1
ယဇ်ပုရောဟိတ် မင်း ယောရှုသည် ထာဝရ ဘုရား ၏ ကောင်းကင်တမန်ရှ ေ့၌ ရပ်နေ သည်ကို၎င်း၊ စာတန်သည် ရန်ဘက်ပြ ု၍ သူ၏လက်ျာဘက်၌ ရပ်နေ သည်ကို၎င်း ငါ့အားပြ တော်မူ၏။
2
ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း၊ အိုစာတန်၊ ထာဝရဘုရား သည် သင့်ကို ဆုံးမတော်မူပါ စေသော။ ယေရုရှလင်မြို့ ကို ရွေးချယ်ပြီးသော ထာဝရ ဘုရား သည် သင့်ကိုဆုံးမတော်မူပါစေသော။ ဤသူသည် မီး ထဲက နှုတ်သော ထင်းစဖြစ်သည်မဟုတ်လောဟု စာ တန်အား ဆို၏။
3
ယောရှုသည် ညစ်ညူးသော အဝတ် ကို ဝတ်လျက်၊ ကောင်းကင်တမန်ရှေ့မှာ ရပ်နေ သည်ဖြစ်၍၊
4
ကောင်းကင်တမန်က၊ ညစ်ညူးသော အဝတ် ကို ချွတ်ပယ်ကြလော့ဟု မိမိရှေ့မှာ ရပ်နေ သော အခြားသူတို့ အား ဆို၏။ ယောရှုအားလည်း၊ သင့်အပြစ်ကို ငါဖြေရှင်း ပြီ။ တင့်တယ်သော အဝတ် ကို ဝတ်စေမည်ဟု ဆို၏။
5
ငါကလည်း၊ စင်ကြယ်သော ပေါင်း ကို သူ၏ ခေါင်းပေါ်မှာ တင်ကြစေဟု ဆိုသည်အတိုင်း၊ စင်ကြယ် သောပေါင်း ကို သူ၏ခေါင်းပေါ်မှာ တင်၍ အဝတ် ကို ဝတ်စေကြ၏။ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် လည်း အနားမှာ ရပ်နေ ၏။
6
တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင်ဗိုလ်ခြေအရှ င် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို၍ ယောရှု အား ပညတ်ထားသည်ကား၊
7
သင်သည် ငါ့လမ်း သို့လိုက်၍ ငါ့ပညတ်တရားကို စောင့်ရှောက် လျှင်၊ ငါ့အိမ် ကို စီရင်ရသော အခွင့်၊ ငါ့ တန်တိုင်းတို့ကို စောင့်ရသောအခွင့်ရှိလိမ့်မည်။ ရှေ့တော် ၌ ရပ်နေ သော သူအချို့တို့ကို၊ သင့်အား လမ်း ပြရသော သူဖြစ်မည်အကြောင်း ငါခန့်ထားမည်။
8
အို ယဇ်ပုရောဟိတ် မင်းယောရှု ၊ သင့်ရှေ့မှာနေ သော သင့်အပေါင်းအဘော်တို့နှင့်တကွ နားထောင် လော့။ သူတို့သည် နိမိတ်လက္ခဏာနှင့်ယှဉ်သော သူဖြစ် ကြ၏။ ငါ၏ကျွန် တည်းဟူသော အညွန့်ကို ငါပေါ်ထွန်း စေမည်။
9
ယောရှုရှေ့မှာ ငါထားသော ကျောက်ကို ကြည့် ရှ ုလော့။ ထိုကျောက်တခုကို မျက်စိ ခုနစ်လုံး ကြည့်ရှ ုလျက် ရှ ိလိမ့်မည်။ ထိုကျောက်ကိုလည်း ငါထုလုပ်မည်။ တနေ့ ခြင်းတွင် ဤပြည် ၏အပြစ်ကို ငါပယ်ရှ င်းမည်ဟု ကောင်း ကင်ဗိုလ်ခြေအရှ င် ထာဝရဘုရား မိန့်တော်မူ၏။
10
ထိုနေ့ ၌ သင်တို့သည် မိမိတို့ အိမ်နီးချင်း တယောက်ကိုတယောက် စပျစ်ပင်အောက်၊ သင်္ဘော သဖန်းပင်အောက်သို့ ခေါ်ဘိတ်ကြလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။