1
တဖန် ထာဝရဘုရား သည် မောရှေအား မိန့်တော်မူသည်ကား၊
2
သင်သည် ဣသရေလအမျိုးသား တို့အား ဆင့် ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလ ဆယ်နှစ် မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံ ဆယ် နှစ် ချောင်းတို့ကို ယူ၍၊ လူ တိုင်းအမည်ကို သူ့လှံတံ ပေါ်မှာ ရေး ထားလော့။
3
လေဝိ အမျိုး၏လှံတံ ပေါ်မှာ အာရုန်အမည်ကို ရေး ထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတဦးလျှင် လှံတံ တချောင်းစီရှိရမည်။
4
ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာ အရပ်၊ ပရိသတ် စည်းဝေးရာ တဲ တော်အတွင်း၊ သက်သေခံချက်ရှေ့မှာ တင်ထားလော့။
5
ငါရွေးကောက်သောသူ၏ လှံတံ သည် အပွင့် ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသား တို့သည် သင်၌ အပြစ်တင်၍ မြည်တမ်း ခြင်းကို နောက်တဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊
6
မောရှေသည် ဣသရေလအမျိုးသား တို့အား ဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုး အလိုက်၊ မင်းတဦးလျှင် လှံတံ တချောင်းစီ လှံတံ ဆယ်နှစ် ချောင်းတို့ကို ပေး ကြ၏။ အာရုန်၏လှံတံ သည် လှံတံ များ ၌ ပါသတည်း။
7
မောရှေသည် ထိုလှံတံ တို့ကို သက်သေခံချက် တဲ တော်အတွင်း၊ ထာဝရဘုရား ရှေ့တော်၌ တင်ထား လေ၏။
8
နက်ဖြန်နေ့၌ သက်သေခံချက်တဲ တော်အတွင်း သို့ မောရှေဝင်သော အခါ၊ လေဝိ အမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံ သည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့် လျက်၊ ဗာတံသီးကို သီးလျက်ရှိ၏။
9
မောရှေသည် လှံတံ ရှိသမျှတို့ကို ထာဝရဘုရား ထံတော်က ဣသရေလအမျိုးသား တို့ ရှေ့သို့ ထုတ်ဆောင် သဖြင့်၊ သူတို့သည် ကြည့်ရှု၍၊ လူ တိုင်း မိမိလှံတံ ကို ယူပြန် လေ၏။
10
ထာဝရဘုရား ကလည်း၊ ပုန်ကန်သောသူတို့ တဘက်၌ သက်သေဖြစ်စေခြင်းငှါ၊ အာရုန်၏ လှံတံ ကို သက်သေခံချက်ရှေ့၌ ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့ သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ သူတို့ အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု၊
11
မောရှေအား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ပြုလေ၏။
12
ဣသရေလအမျိုးသား တို့ကလည်း၊ အကျွန်ုပ်တို့ သည် သေကြေပျက်စီးကြပါ၏။ တယောက်မျှမကြွင်း ပျက်စီးရကြပါ၏။
13
ထာဝရဘုရား ၏ တဲတော်ကို ချဉ်းကပ်သော သူ တိုင်း သေပါလိမ့်မည်။ အကျွန်ုပ်တို့ ရှိသမျှသည် သေဘေး သင့်၍ ဆုံးရှုံးခြင်းသို့ ရောက်ရကြပါဦးမည်လောဟု မောရှေအား လျှောက်ဆိုကြ၏။