La Biblia

 

ယေရမိ 39

Estudio

   

1 ယုဒရှင်ဘုရင် ဇေဒကိမင်းကြီးနန်းစံကိုးနှစ် ဒသမတွင်၊ ဗာဗုုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗို်ခြေအပေါင်းတို့နှင့်တကွ လာယေရုရှလင်မြို့ကို ဝိုင်းထားကြ၏။

2 ဇေဒကိမင်းကြီးနန်းစံဆယ်တနှစ်၊ စတုတ္ထ ကိုးရက်နေ့၌ မြို့ကို ဖြိုဖေါက်၍၊

3 ရွှေထားဝန်နေရဂါလရှရေဇာ၊ မိန်းမစိုးအုပ်စာ သခိမ်၊ မာဂုပညာ ရှိအုပ်နေရဂါလရှရေဇာတည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အစရှိသော မှူးတော် မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ထိုင်ကြ၏။

4 ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်း တို့သ် ထိုလူများကို မြင်လျှင်၊ ဉ့်အခါပြေး၍ ဥယျာဉ် တော်လမ်းကို လိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။

5 ခါလဒဲစစ်သူရဲတို့သည် လိုက်လျက်၊ ယေရိခေါ လွင်ပြင်၌ဇေဒကိ မင်းကိုမှီ၍ ဘမ်းဆီးပြီးမှ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှုကို စစ်ကြောစီရင်၍၊

6 ရိဗလမြို့မှာ ဇေဒကိသားတို့ကို အဘ မျက် မှောက်၌ သတ်လေ၏။ ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ၏။

7 ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကိုကြေးဝါ ကြိုးနှင့် ချည်နှောင်လေ၏။

8 ခါလဒဲလူတို့သည်လည်း၊ နန်းတော်နှင့် ဆင်းရဲ သားအိမ်တို့ကို မီးရှို့၍၊ မြို့ရိုးကို ဖြိုဖျက်ကြ၏

9 ထိုအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ ကူးသွား နှင့်သောသူ၊ ကျန်ကြွင်းသမျှသော သူတို့ကိုဗာဗုလုန်မြို့သို့ သိမ်းသွားလေ၏။

10 သို့ရာတွင်၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒပြည်၌ထားခဲ့၍၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ၏။

11 ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရမိ အမှု၌၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့် သည်ကား၊

12 ယေရမိကိုယူ၍ ကောင်းမွန်စွာ ကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့်အညီ၊

13 ကိုယ်ရံတော်မှူးနေဗုဇာရဒန်၊ မိန်းမစိုးအုပ် နေဗုရှာဇဗန်၊ မာဂုပညာရှိအုပ်နေရဂါလရှဓရဇာအစ ရှိသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အပေါင်းတို့သည် လူကိုစေလွှတ်၍၊

14 ယေရမိကိုထောင်ဝင်းထဲက နှုတ်ယူပြီးလျှင်၊ သူ၏နေရာသို့ ပို့ဆောင်စေခြင်းငှါ၊ ရှာဖန်သားဖြစ်သော အဟိကံ၏သားဂေဒလိ၌ အပ်ကြ၏။ သို့ဖြစ်၍၊ ယေရမိ သည် ပြည်သားများနှင့်အတူ နေရလေ၏။

15 ယေရမိသည်ထောင်ဝင်းထဲမှာ အချုပ်ခံရသော အခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်၍၊

16 သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကို ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ဤမြို့၏အကျိုးကိုမပြုစု၊ ဖျက်ဆီးခြင်းငှါ ငါ့စကားကို ငါတည်စေမည်။ ကာလအချိန်ရောက်လျှင်၊ သင့်ရှေ့၌ ငါ့စကားပြည့်စုံလိမ့်မည်။

17 သို့သော်လည်း၊ ထိုကာလ၌သင့်ကို ငါကယ်နှုတ် မည်။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ။

18 ငါသည် သင့်ကို စင်စစ်ကယ်နှုတ်မည်။ သင်သည် ထားဖြင့် မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ် အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကိုကိုးစားသော ကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

   

La Biblia

 

၁ ရာဇဝင်ချုပ် 5

Estudio

   

1 ရုဗင်သည် ဣသရေလ၏ သားဦးဖြစ်သော် လည်း၊ အဘအိပ်ရာကို ညစ်ညူးစေသောကြောင့်၊ သားဦး အရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ၏သားဖြစ်သော ယောသပ်၏ သားတို့အား ပေးသည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦးအရာကို လိုက်၍ မမှတ်ရ။

2 ယုဒသည်လည်း ညီအစ်ကိုတို့တွင် လွန်ကဲ၍ သူ၏အမျိုးထဲက မင်းဖြစ်တတ်သော်လည်း၊ သားဦးအရာ ကိုမရ၊ ယောသပ်ရ၏။

3 ဣသရေလ၏ သားဦးရုဗင်သားကား ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတည်း။

4 ယောလသားကား ရှေမာယ၊ ရှေမာယသား ဂေါဂ၊ ဂေါဂသား ရှေမိ၊

5 ရှေမိသားမိက္ခ၊ မိက္ခသားရာယ၊ ရာယသား ဗာလတည်း။

6 ဗာလသားကား၊ အာရှုရိရှင်ဘုရင် တိဂလတ် ပိလေသာ သိမ်းသွားသော ရုဗင်အမျိုး မင်းဗေရာတည်း။

