1
ထိုနောက်မှ အရှေ့ဘက်သို့ မျက်နှာပြုသော တံခါးဝသို့ တဖန်ခေါ်သွား၏။
2
ဣသရေလအမျိုး၏ ဘုရားသခ င်ဘုန်းတော် သည် အရှေ့မျက်နှာမှလာ ၍၊ အသံ သည် သမုဒ္ဒရာ သကဲ့သို့ဖြစ်၏။ ရေ ာင်ခြည်တော်အားဖြင့် မြေ တပြင်လုံး လင်း၏။
3
ငါမြင် သော ရူပါရုံသည် မြို့တော် ကိုဖျက်ဆီးခြင်း ငှါ လာ သောအခါ၊ ငါမြင် သော ရူပါရုံနှင့်တူ၏။ ထင်ရှား သောအရာတို့သည် ခေဗာမြစ် နားမှာ ငါမြင် ဘူးသော အရာများကဲ့သို့ဖြစ်၍၊ ငါသည် ပြပ်ဝပ်လျက်နေ၏။
4
ထာဝရဘုရား ၏ ဘုန်းတော်သည် အရှေ့ဘက် သို့ မျက်နှာ ပြုသော တံခါးလမ်း ဖြင့် အိမ် တော်ထဲသို့ ဝင် တော်မူ၏။
5
ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီလျက် အတွင်း တန်တိုင်းထဲသို့ ဆောင်သွား၍၊ ထာဝရဘုရား ၏ ဘုန်းတော်သည် တအိမ် လုံးကို ဖြည့်တော်မူ၏။
6
အရင်လူ သည် ငါ့အနားမှာရပ်နေ လျက်၊ အိမ် တော်ထဲက ငါ့အား မိန့်တော်မူသောအသံကို ငါကြား သည်ကား၊
7
အချင်းလူသား ၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ်၊ ငါ့ခြေဘဝါး နင်းမြဲအရပ်၊ ဣသရေလအမျိုးသား တို့တွင် အစဉ်အမြဲ ငါ့နေရာ အရပ် ဖြစ်၏။ ဣသရေလ ရှင်ဘုရင်များနှင့် အမျိုးသား တို့သည် မှားယွင်းခြင်းအား ဖြင့်၎င်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်၎င်း၊ မြင့်ရာ အရပ်တို့၌ငါ၏နာမတော်မြတ်ကို နောက်တဖန် မရှုတ်ချရကြ။
8
သူတို့တံခါးခုံကိုလည်း ငါ့တံခါးခုံအနားမှာ၎င်း၊ သူတို့တိုင်ကို လည်း ငါ့တိုင်အနားမှာ၎င်း တည်စိုက်လျက်၊ ငါနှင့်သူတို့စပ်ကြားမှာ နံရံ တခတည်းသာရှိလျက်၊ သူတို့ ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ဖြင့်၊ ငါ၏နာမတော် မြတ်ကို ရှုတ်ချသောကြောင့်၊ ငါသည်အမျက်ထွက် ၍ သူတို့ကို ဖျက်ဆီးပြီ။
9
ယခုမူကား၊ သူတို့မှားယွင်းခြင်းအမှုများနှင့် ရှင်ဘုရင်၏အသေကောင်များကို ငါမှဝေးစွာ ပယ်ရှား ကြစေ။ ငါသည်လည်း သူတို့တွင် အစဉ်အမြဲ နေမည်။
10
အချင်းလူသား ၊ ဣသရေလအမျိုးသား တို့သည် ကိုယ်ဒုစရိုက်အပြ စ်ကြောင့် ရှက်ကြောက်စေခြင်းငှါ အိမ် တော်ကိုပြ လော့။ အိမ် တော်ပုံ ကို သူတို့ တိုင်းကြ စေလော့။
11
သူတို့သည် ကိုယ်ပြ ုမိသောအမှုများကြောင့် အမှန်ရှက်ကြောက်လျှင်၊ အိမ် ပုံသဏ္ဌာန်နှင့် ထွက်ရာ ဝင်ရာတံခါးဝများ၊ ကျင့်ရသမျှသော ထုံးစံများ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံတို့ကိုပြ လော့။ သူတို့သည် ထုံးစံ များနှင့် စီရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကို ကျင့်စောင့်စေခြင်း ငှါ သူတို့ရှေ့မှာ ရေး ထားလော့။
12
တောင် ထိပ်ပေါ်မှာတည်သော အိမ် တော်၏ ကရားဟူမူကား၊ အိမ် တော်နယ်နိမိတ် ရှိသမျှတို့သည် အလွန်သန့်ရှင်းရကြမည်။ ဤရွေ့ကား၊ အိမ် တော်၏ တရားပေတည်း။
13
