Bible

 

ယေဇကျေလ 29

Studie

   

1 သက္ကရာဇ်ဆယ်ခု၊ ဒသမတဆယ်တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်ာ၍၊

2 အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းတဘက်၌မျက်နှာထား၍၊ သူနှင့် အဲဂုတ္တုပြည် တပြည်လုံး တဘက်၌ပရောဖက်ပြုလျက်၊

3 အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ အိုအဲဂုတ္တုရှင်ဘုရင် ဖာရောမင်း၊ ကိုယ်မြစ်များ အလယ်၌နေလျက်၊ ငါ့မြစ်ကို ငါပိုင်၏။ ငါ့အဘို့ ငါ ဖန်ဆင်းပြီဟု ဆိုတတ်သောမိကျောင်းကြီး၊ သင့်တဘက် ၌ ငါနေ၏။

4 သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြတ်၌နေ သော ငါတို့ကို သင့်အကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ် များ အလယ်ထဲကသင့်ကို ငါနှုတ်၍ မြစ်ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့၌ ကပ်ကြလိမ့်မည်။

5 သင်နှင့် သင့်မြစ်၌ရှိသမျှသော ငါတို့ကိုတော၌ ငါပစ်ထားမည်။ လွင်ပြင်၌ကျ၍ နောက်တဖန်စုဝေးခြင်း ကို မပြုရ။ တောသားရဲများ၊ မိုဃ်းကောင်းကင်ငှက်များ စားစရာဘို့ သင့်ကိုငါအပ်၏။

6 ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တု ပြည်သားအပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်း မူကား၊ သင်သည် ဣသရေလအမျိုး၌ ကျူတောင်ဝေး ဖြစ်လေပြီ။

7 သင့်ကိုလက်နှင့် ကိုင်သောအခါ သင်သည် အကိုင်မခံ။ သူတို့ ပခုံးဆစ်ကို ဖြုတ်လေ၏။ သင်နှင့် ကိုယ်ကိုထောက်သောအခါ သင်သည် ကျိုး၍ သူတို့ခါးကို နာစေ၏။

8 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင့်အပေါ်သို့ထားကိုဆောင်ခဲ့၍ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်သဖြင့်၊

9 အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက်၊ ပျက်စီး လျက်ရှိသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ်မည်။ သင်က၊ ငါ့မြစ်ကိုငါ ပိုင်၏။ ငါဖန်ဆင်းပြီ ဟု ဆိုမိသောကြောင့်၊

10 သင်နှင့်သင့်မြစ်တဘက်၌ ငါနေ၏။ အဲဂုတ္တု ပြည်ကို မိဂဒေါလမှ စ၍ သုဏေမြို့တိုင်အောင်၎င်း၊ အဲသယောပိပြည်စွန်းတိုင်အောင်၎င်း၊ ထားနှင့် ဖျက်ဆီး ၍ ဆိတ်ညံစေမည်။

11 အနှစ်လေးဆယ်ပတ်လုံး လူရှောက်၍မသွားရ။ တိရစ္ဆာန်လည်း ရှောက်၍မသွားရ။ အဘယ်သူမျှမနေရ။

12 ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက် ဆီးမည်။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ် ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည်။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပြန်လွင့်စေမည်။

13 သို့ရာတွင်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ အနှစ်လေးဆယ်စေ့သောအခါ၊ ကွဲပြားလျက် နေရသော လူမျိုးတို့မှ အဲဂုတ္တုလူတို့ကို ငါခေါ်၍ စုဝေး စေမည်။

14 သိမ်းသွားခြင်းတို့မရသော အဲဂုတ္တုလူတို့ကို ငါတဖန်ဆောင်ခဲ့၍ သူတို့နေရင်းပြည်၊ ပါသရုပြည်သို့ ပြန်စေမည်။ ထိုပြည်၌ ယုတ်သောနိုင်ငံ ဖြစ်ရလိမ့်မည်။

15 တပါးသော လူမျိုးတို့ကို နောက်တဖန်အစိုးမရ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည်။ တပါး သော လူမျိုးတို့ကို နောက်တဖန် အစိုးမရစေခြင်းငှါ ငါရှုတ်ချမည်။

16 ဣသရေလအမျိုးသားတို့သည် ထိုပြည်သား တို့ကို မြော်လင့်၊ မိမိအပြစ်ကို ငါအောက်မေ့စေသဖြင့်၊ နောက်တဖန် ထိုပြည်သည် သူတို့ ခိုလှုံရာမဖြစ်ရာ။ ငါသည် ထာဝရာဘုရားဖြစ်ကြောင်းကို သိရကြလိမ့် မည်ဟု မိန့်တော်မူ၏။

