1
တဖန်ထာဝရဘုရား သည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊
2
ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိ တပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သော အလံ အနားမှာ ပရိသတ်စည်းဝေးရာ တဲ တော်ကို ရှေ့ရှု ပြု၍ နေရာချရမည်။
3
နေထွက် ရာ အရှေ့မျက်နှာ၌၊ ယုဒ တပ်အလံ နှင့် ဆိုင်သော အလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သား နာရှုန်သည် ယုဒ အမျိုးသား တို့တွင် ဗိုလ်လုပ်ရမည်။
4
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခုနစ်သောင်းလေး ထောင်ခြောက် ရာ ရှိသတည်း။
5
ယုဒတပ်အနားမှာ၊ ဣသခါ တပ်ချ၍ ဇုအာသား နာသနေလသည်။ ဣသခါ အမျိုးသား တို့တွင် ဗိုလ်လုပ်ရ မည်။
6
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းလေး ထောင်လေး ရာ ရှိသတည်း။
7
ထိုနောက်၊ ဇာဖုလုန်တပ်ချ၍ ဟေလုန်သား ဧလျာဘသည်၊ ဇာဗုလုန် အမျိုးသား တို့တွင် ဗိုလ်လုပ်ရ မည်။
8
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေး ရာ ရှိသတည်း။
9
ယုဒ တပ်နှင့်ဆိုင်သော အလုံးအရင်းအရေအ တွက်ကား တသိန်းရှစ်သောင်း ခြောက်ထောင်လေး ရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ ချီရကြမည်။
10
တောင်မျက်နှာ၌၊ ရုဗင် တပ်အလုံးအရင်းသည် ရုဗင်အလံ ကိုထု၍ ရှေဒုရသား ဧလိဇုရသည် ရုဗင် အမျိုး သား တို့တွင် ဗိုလ်လုပ်ရမည်။
11
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ခြောက်ထောင်ငါး ရာ ရှိသတည်း။
12
ရုဗင်တပ်အနားမှာ ရှိမောင် တပ်ချ၍ ဇုရိရှဒ္ဒဲ သား ရှေလုမျေလသည်၊ ရှိမောင် အမျိုးသား တို့တွင် ဗိုလ်လုပ်ရမည်။
13
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း ကိုး ထောင် သုံး ရာရှိသတည်း။
14
ထိုနောက် ဂဒ် တပ်ချ၍၊ ဒွေလသား ဧလျာသပ် သည်၊ ဂဒ် အမျိုးသား တို့တွင် ဗိုလ်လုပ်ရမည်။
15
သူအုပ်ရသော အလုံးအရင်းအရေအတွက် ကား၊ လေးသောင်း ငါး ထောင် ခြောက် ရာငါးဆယ် ရှိသတည်း။
16
ရုဗင် တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား တသိန်း ငါးသောင်းတထောင်လေး ရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ်အရာ၌ ချီရကြမည်။
17
ထိုအခါ၊ တပ်မအလယ် ၌ ပရိသတ်စည်းဝေးရာ တဲ တော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည် အတိုင်း လူ အသီးသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သော အလံ နှင့်အတူ လိုက်လျက်ချီရကြမည်။
18
အနောက်မျက်နှာ၌ ဧဖရိမ် တပ် အလုံးအရင်း သည်၊ ဧဖရိမ်အလံ ကိုထူ၍ အမိဟုဒ်သား ဧလိရှမာသည်၊ ဧဖရိမ် အမျိုးသား တို့တွင် ဗိုလ်လုပ်ရမည်။
19
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ငါး ရာရှိသတည်း။
20
ဧဖရိမ်တပ်အနားမှာ မနာရှေ တပ်ချ၍၊ ပေဒါ ဇုရသား ဂါမလေလျလသည်၊ မနာရှေအမျိုးသား တို့တွင် ဗိုလ်လုပ်ရမည်။
21
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းနှစ် ထောင်နှစ် ရာ ရှိသတည်း။
22
ထိုနောက် ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသား အဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသား တို့တွင် ဗိုလ်လုပ်ရ မည်။
23
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းငါး ထောင်လေး ရာ ရှိသတည်း။
24
ဧဖရိမ် တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်းရှစ် ထောင်တရာ ရှိသတည်း။ ဤသူတို့သည် တတိယ တပ်အရာ၌ ချီရကြမည်။
25
တပ်များ မြောက်မျက်နှာ၌၊ ဒန် တပ်အလုံးအရင်း သည် ဒန်အလံ ကိုထူ၍ အမိရှဒွသား အဟေဇာသည်၊ ဒန် အမျိုးသား တို့တွင် ဗိုလ်လုပ်ရမည်။
26
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခြောက်သောင်း နှစ် ထောင်ခုနှစ် ရာ ရှိသတည်း။
27
ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန် သား ပါဂျေလသည်၊ အာရှာအမျိုးသား တို့တွင် ဗိုလ်လုပ် ရမည်။
28
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း တထောင်ငါး ရာ ရှိသတည်း။
29
ထိုနောက်၊ နဿလိ တပ်ချ၍ ဧနန်သား အဟိရ သည်၊ နဿလိ အမျိုးသား တို့တွင် ဗိုလ်လုပ်ရမည်။
30
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း သုံးထောင်လေး ရာ ရှိသတည်း။
31
ဒန် တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက် ရာ ရှိသတည်း။ ဤသူတို့သည် မိမိတို့အလံ ပါလျက် နောက် ဆုံးတပ်အရာ၌ ချီရကြမည်။
32
ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက် အရေ အတွက်သော ဣသရေလအမျိုးသား တပ် အလုံးအရင်း လူပေါင်းကား၊ ခြောက် သိန်း သုံး ထောင်ငါး ရာ ငါးဆယ် ရှိသတည်း။
33
ထာဝရဘုရား သည်၊ မောရှအား မှာထားတော်မူ သည်အတိုင်း လေဝိသား တို့က ို ဣသရေလအမျိုးသား တို့ နှင့် ရောနှော၍ မရေတွက ်ရ။
34
ထာဝရဘုရား သည်၊ မောရှေအား မှာထား တော်မူသည်အတိုင်း ဣသရေလအမျိုးသား အသီးသီး တို့သည် မိမိအလံ အနားမှာ မိမိနေရာချခြင်းက ို၎င်း၊ မိမိဘိုးဘ အမျိုးအလိုက ် ချီခြင်းက ို၎င်း ပြုရက ြ၏။