Bibliorum

 

ယေဇကျေလ 33

Study

   

1 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊

2 အချင်းလူသား၊ သင်၏ အမျိုးသားအချင်းတို့ အား ဟော်ပြော၍ ဆင့်ဆိုရမည်မှား၊ ငါသည် တစုံတခု သောပြည်သို့ ထားဘေးရောက်စေသောအခါ၊ ပြည်သား တို့သည် ပြည်သားတယောက်ကို ယူ၍ ကင်းစောင့် ထားပြီးမှ၊

3 ထိုသူသည် ထားဘေးရောက်သည်ကို မြင်လျက် တံပိုးမှုတ်၍ သတိပေးသော်လည်း၊

4 တစုံတယောက်သောသူသည် တံပိုးမှုတ်သံကို ကြားလျက်နှင့် အမှုမထား၊ ထားဘေးရောက်၍ သူ၏ အသက်ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရမည်။

5 တံပိုးမှုတ်သံကိုကြား၍ အမှုမထားသောကြောင့်၊ ကိုယ်အသက် ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်။ အမှုထားသောသူမူကား၊ ကိုယ်အသက်ကို ကယ်တင် လိမ့်မည်။

6 သို့မဟုတ် ကင်းစောင့်ထားသောသူသည် ထားဘေး ရောက်ကြောင်းကိုမြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့ အား အသိမပေးသောကြောင့် ထားဘေးရောက်၍ တစုံတယောက်သောသူ အသက်ဆုံးလျှင်၊ ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သူ၏အသက် ကို ကင်းစောင့်သောသူ၌ ငါတောင်းမည်။

7 ထိုအတူ၊ အချင်းလူသား၊ သင့်ကိုဣသရေလ အမျိုး၌ ကင်းစောင့်စေခြင်းငှါ ငါခန့်ထားသောကြောင့်၊ သင်သည်ငါ၏ နှုတ်ထွက်စကားကို နာခံ၍ သူတို့ကို သတိပေးရမည်။

8 ငါသည် လူဆိုးအား၊ အိုလူဆိုး၊ အကယ်စင်စစ် သင်သည် အသေခံရမည်ဟုဆိုသောအခါ ဆိုးသောသူကို သူ၏လမ်းမှ လွှဲစေခြင်းငှါ သင်သည် သတိမပေးလျှင်၊ ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင်၊ သူ၏အသက်ကိုသင်၌ ငါတောင်းမည်။

9 သို့မဟုတ်။ လူဆိုးကိုသူ၏ လမ်းမှလွှဲစေခြင်းငှါ သင်သည် သတိပေး၍ သူသည်မလွှဲဘဲနေလျှင်၊ မိမိ အပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သင်သည် ကိုယ် အသက်ကို ကယ်တင်ပြီ။

10 သို့ဖြစ်၍၊ အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အား ဟောပြောရမည်မှား၊ ငါတို့သည် ကိုယ်ပြုမိသော ဒုစရိုက်အပြစ်ကို ခံရသဖြင့် အားလျော့ သည်ဖြစ်၍၊ အဘယ်သို့ အသက်ရှင်နိုင်ပါမည်နည်းဟု သင်တို့ဆိုကြသော်၊

11 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေ ခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုသော လမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလအမျိုးသားတို့၊ သင်တို့လိုက် သောလမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ် ကြောင့်အသေခံလိုကြသနည်း။

12 သို့ဖြစ်၍၊ အချင်းလူသား၊ သင်၏အမျိုးသား ချင်းတို့အား ဟောပြောရမည်မှာ၊ ဖြောင့်မတ်သော သူသည် ဖေါက်ပြန်လျှင်၊ အရင်ဖြောင့်မတ်ခြင်း အမှုသည် သူ့ကို ကယ်တင်ရမည်မဟုတ်။ ဆိုးသောသူသည် ဆိုးသောအမှုကိုရှောင်လျှင်၊ အရင်ဆိုးသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်မဟုတ်။ ဖြောင့်မတ်သော သူသည်ပြစ်မှားသောနေ့၌ အသက်ရှင်ရသော အခွင့် မရှိရ။

13 ဖြောင့်မတ်သောသူသည် စင်စစ်အသက်ရှင်ရ လိမ့်မည်ဟု ငါဆိုသော်လည်း၊ သူသည် မိမိဖြောင့်မတ် ခြင်းကို ကိုးစား၍ ဒုစရိုက်ကိုပြုမိလျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုတစုံတခုကိုမျှ မအောက်မေ့ရ။ ပြုမိသော ဒုစရိုက်ကြောင့် အသေခံရလိမ့်မည်။

14 တဖန်ဆိုးသော သူအား သင်သည် စင်စစ် အသေခံရလိမ့်မည်ဟု ငါဆိုသော်လည်း၊ ထိုသူသည် မိမိဒုစရိုက်ကို ရှောင်၍၊ တရားသောအမှု၊ ဖြောင့်မတ် သောအမှုကို ပြုလျက်၊