17 သက္ကရာဇ် နှစ်ဆယ်ခုနစ်ခု၊ ပဌမ တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်ာ၍၊

18 အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည်၊ သူ၏စစ်သူရဲတို့ကို တုရုမြို့တဘက်၌ များစွာ သော အမှုကိုဆောင်ရွက်စေပြီ။ စစ်သူရဲတိုင်းခေါင်းတုံး ပြီ။ ပခုံးလည်းပွန်းပြီ။ သို့ရာတွင်၊ ရှင်ဘုရင်နှင့် စစ်သူရဲ တို့သည် တုရုမြို့တဘက်၌ အမှုဆောင်ရွက်ခကို ထိုမြို့တွင် မခံရကြ။

19 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အဲဂုတ္တုပြည်ကို ဗာဗုလုန် ရှင်ဘုရင်နေဗခဒ်နေဇာ အား ငါပေးမည်။ ထိုမင်သည် ပြည်သားအလုံးအရင်းကို၎င်း၊ လက်ရဥစ္စာအမျိုးမျိုးကို၎င်း၊ သိမ်းယူပြီးလျှင်၊ မိမစစ်သူရဲတို့ အခဘို့ ဝေငှလိမ့်မည်။

20 ငါ့အမှုကို ဆောင်ရွက်သောကြောင့်၊ တုရုမြို့ တဘက်၌ အမှုဆောင်ရွက်ခဘို့ အဲဂုတ္တုပြည်ကို ငါပေးပြီ။

21 ထိုကာလ၌ ဣသရေလမျိုး၏ ချိုကိုအပေါက် စ၍၊ သူတို့အထဲက သင်ဟောပြောရသော အခွင့်ကို ငါပေးမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

   

Bible

 

ယေရမိ 43

Studie

   

1 ထိုလူများတို့၏ ဘုရားသခင်ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့ အားအကုန်အစင်ကြားပြော သည်ရှိသော်၊

2 ဟောရှဲသားအာဇရိနှင့် ကာရာသား ယေဟ နန်အစရှိသော၊ မာနထောင်လွှားသော သူအပေါင်းတို့က၊ သင်သည် မုသာစကားကိုပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။

3 ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန် မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှါ၊ နေရိသားဗာရုတ် သည်သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊

4 ကာရာသားယောဟနန်အစရှိသော တပ်မှူး များနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်နေရမည် ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊

5 အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည်၌ နေအံ့သောငှါ၊

6 ပြန်လာသော ယုဒအမျိုးသားအကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံ တော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိ၌အပ်သော လူအပေါင်းတို့ကို၎င်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကို၎င်း၊ ကာရာ သားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊

7 ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့ သွား၍တာပနက်မြို့သို့ ရောက်ကြ၏။

8 တာပနက်မြို့၌ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား၊

9 သင်သည်ကြီးသော ကျောက်တို့ကို ကိုင်ယူ၍၊ တာပနက်မြို့၌ ဖာရောဘုရင်၏အိမ်တော်ဝနားမှာ ရှိသောအုတ်ဖိုမြေ၌၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့။

10 သူတို့အားလည်း၊ ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ငါသည်လူကိုစေလွှတ်၍၊ ငါ၏ကွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာကိုဆောင်ခဲ့ပြီးလျှင်၊ ငါမြှုပ် ထားသောဤကျောက်တို့အပေါ်မှာ၊ သူ၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း၊ မိမိထဲတော်ကို ဤကျောက် တို့အပေါ်မှာ ဖြန့်လိမ့်မည်။

11 ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တု ပြည်ကိုလုပ်ကြံ၍၊ သေတန်သော သူတို့ကို သေခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထား ခြင်းသို့၎င်း အပ်လိမ့်မည်။

12 အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည် သူသည် လည်း၊ ထိုဘုရားတို့ကိုမီးရှို့၍ သိမ်းသွားချုပ်ထားလိမ့် မည် သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့၊ ထိုမင်း သည် အဲဂုတ္တုပြည်ကိုဝတ်၍ ငြိမ်ဝပ်စွာ ထွက်သွား လိမ့်မည်

13 အဲဂုတ္တုပြည်ဗက်ရှေမက်မြို့၌၊ ရုပ်တုဆင်းတု များကို ချိုးဖျက်၍၊ အဲဂုတ္တုဘုရားအိမ်များကို မီးရှို့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