Bible

 

ထွက်မြောက်ရာ 6

Studie

   

1 ထာဝရဘုရားကလည်း၊ ငါသည် ဖါရောမင်း၌ အဘယ်သို့ပြုမည်ကို သင်သည် ယခုသိလိမ့်မည်။ သူသည် ကြီးစွာသောတန်ခိုးကို တွေ့မြင်၍၊ ငါ၏လူတို့ကို လွှတ်ရလိမ့်မည်။ ကြီးစွာသော တန်ခိုးကို တွေ့မြင်၍ သူတို့ကို မိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။

2 တဖန်ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူသည်ကား၊ ငါသည် ထာဝရဘုရားဖြစ်၏။

3 ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား၊ အနန္တတန်ခိုးရှင်၊ ဘုရားသခင်နာမနှင့် ထင်ရှားသော် လည်း၊ ထာဝရဘုရားနာမအားဖြင့် သူတို့သည် ငါ့ကို မသိကြ။

4 သူတို့သည် အရပ်ရပ်လည်၍၊ ဧည့်သည်နေရာပြည်ခါနာန်ပြည်ကို သူတို့အား ပေးခြင်းငှါ၊ သူတို့နှင့်ငါပြုသောပဋိညာဉ်ကို ငါတည်စေပြီ။

5 အဲဂုတ္တုလူတို့သည် အစေကျွန်ခံစေသော ဣသ ရေလအမျိုးသားတို့၏ ညဉ်းတွားမြည်တမ်းခြင်းအသံကို ငါကြားရပြီ။ ငါပဋိညာဉ်ကိုလည်း ငါအောက်မေ့၏။

6 ထိုကြောင့် ဣသရေလအမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါသည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်၍၊ သူတို့၏ ညှဉ်းဆဲခြင်းထဲက နှုတ်ယူမည်။ လက်ဆန့်ခြင်း၊ ကြီးစွာသော ဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကို ငါရွေးမည်။

7 ငါ၏လူမျိုးဖြစ်စေခြင်းငှါ၊ သင်တို့ကို ငါသိမ်းယူမည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။ ငါသည်သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိကြလိမ့်မည်။

8 ငါသည်လည်း၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ အားပေးမည်ဟု ကျိန်ဆိုသောပြည်သို့ ငါပို့ဆောင်၍၊ အမွေခံစရာဘို့ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။

9 ထိုသို့မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုသော်လည်း၊ သူတို့သည် အလွန်စိတ်ပင်ပန်း ၍ ကြမ်းတမ်းစွာ ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ မောရှေစကားကိုနားမထောင်ဘဲနေကြ၏။

10 ထာဝရဘုရားကလည်း၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံသို့ဝင်၍၊

11 သူသည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်ရမည်အကြောင်း ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။

12 မောရှေကလည်း၊ ဣသရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲ နေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကို မခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖါရောမင်းသည် အဘယ်သို့ နားထောင်ပါမည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။

13 သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ရမည် အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့၎င်း၊ အဲဂုတ္တုရှင်ဘုရင် ဖါရော မင်းထံသို့၎င်း စေခိုင်းမှာထားတော်မူ၏။

14 ဣသရေလအဆွေအမျိုးသူကြီးတို့၏ အမည်ဟူမူကား၊ ဣသရေလသားဦးရုဗင်သားကား၊ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိတည်း။ ဤသူတို့သည် ရုဗင်အမျိုးအနွယ်ဖြစ်၏။

15 ရှိမောင်သားကား၊ ယမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုးသမီး မိန်းမ၏သား ရှောလတည်း။ ဤသူတို့သည် ရှိမောင်အမျိုးအနွယ်ဖြစ်၏။

16 လေဝိသား အဆွေအမျိုးအလိုက်ဟူမူကား၊ ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ လေဝိအသက်သည် အနှစ်တရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။

17 ဂေရရှုံသားအဆွေအမျိုးအလိုက် ဟူမူကား၊ လိဗနိနှင့် ရှိမိတည်း။

18 ကောဟတ်သားကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ ကောဟတ်အသက်သည် အနှစ်တရာသုံးဆယ်သုံးနှစ်ရှိသတည်း။

19 မေရာရိသားကား၊ မဟာလိနှင့် မုရှိတည်း။ ဤသူတို့သည် လေဝိအဆွေအမျိုးအသီးအသီးဖြစ်သတည်း။

20 အာမရံသည် မိမိအရီးယောခေဗက်နှင့် ုံဘက်၍၊ သူသည် အာရုန်နှင့်မောရှေကို၎င်း၊ သူတို့အ်မ မိရိအံကို၎င်း ဘွားလေ၏။ အာမရံအသက်သည် အနှတရာ သုံးဆယ်ခုန်နှ်ရှိသတည်း။

21 ဣဇဟာသားကား၊ ကောရ၊ နေဖက်၊ ဇိခရိတည်း။

22 ဩဇေလသားကား၊ မိရှေလ၊ ဧလဇာဖန်၊ သိသရိတည်း။

23 အာရုန်သည် အမိနဒပ်သမီး၊ နာရှုန်နှမ ဧလိရှဘနှင့် ုံဘက်၍၊ သူသည် နာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ကို ဘွားလေ၏။

24 ကောရသားကား၊ အဿိရ၊ ဧလကာန၊ အဗျာသပ်တည်း။ ဤသူတို့သည် ကောရအဆွေအမျိုး ဖြစ်သ တည်း။

25 အာရုန်သား ဧလဇာသည် ပုတျေလသမီး တယောက်နှင့်ုံဘက်၍၊ သူသည် ဖိနဟတ်ကိုဘွားလေ၏။ ဤသူတို့သည် လေဝိအမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုးသူကြီး ဖြ်ကြသတည်း။

