1
မောရှေသည် တဲတော်ကို ထူထောင်၍၊ တဲတော် နှင့် တဲတော်တန်ဆာရှိသမျှတို့ကို၎င်း၊ ယဇ်ပလ္လင် နှင့် ယဇ် ပလ္လင်တန်ဆာရှိသမျှတို့ကို၎င်း၊ ဆီလူး၍ သန့်ရှင်းစေခြင်း အမှုကို လက်စသတ်သောနေ့ ၌၊
2
စာရင်းဝင်သောသူတို့ကို အုပ်၍ ဣသရေလ အမျိုးအနွယ် အသီးသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေ အမျိုးသူကြီးမင်းတို့သည်၊
3
မင်းတပါးနွား ထီးတ ကောင်စီ၊ မင်းနှစ် ပါးအမိုး ပါသော ရထားတခုစီ၊ ရထားခြောက် ခု၊ နွား ဆယ် နှစ် ကောင်တို့ကို တဲတော်ရှေ့သို့ ဆောင်ခဲ့၍ ထာဝရ ဘုရား အား ပူဇော်သက္ကာပြုကြ၏။
4-5
ထာဝရဘုရား ကလည်း သင်သည် ပရိသတ် စည်းဝေးရာ တဲ တော်အမှုဆောင်ရွက်စရာတို့ ခံယူ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း လောဝိသား အသီးသီးတို့ အား ပေး လော့ဟု မိန့်တော်မူ၏။
6
မောရှေသည် ရထားနှင့် နွား တို့ကိုခံယူ၍ လေဝိသားတို့အား ပေး သဖြင့်
7
အမှုဆောင်ရွက်စရာရှိသည်အတိုင်း၊ ယဇ်ပုရော ဟိတ် အာရုန်၏သား ဣသမာအုပ်သော ဂေရရှုန်သား တို့ အား ရထားနှစ် ခုနှင့် နွားလေး ကောင်တို့ကို၎င်း၊
8
မေရာရိသား တို့အား ရထားလေး ခုနှင့် နွားရှစ် ကောင်တို့ကို၎င်း ပေး လေ၏။
9
သန်ရှင်းရာဌာနတော်မူကို စောင့်ရသော ကော ဟတ်သား တို့သည် မိမိတို့ ပခုံး ၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အား ရထားနှင့် နွားတို့ကိုမပေး ။
10
ယဇ်ပလ္လင် ကို ဆီလူးသောနေ့ ၌ အနုမောဒနာ ပြုစရာဘို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသော ပူဇော်သက္ကာကို ပြုကြ၏။
11
ထာဝရဘုရား ကလည်း၊ ယဇ်ပလ္လင် ကို အနု မောဒနာပြုစရာဘို့၊ မင်းအသီးအသီးတို့သည် နေ့ ရက်အစဉ်အတိုင်း မိမိ ပူဇော်သက္ကာကိုပြုရကြမည်ဟု မောရှေအား မိန့်တော် မူ၏။
12
ထိုသို့နှင့်အညီ၊ ပဌမနေ့ ၌ ယုဒ အမျိုး၊ အမိနဒပ် သား နာရှန်သည် ဆက်သော ပူဇော်သက္ကာဟူမူကား၊
13
အကျပ် တော်အလိုက် တပိသာသုံးဆယ် အချိန် ရှိသော ငွေ အင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်၊
14
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
15
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွား ထီး တကောင်၊ သိုးထီး တကောင်၊ အခါမလည်သော သိုး သ ငယ်တကောင်၊
16
အပြစ်ဖြေရာ ယဇ်ဘို့ဆိတ်သငယ် တကောင်၊
17
မိဿဟာယယဇ်ဘို့နွားနှစ် ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါး ကောင်၊ အခါမလည်သော သိုးသငယ် ငါး ကောင်တို့ကို အမိနဒပ်သား နာရှုန်သည် ပူဇော်လေ ၏။
18
ဒုတိယနေ့ ၌ ဣသခါ အမျိုးတွင် မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သက္ကာဟူ မူကား၊
19
အကျပ် တော်အလိုက် တပိသာသုံးဆယ် အချိန် ရှိသော ငွေ အင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေ ဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊
20
မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း
21
မီးရှို့ရာ ယဇ်ဘို့ အသက်ပျိုသော နွား ထီးတကောင်၊ သိုးထီး တကောင်၊ အခါမလည်သော သိုး သ ငယ်တကောင်၊
22
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တကောင်၊
23
မိဿဟာယ ယဇ်ဘို့ နွားနှစ် ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါး ကောင်၊ အခါမလည်သော သိုးသငယ် ငါး ကောင်တို့ကို ဇုအာသား နာသနေလသည် ပူဇော်လေ ၏။
24
တတိယနေ့ ၌ ဇာဗုလုန် အမျိုးတွင် မင်းဖြစ် သော ဟေလုန်သား ဧလျာဘဆက်သော ပူဇော်သက္ကာ ဟူမူကား၊
25
အကျပ် တော်အလိုက် တပိဿာ သုံးဆယ် အချိန် ရှိသော ငွေ အင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
26
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း -
27
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွား ထီး တကောင်၊ သိုးထီး တကောင်၊ အခါမလည်သော သိုး သ ငယ်တကောင်၊
28
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တကောင်၊
29
မိဿဟာယဇ်ဘို့ နွားနှစ် ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါး ကောင်၊ အခါမလည်သော သိုးသငယ်ငါး ကောင် တို့ကို ဟေလုန်သား ဧလျာဘသည်ပူဇော်လေ၏။
30
စတုတ္ထနေ့ ၌ ရုဗင် အမျိုးတွင်မင်းဖြစ်သော ရှေဒု ရသား ဧလိဇုရဆက်သော ပူဇော်သက္ကာဟူမူကား၊
31
အကျပ် တော်အလိုက် တပိသာသုံးဆယ် အချိန် ရှိသော ငွေ အင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ်ဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