15 ပေါင်ထားသောဥစ္စာကို မသိုထား၊ လုယူသော ဥစ္စာကို ပြန်ပေးလျက်၊ အဓမ္မအမှုကို မပြုဘဲအသက် ရှင်ရာပညတ်တရားလမ်းသို့လိုက်လျှင်၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်။

16 ပြုမိသော ဒုစရိုက်အပြစ်တစုံတခုကိုမျှ သူ၌ မတင်။ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုသောကြောင့် စင်စစ်အသက်ရှင်ရလိမ့်မည်။

17 သို့သော်လည်း၊ သင်၏အမျိုးသားချင်းတို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်ဖြစ်၍၊ သူတို့စီရင်ချက်မဖြောင့်ပါတကား။

18 ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းကို စွန့်၍ ဒုစရိုက်ကိုပြုမိလျှင်၊ ထိုဒုစရိုက်အပြစ်ကြောင့် အသေခံရလိမ့်မည်။

19 ဆိုးသောသူမူကား၊ မိမိဒုစရိုက်ကိုရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် အသက်ရှင်ရလိမ့်မည်။

20 သို့သော်လည်း၊ သင်တို့က၊ ထာဝရဘုရား စီရင် ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုးသားတို့၊ သင်တို့ အသီးသီးပြုကြသည်အတိုင်း ငါစီရင်မည်ဟုမိန့်တော်မူ၏။

21 သိမ်းသွားရာ သက္ကရာဇ်တဆယ်နှစ်ခု၊ ဒသမ ငါးရက်နေ့တွင်၊ ယေရုရှလင်မြို့မှ ပြေး၍ွတ်သော သူတယောက်သည် ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုုပ်ကြံပြီ ဟု သိတင်းကြားပြော၏။

22 ထိုသူမရောက်မှီ ညဦးမှစ၍ သူရောက်သော နံနက်အချိန်တိုင်အောင်၊ ထာဝရဘုရားသည် လက်တော် ကို ငါ့အပေါ်၌တင်၍ ငါ့နှုတ်ကိုဖွင့်တော်မူသဖြင့်၊ ငါသည် စကားမပြောဘဲနေရသော အချိန်လွန်၍ ဟောပြောရ၏။

23 ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊

24 အချင်းလူသား၊ ပျက်စီးသော ဣသရေလပြည်နေသေးသော သူတို့က၊ အာဗြဟံသည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည်ကို အမွေခံရ၏။ ငါတို့မူကား အများဖြစ်ကြ၏။ ငါတို့အမွေခံရာဘို့ ပေးတော်မူပြီဟု ဆိုကြသော်၊

25 သင်သည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သွေးနှင့်တကွ အမဲသားကို စားလျက်၊ ရုပ်တုတို့ကို ဖူးမြော်လျက်၊ လူအသက်ကိုလည်း သက်လျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။

26 ထားကို ခိုလှုံလျက်၊ စက်ဆုပ်ဘွယ်သော အမှုကို ပြုလျက်၊ အိမ်နီးချင်းမယားကို ပြစ်မှားလျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။

27 တဖန်အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါအသက်ရှင်သည်အတိုင်း၊ ပျက်စီး သော အရပ်၌နေသော သူတို့သည် ထားဖြင့် လဲ၍ သေရ ကြလိမ့်မည်။ လွင်ပြင်၌ရှိသော သူတို့ကို ငါသည်သားရဲ ၌အပ်၍ ကိုက်စားစေမည်။ ရဲတိုက်ဥမင်၌ရှိသော သူတို့ သည် ကာလနာနှင့် သေရကြလိမ့်မည်။

28 ပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသဖြင့်၊ သူ့အစွမ်းသတ္တိ၏ ဂုဏ်အသရေကုန်၍၊ အဘယ်သူမျှ မရှောက်မသွားရေအောင်၊ ဣသရေလတောင်တို့သည် လူဆိတ်ညံလျက် ရှိရကြလိမ့်မည်။

29 ပြည်သားတို့သည် ပြုမိသောစက်ဆုပ်ဘွယ် အမှုအလုံးစုံတို့ကြောင့်၊ ထိုပြည်ကို ငါသုတ်သင်ပယ်ရှင်း သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်း သူတို့ သိရကြလိမ့်မည်။

30 ထိုမှတပါး၊ အချင်းလူသား၊ သင်၏အမျိုးသား ချင်းတို့က၊ ငါတို့သွားကြကုန်အံ့။ ထာဝရဘုရားသည် အဘယ်သို့ဗျာဒိတ်ပေးတော်မူသည်ကို ကြာကြကုန်အံ့ဟု၊ ထရံနား၊ အိမ်တံခါးနားမှာ သင့်ကိုရည်မှတ်၍ တယောက် ကိုတယောက် ပြောတတ်ကြ၏။

