏။

22 ဉ့်မကုန်မှီမယားနှစ်ယောက်၊ ကျွန်မ နှစ်ယောက်၊ သားတဆယ်နှင့် တယောက်တို့ကို ဆောင်ယူ ၍၊ ယဗ္ဗုတ်ချောင်းရေတိမ်ရာ အရပ်ကိုကူးလေ၏။

23 ထိုသို့ သူတို့ကိုယူ၍ မိမိဥစ္စာရှိသမျှနှင့်တကွ ချောင်းတဘက်သို့ ကူးစေပြီးမှ၊

24 ယာကုပ်သည် တယောက်တည်းနေရစ်၍၊ လူတဦးသည် မိုဃ်းလင်းသည်တိုင်အောင် သူနှင့်လုံးွေး လေ၏။

25 ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင်၊ ယာကုပ် ပေါင်ချန်ကို ထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ ၏။

26 ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုဃ်းလင်းဆဲရှိပြီ ဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင်၊ မသွားရဟုဆို၏။

27 ထိုသူကလည်း၊ သင်၏အမည်ကား အဘယ်သို့ နည်းဟု မေးလျှင်၊ ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။

28 နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ၊ ဣသရေလဟူ၍ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်နှင့်၎င်း၊ လူနှင့်၎င်း၊ မင်းကဲ့သို့ ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။

29 ယာကုပ်ကလည်း၊ နာမတော်ကား အဘယ်သို့ နည်း။ အကျွန်ုပ်အား ဘော်ပြတော်မူပါဟု မေးလျှောက် လျှင်၊ ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ ကောင်းကြီးပေးတော်မူ၏။

30 ထိုအရပ်ကို ပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက် ချမ်းသာပြီဟု ဆိုသတည်း။

31 ဧမနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ၊ နေွက်ချိန်ရှိ၍၊ သူသည် ော့နဲ့သွားလေ၏။

32 ထိုသို့ ယာကုပ်၏ပေါင်ချန်အကြောကြီးကို ထိုးတော်မူသောကြောင့်၊ ဣသရေလအမျိုးသားတို့သည်၊ ပေါင်ချန်၌ရှိသော အကြောကြီးကို ယနေ့တိုင်အောင် မစားရှောင်လေ့ရှိကြ၏။

   

Bible

 

ထွက်မြောက်ရာ 22

Studie

   

1 လူသည် သိုးနွားကိုခိုး၍သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတကောင်အတွက် နွားငါးကောင် ကို၎င်း၊ သိုးတကောင်အတွက် သိုးလေးကောင်ကို၎င်း ပြန်ပေးရမည်

2 သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ်၊ သူတပါးတွေ့၍ သေအောင်သတ်သော်လည်း၊သေစား မသေစေရ။

3 သို့သော်လည်း နေွက်လျှင် သေစားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။

4 သူခိုးလက်၌ ခိုးသောနွား၊ သိုးကို အသက်ရှင်လျှက် အမှန်တွေ့လျှင်၊ နှစ်ပြန်ပေးရမည်

5 သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော်၎င်း၊ မိမိတိရိစ္ဆာန်ကို သူ့လယ်၌ ထိန်းကျောင်းသော်၎င်း၊ မိမိလယ်၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ်၍ ပြန်ပေးရမည်

6 မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်း ရှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လယ်၌ရှိသောအရာတို့ကို လောင်လျှင်၊ မီးရှို့သောသူသည် အမှန်လျော်ရမည်

7 လူတဦးသည် အိမ်နီးချင်းတဦး၌ ရွှေငွေအစရှိသော ဥစ္စတစုံတခုကို အပ်နှံ၍၊ အပ်နှံခံသော သူ၏အိမ်မှ သူခိုးခိုးသွားလျှင်၊ သူခိုးကို တွေ့မိသောအခါ နှစ်ဆလျော်စေ။

8 သူခိုးကို မတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော မယူလောဟု ဘုရားသခင့် ရှေ့တော်၌ အစစ်ခံရမည်။

9 သူ့ဥစ္စာကို ပြစ်မှားသည် အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစ ရှိသော ပျောက်သော ဥစ္စာတစုံတခုကို တွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္ဇာဖြစ်သည်ဟု တစုံတယောက်ဆိုလျှင်၊ အမှုသည် နှစ်ဦးတို့သည် ဘုရားသခင် ရှေ့တော်၌အစစ်ခံရ၍၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည်။

10 လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစုံတခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန် သေသော်၎င်း၊ ထိခိုက်၍နာသော်၎င်း၊ သက်သေမရှိဘဲ သူတပါးမောင်း၍သွားသော်၎င်း၊

11 အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်း မလျော်ရ။

12 သို့ရာတွင် သူတပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အား ပြန်ပေးရမည်

13 သားရဲကိုက်လျှင် သက်သေဘို့ အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။

14 လူသည် အိမ်နီးချင်း၌ တစုံတခုကို ငှါး၍ ဥစ္စာရှင်မပါဘဲ သေသော်၎င်း၊ ထိခိုက်၍ နာသော်၎င်း၊ အမှန်လျော်ရမည်။

15 ဥစ္စာရှင်ပါလျှင်၊ ငှါးသောသူသည် မလျော်ရ။ အခနှင့် ငှါးလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာ တောင်းရမည်။

16 မပေးစားလိုသော အပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍ သင့်နေလျှင်၊ ကန်တော့ဥစ္စာကို ပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။

17 မိန်းမ၏အဘ သဘောမတူမပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည်။

18 စုန်းမကို အသက်ရှင်စေခြင်းငှါ အခွင့်မပေးရ။

19 တိရစ္ဆာန်နှင့်သင့်နေသော သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။

20 ထာဝရဘုရားမှတပါး အခြားသော ဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။

21 ပြည်နိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။

22 မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို သင်တို့သည် မနှောင့်ရှက်ရ။

23 နှောင့်ရှက်ခြင်းတစုံတခုကို ပြု၍ သူတို့သည် ငါ့အား အနည်းငယ်အော်ဟစ်လျှင်၊ ငါသည် ထိုအသံကို အမှန်ကြား၍၊

24 ငါအမျက်ပြင်းစွာ ထွက်လျှက် သင်တို့ကို ထားဘေးဖြင့် ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုတ်ဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။

25 ငါ့လူဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေကို ချေးလျှင်၊ အတိုးစားသော သူကဲ့သို့ သူ၌မပြု၊ အတိုးကို မတောင်းရ။

26 အိမ်နီးချင်းသည် မိမိစောင်ကို သင်၌ ပေါင်ထားလျှင်၊ မိုဃ်းမချုပ်မှီ ပြန်ပေးရမည်။

27 အကြောင်းမူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဘို့ ဖြစ်၏။ သူသည် အဘယ်သို့ အိပ်နိုင်သနည်း။ ငါ့အား အော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသော သဘောရှိ၏။

28 ဘုရားသခင်ကို လွန်ကျူး၍ မပြောရ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကို မကျိန်ဆဲရ။

29 အဦးမှည့်သောအသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဘွားသော သားယောက်ျားကိုလည်း ငါ့အား ဆက်ကပ်ရမည်။

30 ထိုနည်းတူ သိုးနွားတို့ကို ပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူ နေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အား ဆက်ကပ်ရမည်။

31 သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူ ဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကို မစားရခွေးတို့အား ပစ်ပေးရမည်။