32
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
33
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွား ထီး တကောင်၊ သိုးထီး တကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
34
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တကောင်၊
35
မိဿဟာယယဇ်ဘို့ နွားနှစ် ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါး ကောင်၊ အခါမလည်သော သိုးသငယ် ငါး ကောင်တို့ကို ရှေဒုရသား ဧလိ ဇုရသည်ပူဇော်လေ၏။
36
ပဥ္စမနေ့ ၌ ရှိ မောင်အမျိုးတွင် မင်းဖြစ်သော ဇုရိရှဒ္ဒဲသား ၊ ရှေလုမျေလဆက်သော ပူဇော်သက္ကာဟူ မူကား၊
37
အကျပ် တော်အလိုက် တပိသာသုံးဆယ် အချိန် ရှိသော ငွေ အင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊
38
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ် တဆယ် အချိန်ရှိသော ရွှေဇွန်း
39
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွား ထီး တကောင်၊ သိုးထီး တကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
40
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တကောင်၊
41
မိဿဟာယယဇ်ဘို့ နွားနှစ် ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါး ကောင်၊ အခါမလည်သော သိုးသငယ် ငါး ကောင်တို့ကို ဇုရိရှဒ္ဒဲသား ရှေ လုမျေလသည် ပူဇော် လေ၏။
42
ဆဌမနေ့ ၌ ဂဒ် အမျိုးတွင် မင်းဖြစ်သော ဒွေလ သား ၊ ဧလျာသပ် ဆက်သော ပူဇော်သက္ကယဟူမူကား၊
43
အကျပ် တော်အလိုက် တပိသာသုံးဆယ် အချိန် ရှိသော ငွေ အင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံဖလား၌ ဆီ နှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
44
မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
45
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွား ထီး တကောင်၊ သိုးထီး တကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊ အခါမလည်သောသိုးသငယ် တကောင်၊
46
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တကောင်။
47
မိဿဟာယဇ်ဘို့ နွားနှစ် ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါး ကောင်၊ အခါမလည်သော သိုးသငယ်ငါး ကောင် တို့ကို ဒွေလသား ဧလျာသပ်သည် ပူဇော်လေ၏။
48
သတ္တမနေ့ ၌ ဧဖရိမ် အမျိုးတွင် မင်းဖြစ်သော အမိဟုဒ်သား ဧလိရှမာဆက်သော ပူဇော်သက္ကာဟူ မူကား၊
49
အကျပ် တော်အလိုက် တပိသားသုံးဆယ် အချိန် ရှိသော ငွေ အင်တုံ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့်ထည့်သောမုန့်ညက်၊
50
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
51
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွား ထီး တကောင်၊ သိုးထီး တကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
52
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တကောင်
53
မိဿဟာယယဇ်ဘို့ နွားနှစ် ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါး ကောင်၊ အခါမလည်သော သိုးသငယ် ငါး ကောင်တို့ကို၊ အမိဟုဒ်သား ဧလိရှာမာသည် ပူဇော် လေ၏။
55
အကျပ် တော်အလိုက် တပိသာသုံးဆယ် အချိန် ရှိသော ငွေ အင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇသ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊
56
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း။
57
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွား ထီး တကောင်၊ သိုးထီး တကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
58
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တကောင်၊
59
မိဿာဟာယ၊ ယဇ်ဘို့ နွားနှစ် ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါး ကောင်၊ အခါမလည်သော သိုးသငယ် ငါး ကောင်တို့ကို ပေဒါဇုရသား ဂါမလျေလသည် ပူဇော် လေ၏၊
60
နဝမနေ့ ၌ ဗင်္ယာမိန်အမျိုး တွင် မင်းဖြစ်သော ဂိဒေါနိသား အဘိဒန်ဆက်သော ပူဇော်သက္ကာဟူမူကား
61
အကျပ် တော်အလိုက် တပိသာသုံးဆယ် အချိန်ရှိ သော ငွေ အင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်၊
62
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း
63