26 ထာဝရဘုရားက ဣသရေလအမျိုးသား ဗိုလ်ပါတို့ကို အဂုတ္တုပြည်မှ နှုတ်ဆောင်လော့ဟု မိန့်တော်မူ သောစကားကို ခံသောသူ၊

27 ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခြင်းငှါ၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံ၌ လျှောက်ရသောသူတို့သည်၊ ထိုအာရုန်နှင့်မောရှေ ဖြစ်သတည်း။

28 အဲဂုတ္တုပြည်မှာ ထာဝရဘုရားသည်၊ မောရှေအား ဗျာဒိတ်ထားတော်မူသောနေ့ရက်၌လည်း၊

29 ငါသည် ထာဝရဘုရားဖြစ်၏။ ငါမှာလိုက်သမျှတို့ကို၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းအား ပြန်ပြောရမည် ဟု မောရှအား ထာဝရဘုရား မိန့်တော်မူ၏။

30 မောရှေကလည်း၊ အကျွန်ုပ်သည် အရေဖျားလှီးခြင်းကို မခံသောနှုတ်ရှိသည်ဖြစ်၍၊ ဖါရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။

   

Bible

 

၁ ရာဇဝင်ချုပ် 15

Studie

   

1 ထိုနောက်ဒါဝိဒ်မြို့အိမ်တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင်၏ သေတ္တာတော်ဌာနကို ပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊

2 ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကို ထမ်း၍ ရှေ့တော်၌ အမှုတော်ကို အစဉ်စောင့်စေခြင်းငှါ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူ သောကြောင့်၊ အခြားတပါးသော သူတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊

3 ထာဝရဘုရား၏ သေတ္တာတော်အဘို့ ပြင်ဆင် သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ဣသရေလအမျိုး သားအပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊

4 အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊

5 ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလ နှင့် သူ၏ညီအစ်ကိုတရာနှစ်ဆယ်

6 မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယ နှင့်သူ၏ညီအစ်ကိုတရာနှစ်ဆယ်

7 ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ၏ညီအစ်ကို တရာသုံးဆယ်

8 ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယ နှင့်သူ၏ညီအစ်ကိုနှစ်ရာ

9 ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလ နှင့် သူ၏ညီအစ်ကိုရှစ်ဆယ်

10 ဩဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ် နှင့်သူ၏ညီအစ်ကို တရာတဆယ်နှစ်ယောက်တည်း။

11 ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာ၊ လေဝိသား ဩရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကို ခေါ်၍၊

12 သင်တို့သည် လေဝိသားအဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သော အရပ် ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို၎င်း၊ ညီအစ်ကိုတို့ ကို၎င်း၊ သန့်ရှင်းစေကြလော့။

13 အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။

14 ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသား တို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ၏သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်းစေ ကြ၏။

15 ထာဝရဘုရားအမိန့်တော်နှင့်အညီ မောရှေ မှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းဘိုးဖြင့် ထမ်းကြ ၏။

16 လေဝိသားအကြီးအကဲတို့သည် စောင်းတယော၊ ခွက်ကွင်းအစရှိသော တုရိယာမျိုးနှင့် သီချင်းဆိုတတ် သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိ သည်အတိုင်း၊

17 ထိုလေဝိသားတို့သည် ယောလသားဟေမန်၊ သူ၏ညီစုထဲက ဗေရခိသားအာသပ်၊ မိမိတို့ညီစု၊ မေရာရိ အမျိုးထဲက ကုရှာယသားဧသန်တို့ကို၎င်း၊

18 မိမိတို့ညီဒုတိယအရာရှိဖြစ်သော ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကို၎င်း ခန့်ထားကြ၏။

19 သီချင်းဆရာဟေမန်၊ အာသပ်၊ ဧသန်တို့သည် ကြေးဝါခွက်ကွင်းကို တီးရကြ၏။

20 ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယတို့သည် အာလမုတ် တယောကို ထိုးရကြ၏။

21 မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်း ကို တီးရကြ၏။

22 လေဝိသားအကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ်၌ လေ့ကျက်သောကြောင့် သီချင်း ဆရာကြီးဖြစ်၏။

23 ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါး စောင့်ဖြစ်၏။

24 ယဇ်ပုရောဟိတ်ရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏ သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ၏။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါး စောင့်ဖြစ်၏ ။

25 ထိုသို့ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုးအသက် ကြီးသူ၊ လူတထောင်အုပ်တို့သည် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို၊ ဩဗဒေဒုံအိမ်မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင်ခဲ့ခြင်းငှါ သွားကြ၏။

26 ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို ထမ်းသော လေဝိသားတို့ကို ဘုရားသခင် မစတော် မူသည်ဖြစ်၍၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ် ကောင်တို့ကို ယဇ်ပူဇော်ကြ၏။

27 ဒါဝိဒ်နှင့် သေတ္တာတော်ကို ထမ်းသော လေဝိ သားများ၊ သီချင်းဆရာခေနနိနှင့် သီချင်းဆိုသူများတို့ သည် ပိတ်ချောကိုဝတ်ကြ၏။ ဒါဝိဒ်သည် ပိတ်သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။

28 ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယောစောင်းတို့ကို တီးမှုတ်လျက်၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။

29 ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည်။ ဒါဝိဒ်မြို့နထဲသို့ဝင်သောအခါ၊ ရှောလု၏ သမီးမိခါလ သည် ပြတင်းပေါက်ကကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ကလျက်တီးမှုတ်လျက်လာသည်ကို မြင်သဖြင့် စိတ်နှလုံး ထဲ၌ မထီမဲ့မြင်ပြု၏။