7 သူ၏ညီ ယေယေလနှင့် ဇာခရိတို့သည်လည်း၊ သားစဉ်မြေးဆက် စာရင်းယူသောအခါ အဆွေအမျိုး သူကြီးဖြစ်သတည်း။

8 ထိုအတူ ယောလ၊ ရှေမ၊ အာဇတ်တို့မှ ဆင်း သက်သော ဗေလသည်လည်းမင်းဖြစ်လျက်၊ အာရော်မြို့ မှစ၍ နေဗောမြို့၊ ဗာလမောင်မြို့တိုင်အောင် နေရာ ကျယ်၏။

9 ဂိလဒ်ပြည်၌ သိုးနွားများပြားသောကြောင့်၊ အရှေ့မျက်နှာ၌ ဥဖရတ်မြစ်နှင့်ဆိုင်သော တောဝင်ဝ တိုင်အောင် နေရာကျယ်၏။

10 ရှောလုမင်းလက်ထက် ဟာဂရအမျိုးသားတို့ကို စစ်တိုက်၍ လုပ်ကြံသဖြင့်၊ ဂိလဒ်ပြည်အရှေ့ပိုင်း တရှောက်လုံးတွင် ဟာဂရ၏နေရာကို ယူရနေရာကျကြ ၏။

11 သူတို့တဘက်တချက်၊ ဗာရှန်ပြည်တွင် သလကာမြို့တိုင်အောင် ဂဒ်အမျိုးသားတို့သည် နေရာ ကျကြ၏။

12 ဗာရှန်ပြည်၌ အကြီးအကဲကား ယောလ၊ ထိုနောက် ရှာဖံ၊ ယာနဲ၊ ရှာဖတ်တည်း။

13 သူတို့အဆွေအမျိုးချင်း ပေါက်ဘော်တော်သော သူကားမိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာ၊ ယေဗာ၊ ပေါင်းခုနစ်ယောက်တည်း။

14-15 ထိုသူတို့သည် ဂုနိ၊ အာဗဒျေလ၊ ဗုဇာတိ၊ ယာဒေါ၊ ယေရှိရှဲ၊ မိက္ခေလ၊ ဂိလဒ်၊ ယာရော်၊ ဟုရိ၊ အဘိဟဲလအမျိုးအနွယ်ဖြစ်သတည်း။ ဂုနိကား ထိုအဆွေ အမျိုး၏ သူကြီဖြစ်၏။

16 သူတို့သည် ဂိလဒ်ပြည်၊ ဗာရှန်ပြည်မြို့ရွာ၊ ရှာရုန်မြို့ပတ်လည်ပြည်စွန်းတိုင်အောင် နေရာကျကြ၏။

17 ဤသူအပေါင်းတို့သည် ယုဒရှင်ဘုရင် ယောသံ နှင့် ဣသရေလရှင်ဘုရင် ယေရောဗောင်လက်ထက် သားစဉ်မြေးဆက် စာရင်းဝင်ကြ၏။

18 ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တွင် ဒိုင်းနှင့် ထားကို ကိုင်၍ လေးနှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကို လေ့ကျက်၍ စစ်ချီတတ်သော စစ်သူရဲပေါင်း ကား၊ လေးသောင်းလေးထောင်ခုနစ်ရာခြောက်ဆယ် တည်း။

19 ထိုသူတို့သည် ဟာဂရအမျိုးသားတို့နှင့် စစ်တိုက် ကြ၏။

20 စစ်တိုက်သောအခါ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်းသောကြောင့်၊ ဘုရားသခင် မစတော် မူခြင်းကျေးဇူးအားဖြင့်၊ ဟာဂရလူတို့နှင့် သူတို့ဥစ္စာ ရှိသမျှကိုရကြ၏။

21 ကုလားအုပ်ငါးထောင်၊ သိုးနှစ်သိန်းငါးသောင်း၊ မြည်းနှစ်ထောင်၊ လူတသိန်းတို့ကိုသိမ်းယူကြ၏။

22 ဘုရားသခင့်အခွင့်နှင့် စစ်တိုက်သောကြောင့်၊ ရန်သူအများတို့သည် လဲသေကြ၏။ ဣသရေလလူတို့ သည် သိမ်းသွားခြင်းအမှုမရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ၌ နေရာကျကြ၏။

23 မနာရှေအမျိုးတဝက်သည်၊ ထိုပြည်တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန်မြို့၊ စနိရမြို့၊ ဟေရမုန်တောင် တိုင်အောင် ပွားများလျက်နေ၏

24 အဆွေအမျိုးသူကြီးများဟူမူကား၊ ခွန်အား ကြီး၍ ကျော်စောသော စစ်သူရဲဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလတည်း။

25 သို့ရာတွင် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ပြစ်မှား၍၊ မိမိတို့ရှေ့မှာ ဘုရားသခင်ဖျက်ဆီးတော်မူသောပြည်သား တို့ ဘုရားများနှင့် မှားယွင်းကြ၏။

26 သို့ဖြစ်၍ ဣသရေလအမျိုး၏ ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ပုလနှင့်ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ်ကို နှိုးဆော်တော်မူသဖြင့်၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန်မြစ်နား၊ ဟေလမြို့၊ ဟာဗော်မြို့၊ ဟာရမြို့သို့ သိမ်းသွား၍ ယနေ့တိုင်အောင် နေရာချထား၏။