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွား ထီး တကောင်၊ သိုးထီး တကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
64
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တကောင်၊
65
မိဿဟာယယဇ်ဘို့ နွားနှစ် ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါး ကောင်တို့ကို ဂိဒေါနိသား အဘိဒန်သည် ပူဇော်လေ၏၊
66
ဒသမနေ့ ၌ ဒန် အမျိုးတွင် မင်းဖြစ်သော အမိ ရှဒ္ဒဲသား အဟေဇာဆက်သော ပူဇော်သက္ကာဟူမူကား၊
67
အကျပ် တော်အလိုက် တပိသားသုံးဆယ် အချိန် ရှိသော ငွေ အင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။
68
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
69
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွား ထီး တကောင်၊ သိုးထီး တကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
70
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တကောင်၊
71
မိဿဟာယယဇ်ဘို့ နွားနှစ် ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါး ကောင်၊ အခါမလည်သော သိုးသငယ်ငါး ကောင်တို့ကို အမိရှဒ္ဒသား အဟေဇာသည် ပူဇော်လေ၏။
72
ဧကာဒသမနေ့ ၌ အာရှာအမျိုးတွင် မင်းဖြစ် သော ဩကရန်သား ပါဂျေလဆက်သော ပူဇော်သက္ကာဟူ မူကား။
73
အကျပ် တော်အလိုက် တပိဿာသုံးဆယ် အချိန် ရှိသော ငွေ အင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။
74
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
75
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွား ထီး တကောင်၊ သိုးထီး တကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
76
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တကောင်၊
77
မိဿဟာယယဇ်ဘို့နွားနှစ် ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါး ကောင်၊ အခါမလည်သော သိုးသငယ် ငါး ကောင်တို့ကို ဩကရန်သား ပါဂျေလသည် ပူဇော် လေ၏။
78
ဒွါဒသမနေ့ ၌ နသာလိအမျိုးတွင် မင်းဖြစ်သော ဧနန်းသား အဟိရဆက်သော ပူဇော်သက္ကာ ဟူမူကား၊
79
အကျပ် တော်အလိုက် တပိဿာသုံးဆယ် အချိန် ရှိသော ငွေ အင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။
80
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
81
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွား ထီး တကောင်၊ သိုးထီး တကောင်၊ အခါမလည်သော သိုး သ ငယ်တကောင်၊ အခါမလည်သော သိုးသငယ် တကောင်၊
82
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တကောင်၊
83
မိဿဟာယယဇ်ဘို့ နွားနှစ် ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါး ကောင်၊ အခါမလည်သော သိုးသငယ် ငါး ကောင်တို့ကို ဧနန်သား အဟိရသည် ပူဇော်လေ၏။
84
ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သော သူတို့ သည်၊ ယဇ်ပလ္လင် ကို ဆီလူးသောနေ့ ၌ အနုမောဒနာ ပြုစရာဘို့ ဆက်သော ငွေ အင်တုံပေါင်းဆယ်နှစ် လုံး၊ ငွေ ဖလားပေါင်းဆယ်နှစ် လုံး၊ ရွှေ ဇွန်းပေါင်း ဆယ်နှစ် စင်း တည်း။
85
ငွေ အင်တုံအချိန်ကား၊ တလုံးလျှင် တပိဿာ သုံးဆယ် စီ၊ ငွေ ဖလားအချိန်ကား၊ တလုံးလျှင် ခုနစ်ဆယ် စီရှိ၍ ငွေ ချိန်ပေါင်းကား၊ အကျပ် တော်အလိုက်၊ အခွက် နှစ်ဆယ်လေး ပိဿာရှိသတည်း။
86
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်း ဆယ်နှစ် စင်း အချိန်ကား၊ အကျပ် တော်အလိုက် ဆယ် ကျပ် စီရှိ၍၊ ရွှေချိန်ပေါင်းကား တပိဿာနှစ်ဆယ် ရှိသ တည်း။
87
မီးရှို့ရာယဇ်ဘို့ ဘောဇဉ် ပူဇောသက္ကာနှင့်တကွ နွား ပေါင်းဆယ်နှစ် ကောင်၊ သိုးထီး ဆယ်နှစ် ကောင်၊ အခါ မလည်သောသိုးသငယ် ဆယ်နှစ် ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် ပေါင်း ဆယ်နှစ် ကောင်၊
88
မိဿဟာယ ယဇ်ဘို့ နွား ပေါင်း၊ နှစ်ဆယ် လေး ကောင်၊ သိုးထီးခြောက်ဆယ် ၊ ဆိတ်ထီးခြောက်ဆယ် ၊ အခါမလည်သော သိုးသငယ်ခြောက်ဆယ် ရှိသတည်း။ ဤရွေ့ကား၊ယဇ်ပလ္လင် ဆီလူးသောနောက်၊ အနုမောဒနာပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း။
89
မောရှေသည် ဘုရား သခင်ကို လျှောက်ခြင်းငှါ ပရိသတ်စည်းဝေးရာ တဲ တော်ထဲသို့ ဝင်သော အခါ၊ ခေရု ဗိမ်နှစ် ပါးကြား မှာ၊ သက်သေခံချက်သေတ္တာ အပေါ်၌ တင်သောအဖုံးထက်သော ဘုရား သခင် ခေါ်တော်မူသံ ကို မောရှေသည်ကြား ၍ ထူးလေ၏။