1
ထိုအခါ ယောသပ်၏သား ၊ မနာရှေ အဆွေ အမျိုး၌ပါလျက်၊ မနာရှေ ၊ မာခိရ ၊ ဂိလဒ်၊ ဟေဖေရတို့မှ ဆင်းသက်သော ဇလောဖဒ်၏သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည်လာ၍၊
2
ပရိသတ်စည်းဝေးရာ တဲ တော်တံခါး နား၊ မောရှေနှင့် ယဇ်ပုရော ဟိတ် ဧလာဇာ၊ မင်းများ၊ ပရိသတ်များအပေါင်းတို့ ရှေ့မှာရပ် လျက်၊
3
အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရား တဘက်၌ စုဝေးသော အပေါင်းအသင်း၊ ကောရ ၏အပေါင်းအသင်း၌ မပါ။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌ သား ယောက်ျား မရှိပါ။
4
ထိုသို့ သား ယောက်ျားမရှိ သောကြောင့်၊ အကျွန်ုပ်တို့အဘ၏ အမည်သည် အကျွန်ုပ်တို့အဆွေ အမျိုး၌ ပျောက်ရပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့ နှင့်အတူ၊ အကျွန်ုပ်တို့အား အမွေပေး ပါဟု လျှောက်ကြ၏။
5
သူတို့အမှုကို မောရှေသည် ထာဝရဘုရား ရှေ့ တော်၌ ထားလေ၏။
6
ထာဝရဘုရား ကလည်း၊ ဇလောဖဒ် သမီးတို့၏ စကား သည် လျောက်ပတ်ပေ၏။
7
အကယ်စင်စစ် သူတို့အဘ၏ ညီအစ်ကိုတို့ နှင့် အတူ အမွေခံရ သောအခွင့်ကို သူတို့အားပေး ရမည်။ သူတို့အဘ၏အမွေ ဥစ္စာသည် သူတို့လက်သို့ ရောက်စေရ မည်။
8
သင်သည် ဣသရေလအမျိုးသား တို့အား ဆင့်ဆိုရမည်မှာ၊ လူ သည် သား ယောက်ျားမရှိဘဲသေလျှင်၊ သူ၏အမွေ ဥစ္စာကို သူ၏သမီး လက်သို့ ရောက်စေရမည်။
9
သမီး မရှိလျှင်၊ သူ၏ အမွေ ဥစ္စာကို သူ၏ ညီအစ်ကိုတို့ အား ပေး ရမည်။
10
ညီအစ်ကို မရှိလျှင်၊ အမွေ ဥစ္စာကို ဘကြီး ဘထွေး တို့အား ပေး ရမည်။
11
ဘက ြီးဘထွေးမရှိလျှင်၊ သူ၏အဆွေအမျိုး၌ နီးစပ်ရင်းခြာသော ပေါက ်ဘော်အား ပေး ၍၊ ထိုသူသည် ပိုင်ရမည်။ ဤရွေ့က ား၊ ထာဝရဘုရား သည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသား တို့၌ စီရင် ထုံးဖွဲ့ချက ်ဖြစ်စေဟု မောရှေအား မိန့်တော်မူ၏။
12
တဖန် ထာဝရဘုရား က၊ သင်သည် ဤအာဗရိမ် တောင် ပေါ်သို့ တက်လော့။ ဣသရေလအမျိုးသား တို့ အား ငါပေး သောပြည် ကို ကြည့်ရှုလော့။
13
သို့ပြီးမှ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုး စည်းဝေးရာသို့ သွားသကဲ့သို့၊ သင်သည်လည်း သွားရ မည်။
14
အကြောင်းမူကား၊ ပရိသတ်တို့သည် ဇိနတော၊ ကာဒေရှ အရပ်၊ မေရိဘ စမ်းရေ အနား၌ ရုန်းရင်းခတ်ပြု ကြသောအခါ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက် ပြု၍၊ သူတို့ရှေ့မှာ ငါ့ကို မရိုမသေပြုသော အပြစ်ရှိ သည်ဟု မောရှေအား မိန့်တော်မူ၏။
15-17
မောရှေကလည်း၊ ထာဝရဘုရား ၏ ပရိသတ် တို့သည် အထိန်းမရှိသော သိုး ကဲ့သို့ မဖြစ်မမည် အကြောင်း၊ ခပ်သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ် ကို အစိုးရတော်မူသော ဘုရားသခ င် ထာဝရဘုရား သည်၊ ဤပရိသတ်တို့ရှေ့၌ ထွက်ဝင် နိုင်သောသူ၊ ပြင်သို့ ထုတ် ခြင်း၊ အတွင်းသို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေ သောဟု ထာဝရဘုရား အား လျှောက်လေ ၏။
18
ထာဝရဘုရား ကလည်း၊ ဝိညာဉ်တော်ကိုရသော နုန်၏သား ယောရှု ကိုခေါ်၍၊ သင်၏လက် ကို သူ့အပေါ် မှာတင်လေ ာ့။
19
ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အ ပေါင်းတို့ရှေ့၌ သူ့က ိုထား၍ မှာခဲ့လော့။
20
ဣသရေလအမျိုးသား အပေါင်းတို့သည်၊ သူ၏ စကားကို နားထောင် မည်အကြောင်း၊ သင်၏ ဘုန်း အသရေအချို့ကို သူ့အပေါ်၌ တင်ထားလော့။
21-23
ထိုသူသည် ယဇ်ပုရောဟိတ် ဧလာ ဇာရှေ့မှာ ရပ် သောအခါ၊ ယဇ်ပုရောဟိတ် သည် ထာဝရဘုရား ရှ ေ့တော်၌ ဥရိမ်စီရင် ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက ် မေးမြန်းရမည်။ သူစီရင် သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက ်ဝင် ရက ြမည်ဟု ထာဝရဘုရား သည် မောရှ ေ အား မှာထားတော်မူသည်အတိုင်း မောရှ ေပြုလျှက ်၊ ယောရှုက ိုခေါ်၍ ယဇ်ပုရောဟိတ် ဧလာ ဇာရှ ေ့၊ ပရိသတ် အပေါင်းတို့ရှ ေ့၌ ထားပြီးလျှင်၊
24
သူ့အပေါ်မှာ လက်က ိုတင်၍ မှာခဲ့လေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေအားဖြင့် ပညတ်ထားတော် မူ၏။