31 ငါ၏လူကဲ့သို့ သင့်ထံသို့လာ၍၊ ငါ၏လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက်၊ သင်၏စကားကိုကြာသော်လည်း၊ နားမထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာကို နှုန်နှင့်ပြသော်လည်း၊ စိတ်နှလုံးမူကား လောကီ ဥစ္စာကိုစွဲလမ်းလျက်ရှိ၏။

32 သင်၏စကားသည်၊ ကောင်းမွန်စွာတီး၍ သာယာသောအသံနှင့် ပြည့်စုံသောသူဆိုသော၊ နှစ်သက် ဘွယ်သော သီချင်းကဲ့သို့ သူတို့၌ဖြစ်၍၊ သူတို့သည် ကြားရ သော်လည်း နားမထောင်တတ်ကြ။

33 သို့ရာတွင်၊ အမှုရောက်လိမ့်မည်။ အမှုရောက် သောအခါ သူတို့တွင် ပရောဖက်ရှိဘူးသည်ကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

   

Bibliorum

 

ယေရမိ 7

Study

   

1 ထာဝရဘုရား၏ အထံတော်က နှုတ်ကပတ် တော်သည် ယေရမိသို့ရောက်လာ၍၊ သင်သည် ဗိမာန် တော် တံခါးဝ၌ ရပ်လျက်ကြွေးကြော် ရမည့်စကားဟူ မူကား၊

2 ထာဝရဘုရားကို ကိုးကွယ်ခြင်းငှါ၊ ဤတံခါးတို့ အတွင်းသို့ ဝင်သောယုဒအမျိုးသား အပေါင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။

3 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဘာသာ ဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေ စေမည်။

4 ဤသည်ကား၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်ဖြစ်သတည်းဟု မုသာ စကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။

5 သင်တို့ ဘာသာဓလေ့နှင့် သင်တို့အကျင့်များ တို့ကို စုံလင်စွာ ပြုပြင်လျှင်၎င်း၊ အမှုသည်ချင်းတို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင်၎င်း၊

6 ဧည့်သည် အာဂန္တု၊ မိဘမရှိသောသူငယ်၊ မုတ်ဆိုးမကို မညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏ အသက်ကိုဤအရပ်၌ မသတ်၊ ကိုယ်အကျိုးကို ဖျက်၍ အခြားတပါးသော ဘုရားတို့ကို မချဉ်းကပ်ဘဲ နေလျှင်၎င်း၊

7 သင်တို့ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ် ပေးသော ပြည်တည်းဟူသော ဤအရပ်ဌာန၌ သင်တို့ကို ငါနေစေမည်။

8 အကျိုးမရှိဘဲ မုသာစကားကို ပြောသောသူတို့၌ သင်တို့သည် ခိုလှုံကြ၏။

9 သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့ လျက်၊ ကိုယ်မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့လိုက်လျက်နှင့်၊

10 ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ ရပ်လျက်၊ ဤရွံရှာဘွယ်သော အမှု အလုံးစုံတို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ် နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရ ကြမည်လော။

11 ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ထားပြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှု ကို ငါ့ကိုယ်တိုင် မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။

12 ရှေ့ဦးစွာငါ၏ နာမကို ငါတည်စေသောအရပ်၊ ရှိလောရွာ၌ရှိသော ငါ့အရပ်ဌာနသို့သွား၍၊ ငါ၏အမျိုး ဣသရေလလူတို့၏ အပြစ်ကြောင့်၊ ထိုအရပ်ကို အဘယ်သို့ငါပြုဘူးသည်ကို ကြည့်ရှုကြလော့။

13 ယခုတွင် ာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်၎င်း၊ ငါသည်စောစော၍ အပ်ပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မူးသောကြောင့်၎င်း၊

14 ရှိလောရွာကို ငါပြုသကဲ့သို့၊ ငါ၏နာမဖြင့် သမုတ်သော၊ သင်တို့ ခိုလှုံသော ဤအိမ်တော်၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည်။

15 သင်တို့ညီအစ်ကိုဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင့်ထုတ်သကဲ့သို့၊ သင်တို့ကို ငါ့ထံမှ ငါနှင့်ထုတ်မည်။

16 သင်သည်လည်း ဤလူမျိုးအဘို့ ပဌနာမပြုနှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ငါ့ကိုမသွေးဆောင်နှင့်။ သင်၏ စကားကို ငါနားမထောင်

17 သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ တို့၌ ပြုကြသော အမှုကို မမြင်သလော။

