1
ဆင်းရဲသော သူတို့ကို ညှဉ်းဆဲလျက်၊ ငတ်မွတ်သောသူတို့ကိုနှိပ်စက်လျက်၊ မိမိသခင် တို့အား ငါတို့ သောက်ဘို့ယူခဲ့ကြဟုဆိုတတ်လျက်၊ ရှမာရိတောင်ပေါ်မှာ နေသော ဗာရှန်နွားတို့၊ ဤစကားတော်ကိုနားထောင် ကြလော့။
2
အရှင်ထာဝရဘုရား သည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကိုတိုင်တည်၍ ကျိန်ဆို တော်မူသည်အတိုင်း၊ သင်တို့ကို ငါးမျှားနှင့်၎င်း၊ သင်တို့သားမြေးတို့ကိုပိုက်ကွန်နှင့်၎င်း ဘမ်းဆီးယူသွားရသောကာလ ရောက်လိမ့်မည်။
3
သင်တို့သည် အသီးအသီးကိုယ်စီတွေ့သော အပေါက်ဖြင့်ထွက်၍ ရဲတိုက်ထဲသို့ ချခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
4
ဗေသလမြို့ သို့သွား၍ ပြစ်မှားကြလော့။ ဂိလဂါလ မြို့သို့လည်းသွား၍ များစွာသောပြစ်မှားခြင်းခြင်းကို ပြုကြလော့။ နံနက် တိုင်းပူဇော်သောယဇ်ကို၎င်း၊ သုံး နှစ်တခါ ဥစ္စာဆယ်ဘို့တဘို့ ကို၎င်း ဆောင်ခဲ့ကြလော့။
5
လုယူသောဥစ္စာထဲကကျေးဇူးချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ကြလော့။ အလိုလိုပြုသော ပူဇော်သက္ကာ များကိုလည်း ကြား ပြော၍ကြော်ငြာစေကြလော့။ အိုဣသရေလအမျိုးသား တို့၊ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
6
ငါသည်လည်း၊ သင်တို့မြို့ ရွာရှိသမျှတို့၌ သွား တို့၏ စင်ကြယ်ခြင်းကို၎င်း၊ သင်တို့နေရာ အရပ်ရှိသမျှတို့၌ အစာ ခေါင်းပါးခြင်းကို၎င်းပေး သော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြဟုထာဝရဘုရား မိန့်တော်မူ၏။
7
စပါးရိတ်ရာကာလ မရောက်မှီ သုံးလ အထက်က၊ မိုဃ်းမရွာစေ ခြင်းငှါ မိုဃ်းကိုငါဆီးတားပြီ။ မြို့ တမြို့ ပေါ်မှာ ရွာစေ ခြင်းငှါ၎င်း၊ တမြို့ ပေါ်မှာမရွာစေ ခြင်းငှါ၎င်းပြုလ ျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လ ျက် နေရ၏။
8
ထိုသို့မြို့နှစ်မြို့သုံးမြို့ သားတို့သည် ရေ သောက်ခြင်းငှါ မြို့ တမြို့ သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
9
လေထိ၍အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ် လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ် ၊ သင်္ဘောသဖန်းပင် ၊ သံလွင် ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စား ကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
10
အဲဂုတ္တုပြည်ခံရသော ကာလနာ ဘေးကို သင်တို့ရှိရာသို့ ငါစေလွှတ်လေပြီ။ လုလင်တို့ကို ထားဖြင့် ကွပ်မျက် စေပြီ။ မြင်း တို့ကိုသိမ်းသွားစေပြီ။ သင်တို့တပ်၌ ပုပ်စပ်သောအနံ့ကို သင်တို့နှာခေါင်း ၌လှိုင်စေပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
11
ဘုရားသခ င်သည် သောဒုံမြို့ နှင့် ဂေါမောရမြို့ကို မှောက်လှန် သကဲ့သို့၊ သင်တို့အချို့ကိုငါမှောက်လှန် ၍ သင်တို့သည် မီးထဲကနှုတ်သောထင်းစကဲ့သို့ ဖြစ်ကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
12
သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ အထက်က ပြုသကဲ့သို့ သင်တို့၌ငါပြုဦးမည်။ ထိုသို့ပြုမည်ဖြစ်သော ကြောင့်၊ အိုဣသရေလအမျိုး၊ သင်၏ဘုရားသခ င်နှင့် တွေ့ခြင်းငှါ ကိုယ်ကိုပြင်ဆင်လော့။
13
တောင် တို့ကို လုပ်၍လေ ကိုဖန်ဆင်းထသော၊ လူစိတ်အကြံအစည်ကို လူအားဘော်ပြထသော၊ နံနက် အလင်းကို အမိုက်ဖြစ်စေထသော၊ မြင် ့သောမြေ အရပ်တို့ကို နင်းသောသူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ၏။