1
ယေရုရှလင်မြို့ပျက်စီး၍ အနှစ်ခုနစ်ဆယ် လွန် စေမည်ဟု၊
2
ထာဝရဘုရား ၏ ဗျာဒိတ်တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ်၍၊ ခါလာဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး၊ အာရွှေရုသားဒါရိနန်းစံ ပဌမနှစ်တွင်၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာ အားဖြင့် သိရသောကြောင့်၊
3
အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ် လျက်၊ ပြာနှင့်လူးလျက်၊ အရှင်ဘုရားသခ င့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။
4
ထိုသို့ အပြစ်က ို ဘော်ပြတောင်းပန်၍ ငါ က ိုးက ွယ်သော ဘုရားသခ င် ထာဝရဘုရား ထံ ငါပြုသော ပဌနာဟူမူက ား၊ က ိုယ်တော်က ိုချစ်၍ ပညတ်တော် တို့က ို စောင့်သော သူတို့အား သစ္စာတော်မပျက ်၊ ကရုဏာ တရားက ိုစောင့်တော် မူထသော၊ အလွန်က ြီးမြတ်၍ က ြောက ်ရွံ့ဘွယ်ဖြစ်တော်မူသော အရှင်ဘုရားသခ င်၊
5
အက ျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ ဒုစရိုက ်က ို ပြုမိ ပါပြီ။ မတရားသဖြင့် က ျင့်မိပါပြီ။ ပုန်ကန် မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။
6
အကျွန် ုပ်တို့၏ရှင်ဘုရင်၊ မင်းသား အသက်ကြီး သူမှစ၍ ပြည် သူပြည် သားအပေါင်းတို့အား ကိုယ်တော်၏ ကျွန် ၊ ပရောဖက်တို့၏စကား များကို အကျွန် ုပ်တို့သည် နား မထောင်ပဲနေကြပါပြီ။
7
အိုဘုရားရှင်၊ ကိုယ်တော်သည် တရားနှင့် ဆိုင် တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ၍ နီးသောပြည် ၊ ဝေးသောပြည် ၊ အရပ် ရပ်တို့၌နေ ရသော ယုဒပြည် သူ၊ ယေရုရှလင်မြို့ သားမှ စ၍ ဣသရေလလူ အပေါင်းတည်းဟူသော အကျွန်ုပ်တို့ သည် ယနေ့ ၌ရှိသည်အတိုင်း၊ မျက်နှာ ပျက်ခြင်းနှင့် ဆိုင်ကြပါ၏။
8
အိုဘုရားရှင်၊ ကိုယ်တော်ကို ပြစ်မှားသော ကြောင့်၊ အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား ၊ အသက်ကြီး သူမှစ၍ အကျွန်ုပ်တို့သည် မျက်နှာ ပျက်ခြင်းနှင့် ဆိုင်ကြ ပါ၏။
9
အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန် သော် လည်း၊ အကျွန်ုပ်တို့အရှင်ဘုရားသခ င်သည် ကရုဏာကို ပြခြင်း၊ အပြစ်ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။
10
အကျွန် ုပ်တို့၏ ဘုရားသခ င်ထာဝရဘုရား သည် ကျွန် တော်ရင်း၊ ပရောဖက်တို့ဖြင့် အကျွန် ုပ်တို့၌ ထားတော် မူသော ပညတ်တရားတော်လမ်း သို့ လိုက်ခြင်းငှါ၊ ဗျာဒိတ် တော်အသံ ကို အကျွန် ုပ်တို့သည်နားမထောင် ဘဲ နေကြ ပါပြီ။
11
အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့ သည် ဗျာဒိတ်တော်အသံ ကို နားမထောင် ၊ လွှဲသွား၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ။ သို့ဖြစ်၍၊ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့်၊ ကျိန်ဆိုတော် မူခြင်းတည်းဟူသော ဘုရားသခ င်၏ ကျွန် မောရှေ၏ ပညတ္တိကျမ်း၌ မှတ်သားသော အကျိန်ကို အကျွန် ုပ်တို့ အပေါ်သို့ သွန်းလောင်းတော်မူ၏။