18 ငါ့ကို နှောင့်ရှက်မည်အကြံနှင့်၊ ကောင်းကင် မိဖုရားအဘို့ မုန့်ပြားတို့ကို လုပ်၍၊ အခြားတပါးသော ဘုရားတို့ရှေ့မှာ သွန်းလောင်းရာ ပူဇော် သက္ကာကိုပြုခြင်း ငှါ၊ သားတို့သည် ထင်းခွေကြ၏ အဘတို့သည် မီးထည့် ကြ၏ မိန်းမတို့သည် မုန့်နယ်ကြ၏

19 ထိုသို့ပြု၍ ငါ့ကိုနှောင့်ရှက်ကြသလော။ မိမိတို့ မျက်နှာကို ဖျက်မည်အကြောင်း၊ မိမိတို့ကိုယ်ကိုသာ နှောင့် ရှက်ကြသည်မဟုတ်လောဟု ထာဝရဘုရား မိန့်တော် မူ၏။

20 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဤအရပ် ၌ရှိသောလူ၊ တိရစ္ဆာန်၊ သစ်ပင်၊ မြေ အသီးအနှံအပေါ်မှာ ငါသည် ဒေသအမျက် မီးကို သွန်းလောင်း၍၊ ထိုမီးသည် မငြိမ်းဘဲလောင်လိမ့်မည်။

21 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ မီးရှို့ရာ ယဇ်များကို အခြားသော ယဇ်များနှင့် အတူထား၍၊ အမဲသားကိုစားကြလော့။

22 ကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ် အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည် မဟုတ်။

23 ငါမှာထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည်သင်တို့၏ ဘုရား သခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏လူမျိုးဖြစ်ကြ လိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကို စောင့်လိုသောငှါ၊ ငါစီရင်သမျှသော တရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား၏။

24 သို့ရာတွင်၊ သူတို့သည် နားမထောင်၊ နားကို မလှည့်ဘဲ ဆိုးညစ်သော နှလုံးခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ၍ မျက်နှာမပြု၊ ကျောခိုင်းလျက် နေကြ၏။

25 သင်တို့အဘများသည် အဲဂုတ္တုပြည်က ွက် သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် နေ့တိုင်း စောစော၍၊ ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အပ်ပ်စေလွှတ်သော်လည်း၊

26 သင်တို့သည် ငါ့စကားကို နားမထောင်၊ မနာ မယူဘဲနေ၍ မိမိတို့ လည်ပင်းကို ခိုင်မာစေသဖြင့်၊ အဘများထက်သာ၍ ဆိုးသွမ်းကြ၏။

27 သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော် လည်း မထူးကြ။

28 သို့ဖြစ်၍ သင်ကလည်း၊ ဤလူမျိုးသည် မိမိတို့ ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နား မထောင်၊ ဆုံးမ၍ မနိုင်သောအမျိုး ဖြစ်၏။ သစ္စာစကား ကိုမပြော၊ သစ္စာပျက်သော အမျိုးဖြစ်သည်ဟု သူတို့အား ပြောဆိုရမည်။

29 သင်၏သစ္စာဆံပင်ကို ရိတ်၍ ပစ်လိုက်လော့။ မြင့်သောအရပ်၌ မြည်တမ်းခြင်းကို ပြုလော့။ အကြောင်း မူကား၊ ထာဝရဘုရားသည် မိမိလူမျိုးကို ပယ်တော်မူပြီ။ အမျက်တော်သင့်ရောက်သော အမျိုးကို စွန့်ပစ်တော် မူပြီ။

30 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယုဒ အမျိုးသားတို့သည် ငါ့ရှေ့မှာဆိုးသော အမှုကိုပြုကြပြီ။ ငါ၏နာမဖြင့် သမုတ်သော အိမ်တော်ကို ညစ်ညူးစေခြင်း ငှါ၊ ရွံရှာဘွယ်သောအရာတို့ကို သွင်းထားကြပြီ။

31 ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှါ ဟိန္နုံသား၏ချိုင့်၌ ရှိသော တောဖကကုန်းတို့ကို တည်ကြပြီ

32 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုချိုင့်ကို တောဖက်ချိုင့်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့် ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ ခေါ်ရသော အချိန် ကာလရောက်လိမ့်မည်။ တောဖက်၌ မြေလွတ်မရှိသည် တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။

33 ဤလူမျိုးအသေကောင်တို့သည် မိုဃ်းကောင်း ကင်ငှက်နှင့် တောသားရဲစားစရာဘို့ ဖြစ်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။

34 ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ဝမ်း မြောက်သောအသံ၊ ရွှင်လန်းသောအသံမင်္ဂလာဆောင် သတို့သားအသံနှင့်မင်္ဂလာဆောင် သတို့သမီးအသံကိုငါစဲစေမည်။ တပြည်လုံးသည် လူဆိတ်ညံရာအရပ်ဖြစ်လိမ့် မည်ဟုမိန့်တော်မူ၏။