1
တဖန် မောရှေအား ထာဝရဘုရား က၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊
2
သင်တို့သည် ခါနာန်ပြည် သို့ ရောက ်က ြသော အခါ၊ သင်တို့အမွေခံရ သော ခါနာန်ပြည် နယ် အပိုင်း အခြားဟူမူက ား၊
3
တောင် မျက်နှာတွင် ဇိနတောင် မှ ဧဒုံ ပြည် အနား၌ ရှောက်လျှင်၊ သောဒုံ အိုင် အရှေ့စွန်းသည် တောင်ဘက် အပိုင်းအခြား ဖြစ်ရမည်။
4
တောင်ဘက် အပိုင်းအခြားသည် တောင် မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကို ရှောက်လျက် ဇိနရွာသို့ ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇ ရဒ္ဒါရွာ၊ အာဇမုန်ရွာကိုရှောက်သဖြင့်၊
5
အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်း ကို လိုက် လျက် ပင်လယ် ၌ ဆုံးရမည်။
6
အနောက်ဘက် ၌ ပင်လယ် ကြီးသည် အနောက် အပိုင်းအခြား ဖြစ်ရမည်။
7
မြောက်ဘက် အပိုင်းအခြားသည် ကြီးသော ပင်လယ် ကထွက်၍ ဟောရတောင် ကို ရှေ့ရှုသွားပြီးလျှင်၊
8
ထိုတောင် မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊
9
ဇိဖြုန်ရွာကို ရှောက်၍ ဟာဇရေနန်ရွာ၌ ဆုံးရမည်။
10
အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှ ထွက်၍ ရှေဖံရွာသို့ ရောက်ပြီးလျှင်၊
11
အဣနရွာအရှေ့၌ ရှောက်၍ ရိဗလရွာသို့ သွား ရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင် အရှေ့ကမ်းကို ရှောက်သဖြင့်၊
12
ယော်ဒန်မြစ် ကို လိုက်၍ သောဒုံအိုင်၌ ဆုံးရ မည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသော ပြည် နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။
13
မောရှေက လည်း၊ ဤရွေ့က ား၊ သင်တို့သည် စာရေး တံချ၍ အမွေခံရသောပြည် ၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အမျိုးကိုး မျိုးနှင့် အမျိုး တဝက် ၌ ဝေပေး ရသော ပြည် ဖြစ်သတည်း။
14-15
ရူဗင်အမျိုးသား ၊ ဂဒ်အမျိုးသား ၊ မနာရှေအမျိုး သား တဝက် တည်းဟူသော အမျိုးနှစ် မျိုးနှင့် တဝက် တို့ သည် မိမိတို့အမွေ ခံသောမြေကို ယော်ဒန်မြစ် အရှေ့၊ ယေရိခေါမြို့ တဘက် ၊ နေထွက် ရာဘက် ၌ ဘိုးဘအဆွေ အမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသား တို့အား မှာထ ားလေ၏။
16
တဖန် ထာဝရဘုရား သည် မောရှေအား မိန့် တော်မူသည်ကား၊
17
အမျိုးသား တမျိုးလျှင် မင်းတပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှု တို့နှင့် ဝိုင်းလျက်၊
18
ခါနာန်ပြည် ကို ဝေ၍ သင်တို့အား အမွေပေးရကြ မည်။
19
ရွေးရသော မင်းတို့၏အမည်ကား၊ ယုဒ အမျိုးသား ထဲက ယေဖုန္နာသား ကာလက် ။
20
ရှိမောင် အမျိုးသား ထဲက အမိဟုဒ်သား ရှေမွေလ။
21
ဗင်္ယာမိန်အမျိုး ထဲက ခိသလုန်သား ဧလိဒဒ်။
22
ဒန် အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသား ဗုက္ကိ။
23
ယောသပ်သား တို့တွင် မနာရှေအမျိုး ကို အုပ်စိုး သောသူ၊ ဧဖုဒ်သား ဟံယေလ။
24
ဧဖရိမ် အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သား ကေမွေလ။
25
ဇာဗုလုန် အမျိုးကို အုပ်စိုးသောသူ၊ ပါနက်သား ဧလိဇဖန်။
26
ဣသခါ အမျိုးကို အုပ်စိုးသောသူ၊ အဇ္ဇန်သား ပါလတေလ။
27
အာရှာအမျိုးကို အုပ်စိုးသောသူ၊ ရှေလောမိ သား အဘိဟုဒ်။
28
နဿလိ အမျိုးကို အုပ်စိုးသောသူ၊ အမိဟုဒ်သား ပေဒဟေလတည်း။
29
ဤသူတို့သည် ခါနာန်ပြည် ၌ ဣသရေလအမျိုး သား တို့အား အမွေမြေက ို ဝေပေးစေခြင်းငှါ ထာဝရ ဘုရား ခန့်ထားတော်မူသောသူ ဖြစ်က ြသတည်း။