12
အကျွန်ုပ်တို့တဘက်၊ အကျွန်ုပ်တို့ကို အုပ်သော တရားသူကြီး တို့ တဘက်၌ မိန့်တော်မူသော စကား တော် ကို တည်စေ၍၊ အကျွန်ုပ်တို့အပေါ်မှာ ကြီးစွာသော ဘေး ဥပဒ်ကို ရောက်စေတော်မူပြီ။ အကြောင်းမူကား၊ ယေရု ရှလင်မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင် အောက် တွင် အဘယ်အရပ်၌မျှ မရောက်စဖူးပါ။
13
မောရှေ၏ ပညတ္တိကျမ်းစာ၌ မှတ်သားသည် အတိုင်း၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကိုရှောင်၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှါ၊ အကျွန်ုပ်တို့ ဘုရားသခ င်ထာဝရဘုရား ထံတော်၌ မတောင်းပန်ဘဲ နေကြပါပြီတကား။
14
ထို့ကြောင့် ထာဝရဘုရား သည် ဘေးဥပဒ်ကို စောင့်၍ အကျွန်ုပ်တို့၏ ဘုရားသခ င်ထာဝရဘုရား သည် ပြုတော်မူသမျှတို့၌ ဖြောင့်မတ် တော်မူ၏။ အကျွန်ုပ်တို့ သည် ဗျာဒိတ်တော်အသံ ကို နားမထောင် ဘဲ နေကြပါပြီ တကား။
15
တန်ခိုးကြီးသောလက် တော်ဖြင့် ကိုယ်တော်၏ လူတို့ကို အဲဂုတ္တုပြည် မှ နှုတ်ဆောင်၍ ယနေ့ ၌ရှိသည် အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသော အကျွန်ုပ်တို့၏ အရှင်ဘုရားသခ င်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ မတရားသဖြင့်ပြုမိပါပြီ။
16
အိုဘုရားရှင်၊ ဖြောင့်မတ် တော်မူခြင်း တရား တော်ရှိသမျှတို့နှင့်အညီ၊ သန့်ရှင်းသော တောင် တော် တည်းဟူသော ကိုယ်တော်၏ ယေရုရှလင်မြို့ မှ ပြင်းစွာ သော ဒေါသ မျက်တော်ကို လွှဲတော်မူပါဟု အကျွန်ုပ် တောင် းပန်ပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့ အပြစ် များမှစ၍ ဘိုးဘေးတို့၏ အပြစ်များ ကြောင့်၊ ယေရုရှလင် မြို့ နှင့် ကိုယ်တော်၏လူစုသည် ပတ်ဝန်းကျင်၌ရှိသော သူတို့တွင် ကဲ့ရဲ့စရာအကြောင်း ဖြစ်ပါ၏။
17
ယခုမူကား၊ အကျွန် ုပ်တို့ဘုရားသခ င်၊ ကိုယ် တော်၏ ကျွန်ပြ ုသော ပဌနာစကားကို နားထောင် တော် မူပါ။ ဆိတ်ညံလျက်ရှိသော သန့်ရှင်းရာဌာနတော်ကို ဘုရားရှင်၏ အကျိုးတော်ကြောင့်၊ မျက်နှာ တော် ရောင်ခြည်ကို ထွန်းလင်း စေတော်မူပါ။
18
အကျ ွန်ုပ်၏ဘုရားသခ င်၊ နားတော်ကိုလှည့်၍ နားထောင် တော်မူပါ။ မျက်စိ တော်ကိုဖွင့်၍ အကျ ွန်ုပ်တို့ ပျက်စီးရာများကို၎င်း၊ နာမတော်ဖြင့် သမုတ်သောမြို့ ကို ၎င်းကြည့်ရှုတော်မူပါ။ အကျ ွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုသာ အမှီပြု၍ ပဌနာ စကားကို ရှေ့တော်၌ ဆက်ကပ်ပါ၏။
19
