Bible

 

၁ ဓမ္မရာဇဝင် 16

Studie

   

1 တဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့် ပြည့်စေလော့။ ဗက်လင်မြို့သား ယောရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဘို့ ရှင်ဘုရင် တပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။

2 ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော်၊ ထာဝရဘုရားက၊ နွားမတန်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ လာပြီဟု ပြောလော့။

3 ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဘိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဘို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊-

4 ရှမွေလပြု၍ ဗက်လင်မြို့သို့ သွားလေ၏။ ဗက်လင်မြို့ သားအသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလောဟု မေးလျှောက် ကြသော်၊

5 ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ ငါလာပြီ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟု ဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ ခေါ်လေ၏။

6 သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု၍၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသက်ခံရသော သူသည် ငါ့ရှေ့မှာရှိ၏ဟု ဆိုလေသော်၊

7 ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအား မိန့်တော်မူ၏။

8 တဖန် ယေရှဲသည် အဘိနဒပ်ကို ခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို၏။

9 တဖန်ယေရှဲသည် ရှိမာကို သွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟု ဆို၏။

10 တဖန်ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူတို့ကို လည်း ထာဝရဘုရား ရွေးတော်မမူ။

11 သင်၌ သားမရှိပြီလောဟု ယေရှဲအား မေးလျှင်၊ ယေရှဲက အငယ်ဆုံးသော သားရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက် နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူ့ကို ခေါ်စေခြင်းငှါ လူကို စေလွှတ် ပါ။ သူမရောက်မှီ ပွဲသို့ ဝင်၍ မထိုင်ရဟု ဆိုသည်အတိုင်း၊

12 စေလွှတ်၍ သူ့ကို ခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဘွယ်သော မျက်နှာ လည်းရှိ၏။ ာဝရဘုရားက ဤသူပေတည်း။ ၍ ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။

13 ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏ အစ်ကိုစုဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ိုနေ့မှစ၍ ာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေသည် ရာမ မြို့သို့ ပြန်သွား၏။

14 ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှ ထွက်သွား၍၊ ထာဝရဘုရားထံတော်က ဆိုးသော ဝိညာဉ်သည် နှောင့်ရှက်တတ်၏။

15 ရှောလု၏ ကျွန်တို့ကလည်း၊ ယခုမှာ ဘုရားသခင်ထံတော်က ဆိုးသော ဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ရှက်တတ်ပါ၏။

16 ခစားသော ကိုယ်တော်၏ ကျွန်တို့သည်၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည် အကြောင်း အရှင်အမိန့်ရှိတော်မူပါ။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ် လာသောအခါ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်ဟု လျှောက်လျှင်၊

17 ရှောလုက၊ သာယာစွာ တီးတတ်သောသူကို ငါ့အဘို့ ရှာဖွေ၍ ငါ့ထံသို့ ခေါ်ခဲ့ကြဟု ကျွန်တို့အား မိန့်တော်မူသော်၊

18 ကျွန်တယောက်က၊ ကျွန်တော်တွေ့ဘူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌၎င်း၊ ပညာစကား၌၎င်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည်သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊

19 ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်၏သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ် ရမည်ဟု အမိန့်တော်ရှိ၏။

20 ယေရှဲသည် မုန့်တင်သော မြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကို ယူ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံ သို့ ပေးလိုက်လေ၏။

21 ဒါဝိဒ်သည် ရှောလုထံသို့ ရောက်၍ ခစားသဖြင့်၊ ရှောလုသည် အလွန်ချစ်၍ လက်နက်တော်ဆောင် အရာ၌ ခန့်ထား၏။

22 ရှောလုသည်လည်း ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ ဒါဝိဒ်ကို ငါ့စိတ်နှင့်တွေ့သောကြောင့် ငါ့ထံ၌ ခစားပါစေဟု အခွင့်တောင်းလေ၏။

23 ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သောအခါ၊ ဒါဝိဒ်သည် စောင်းကိုယူ၍ တီးသဖြင့် ဆိုးသောဝိညာဉ်ထွက်သွား၍၊ ရှောလုသည် သက်သာလျက် ပကတိ ကျန်းမာ လျက်ရှိတတ်၏။

   

Komentář

 

City

  
The Siege and Destruction of Jerusalem by the Romans Under the Command of Titus, by David Roberts

In the ancient world cities were nearly nations unto themselves – they existed within walls, with their own laws and customs, generally centered on the common purpose of trade. This is not as much the case in the modern world, but we still tend to divide ourselves city by city in terms of sports teams, accents, music and culture, and still tend to generalize the character of people from other cities. It follows, then, that in the Bible cities represent various doctrines – collections of inter-related ideas about spiritual reality. Such doctrines can be based on anything from the Lord’s true teachings – the New Jerusalem seen by John in Revelation – to the falsity and heresy of Sodom and various cities obliterated by the people of Israel at God’s command. On the most personal level, a city can also represent the natural mind of one person – which makes sense since we each to some extent have our own doctrine and our own set of ideas and beliefs.