ယဇ်ပလ္လင် အတိုင်းအရှည်ကား၊ သံတောင်ဖြင့် တိုင်းလျှင်၊ ဘိနပ်အမြင့်တတောင်၊ အကျယ်တတောင်၊ ပတ်လည်အနားပတ် အကျယ်တထွာရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။
14
အောက်အထစ်သည် မြေ နှင့်နှစ် တောင်ကွာ၍ အကျယ်တတောင်ရှိရမည်။ ငယ်သောအထစ်နှင့် ကြီး သောအထစ်သည် လေး တောင်ကွာ၍ အကျယ်တတောင် ရှိရမည်။
15
ယဇ်ပလ္လင်အမြင့်သည်လည်း လေး တောင်ရှိရ မည်။ ဦးချိုလေး ချောင်းလည်း တက်ရမည်။
16
ယဇ်ပလ္လင်သည် စတုရန်း ဖြစ်၍၊ အလျား တဆယ်နှစ် တောင်၊ အနံလည်း တဆယ်နှစ် တောင် ရှိရမည်။
17
အောက်အထစ်သည်လည်း စတုရန်းဖြစ်၍ အလျား တဆယ်လေး တောင်၊ အနံလည်းတဆယ် လေး တောင်ရှိရမည်။ အနားပတ်သည်လည်း အကျယ် တထွာရှိရမည်။ ဘိနပ်သည်ယဇ်ပလ္လင်ပတ်လည်၌ တတောင်ထွက်၍၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာ ပြုရမည်။
18
တဖန်အချင်းလူသား ၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း၊ မီးရှို့ရာယဇ်ကိုပူဇော်၍ အသွေး ကိုဖျန် ဘို့ရာ၊ ယဇ်ပလ္လင် ကိုတည်သောနေ့ ၌ ကျင့်ရသောတရား ဟူမူကား၊
19
အမှုတော်ကိုဆောင်၍ ငါ့ထံသို့ ချဉ်းကပ်သော လေဝိအမျိုး၊ ဇာဒုတ်သားယဇ်ပုရောဟိတ် တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျိုသောနွား ထီးတကောင်ကို အပ်ရမည်။
20
နွားအသွေး အချို့ကိုယူ၍ ယဇ်ပလ္လင်ဦးချို လေး ချောင်း၊ အထစ်လေး ထောင့်၊ အနားပတ်ကိုလူးသော အားဖြင့် သန့်ရှင်းစင်ကြယ်စေရမည်။
21
အပြစ်ဖြေရာ ယဇ်ဘို့နွားကောင်ကို ယူ၍ သန့်ရှင်းရာဌာနပြင်၊ ဗိမာန်တော်အတွင်းတွင် ခန့်ထားသော အရပ်၌မီးရှို့ရမည်။
22
ဒုတိယနေ့ ၌လည်း အပြစ်မရှိသော ဆိတ်သငယ် ကို ယူ၍၊ အပြစ်ဖြေရာ ယဇ်ဘို့ပူဇော်ရမည်။ ယဇ်ပလ္လင် ကို နွားအသွေးနှင့်သန့်ရှင်းစေသကဲ့သို့ ဆိတ် အသွေး နှင့် သန့်ရှင်းစေရမည်။
23
ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်းစေပြီးသည်နောက်၊ အပြစ်မရှိ၊ ပျိုသောနွား ထီးနှင့် အပြစ်မရှိသော ဆိတ်ထီးကိုထာဝရဘုရား ရှေ့တော်၌ပူဇော်ရမည်။
24
ယဇ်ပုရောဟိတ် တို့သည် ဆားကိုတင်လျက်၊ ထိုယဇ်ကောင်တို့ကို ထာဝရဘုရား အဘို့ မီးရှို့၍ ပူဇော် ရမည်။
25
ခုနစ်ရက်ပတ်လုံး တနေ့ တနေ့ လျှင်၊ ဆိတ် တ ကောင်ကို အပြစ်ဖြေရာ ယဇ်ပြု၍ ပူဇော်ရမည်။ အပြစ် မရှိ၊ ပျိုသောနွား ထီးတကောင်နှင့် သိုး ထီးတကောင်ကို လည်း ပူဇော်ရမည်။
26
ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင် ကို သန့်ရှင်း စင်ကြယ်စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ၌ ခန့်ထားရကြမည်။
27
ခုနစ်ရက်စေ့သောနောက် အဋ္ဌမနေ့ ၌၎င်း၊ ထိုနေ့ မှစ၍၎င်း၊ ယဇ်ပုရောဟိတ် တို့သည် ယဇ်ပလ္လင် ပေါ်မှာ သင်တို့မီးရှို့ရာယဇ်များနှင့် မိဿဟာယယဇ်များ ကို ပူဇော်ရကြမည်။ ငါသည်လည်း၊ သင်တို့လက်ခံ မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။