အိုဘုရားရှင်၊ နားထောင် တော်မူပါ။ အိုဘုရား ရှင်၊ နားထောင် ၍ ပြုတော်မူပါ။ အိုဘုရားရှင် နားထောင် ၍ပြုတော်မူပါ။ အကျွန်ုပ်၏ဘုရားသခ င်၊ ကိုယ်တော် အတွက် ဖင့်နွှဲတော်မမူပါနှင့်။ ကိုယ်တော်၏ လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်ဟု ဆုတောင်းပဌနာ ပြု၏။
20
ထိုသို့ဆုတောင် းပဌနာပြု၍၊ ကိုယ်အပြစ်ကို၎င်း၊ အမျိုးသားချင်း ဣသရေလလူတို့၏ အပြစ်ကို၎င်း ဘော်ပြတောင် းပန်၍၊ ငါကိုးကွယ်သော ဘုရားသခ င်၏ သန့်ရှင်းသော တောင် တော်အဘို့ ငါပြုသော ပဌနာ စကားကို၊ ငါ၏ဘုရားသခ င်ထာဝရဘုရား ရှေ့တော်၌ ဆက်ကပ် လျက်နေ၍၊
21
ဆုတောင်းသော အမှုမပြီးမှီ မြွက်ဆိုစဉ်တွင် ယခင်ဗျာဒိတ် ရူပါရုံ ၌ ထင်ရှားသောသူ၊ ဂါဗေလသည် လျင်မြန်စွာ ပျံ၍လာသဖြင့် ညဦးယံ ပူဇော်ချိန်၌ ရှိရာသို့ ရောက်၍
22
နှုတ်ဆက်လျက်၊ အချင်းဒံယေလ၊ ငါသည် သင် ၌ ဥာဏ်ပညာတိုးပွားစေမည်အကြောင်း ထွက်လာပြီ။
23
သင်သည် ဆုတောင်းစပြ ုသောအခါ အမိန့် တော်ရှိသည်ဖြစ်၍ သင့်အားကြားပြ ောခြင်းငှါ ငါရောက် လာပြီ ။ သင်သည် အလွန်ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ဗျာဒိတ်တော်အချက်ကို ဆင်ခြင်၍ နားလည် ရသော အခွင့်ရှိ၏။
24
လွန်ကျူးခြင်း အမှုကို ဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း ထာဝရ ကုသိုလ်ကို သွင်းစေခြင်းငှါ၎င်း ဗျာဒိတ်ရူပါရုံ နှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန် သန့်ရှင်းသော အရပ်ဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်း ခုနစ်ဆ ယ်ကို သင်၏ အမျိုးသားချင်းအဘို့နှင့် သင်၏ သန့်ရှင်းသောမြို့ အဘို့ ဆုံးဖြတ်ခြင်းရှိ၏။
25
ထိုကြောင့်၊ ယေရုရှလင်မြို့ ကိုတဖန် တည်ထောင်ပြုစုစေခြင်းငှါ အမိန့်တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထပ်တိုင်အောင် ခုနစ်သိ တင်းနှင့် ခြောက်ဆယ်နှစ်သိ တင်း ကြာလိမ့်မည်ဟု သိ မှတ်နားလည်လော့။ အနှောင့်အရှက် ခံရသောကာလ၌ မြို့လမ်းကို တဖန် တည်ထောင်ပြုစုရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။
26
ထိုသိတင်းခြောက်ဆယ်နှစ် သိတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲအသေသတ်ခြင်းကို ခံရလိမ့် မည်။ ထိုနောက်မှလာ သော သခင်၏ လူတို့သည် မြို့တော် ကို၎င်း၊ သန့်ရှင်းရာဌာနကို၎င်း ဖြိုဖျက်ကြလိမ့် မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း ၊ ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။
27
တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍ ထိုသိတင်းတဝက် တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံ့ရှာဘွယ် သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက်၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။