1
အဋ္ဌမနေ့ ၌ မောရှေသည် အာရုန်နှင့်သူ၏သားများ ၊ ဣသရေလ အမျိုးအသက်ကြီး သူများတို့ကို ခေါ်၍၊
2
အာရုန်အား၊ သင်သည် အပြစ်ဖြေရာ ယဇ်ဘို့ အပြစ်မပါသော နွားသငယ် တကောင်၊ မီးရှို့ရာ ယဇ်ဘို့ အပြစ်မပါသော သိုး ထီးတကောင်ကိုယူ၍ ထာဝရဘုရား ရှေ့တော်၌ ပူဇော်လော့။
3
ဣသရေလ အမျိုးသား တို့အားလည်း သင်တို့သည် အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တကောင်၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါ အခါမလည်သော နွားသငယ် တကောင်၊ သိုးသငယ် တကောင်၊ -
4
ထာဝရဘုရား ရှေ့တော်၌ ပူဇော်သော မိဿဟာယယဇ်ဘို့ နွားထီးတကောင်၊ သိုး ထီးတကောင်၊ ဆီ နှင့်ရောသော ဘောဇဉ်ပူဇော်သက္ကာကို ယူကြလော့။ ယနေ့ ထာဝရဘုရား သည် သင်တို့အား ထင်ရှားတော်မူမည်ကို ပြောလော့ဟု ဆိုလေ၏။
5
မောရှေမှာထားသောအရာတို့က ို ပရိသတ်စည်းဝေးရာ တဲ တော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ၊ ပရိသတ် အပေါင်းတို့သည် ချဉ်းက ပ်၍ ထာဝရဘုရား ရှေ့တော်၌ ရပ်နေက ြ၏။
6
မောရှေက လည်း၊ သင်တို့သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဤသို့ပြုက ြ၍၊ ထာဝရဘုရား ၏ ဘုန်းတော်သည် သင်တို့အား ထင်ရှားမည်ဟူ၍၎င်း၊
7
အာရုန်အားလည်း၊ သင်သည် ယဇ်ပလ္လင် သို့သွား၍ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏ အပြစ်ဖြေရာ ယဇ်၊ မီးရှို့ရာယဇ်က ို ပူဇော်သဖြင့်၊ သင်နှင့်လူများအတွက ် အပြစ်ဖြေခြင်းက ို ပြုလော့။ လူများ ဆောင်ယူခဲ့သော ပူဇော်သက ္က ာက ိုလည်း ပူဇော်၍၊ သူတို့အတွက ် အပြစ်ဖြေခြင်းက ို ပြုလော့ဟူ၍ ၎င်းဆိုလေ၏။
8
အာရုန်သည် လည်း၊ ယဇ်ပလ္လင် သို့သွား၍ မိမိနှင့် ဆိုင်သော အပြစ်ဖြေရာ ယဇ် နွားသငယ် ကို သတ်လေ၏။
9
သူ၏ သား တို့လည်း အသွေး ကို ယူဆောင်ခဲ့သဖြင့်၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး ၌နှစ်၍ ယဇ်ပလ္လင် ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသောအသွေး ကို ယဇ်ပလ္လင် ခြေရင်းနား၌ သွန်လေ၏။
10
အပြစ်ဖြေရာ ယဇ်က ောင်ဆီ ဥ၊ ကျောက်ကပ် ၊ အသည်း ပေါ်၌ရှိသော အမြှေးက ို ယဇ်ပလ္လင် ပေါ်မှာ မီးရှို့လေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေအားမှာ ထားတော်မူ၏။
11
အသား နှင့်အရေကို တပ်ပြင်မှာ မီး ရှို့လေ၏။
12
မီးရှို့ရာယဇ်ကောင်ကိုလည်း သတ်၍၊ သူ၏သား တို့သည် အသွေး ကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင် အပေါ် ပတ်လည်၌ ဖြန်းလေ၏။
13
သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက်၍၊ သူသည် ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ လေ၏။
14
ဝမ်းထဲ၌ ရှိသောအရာများနှင့် ခြေတို့ကို ဆေးကြော ၍ ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရာယဇ်နှင့် အတူ ရှို့လေ၏။
15
လူများ ပူဇော်သက္ကာကိုလည်း ဆောင်ခဲ့၍၊ လူများအပြစ်ဖြေရာ ယဇ်ဖြစ်သော ဆိတ်ကိုယူ သတ်ပြီးလျှင်၊ ရှေ့နည်းအတူ အပြစ်အတွက် ပူဇော်လေ၏။
16
မီးရှို့ရာ ယဇ်ကောင်ကိုလည်း ဆောင်ခဲ့၍၊ ထိုနည်းတူ ပူဇော်လေ၏
17
ဘောဇဉ်ပူဇော်သက္ကာကို လည်း ဆောင်းခဲ့ပြီးလျှင်၊ တလက်ဆွန်းကိုယူ၍ ယဇ်ပလ္လင် ၌ နံနက် မီးရှို့ ရာယဇ်နားမှာ မီးရှို့လေ၏။
18
လူများအတွက် မိဿဟာယယဇ် နွားထီး၊ သိုး ထီးကိုလည်း သတ်၍၊ သူ၏ သား တို့သည် အသွေး ကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင် အပေါ် ပတ်လည်၌ ဖြန်းလေ၏။
19
အမြီးနှင့်တကွ အအူကိုဖုံးသော ဆီ ဥ၊ ကျောက်ကပ် ၊ အသည်း အမြှေးတည်းဟူသော သိုး နွားဆီ ဥကို၊-
20
ရင်ပတ်ပေါ်မှာ တင်၍ ယဇ်ပလ္လင် ၌ မီးရှို့လေ၏။
21
ရင်ပတ်နှင့်လက ်ျာပခုံးက ို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက ္က ာက ို ပြုလေ၏။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း။
22
အာရုန်သည် မိမိလက် ကို လူများရှေ့သို့ ချီလျက်၊ ကောင်းကြီးပေး ၍၊ အပြစ်ဖြေရာ ယဇ်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ရာမှ ဆင်းလေ၏။
23
တဖန် မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေးရာ တဲ တော်ထဲသို့ ဝင် ၍ ထွက်ပြီးမှ၊ လူများကို ကောင်းကြီးပေး သဖြင့်၊ ထာဝရဘုရား ၏ ဘုန်းတော်သည် လူများတို့အား ထင်ရှားလေ၏။
24
ထာဝရဘုရား တော်ထံမှ မီး ထွက်၍ ယဇ်ပလ္လင် ပေါ်မှာရှိသော မီး ရှို့ရာယဇ်နှင့်ဆီ ဥကို လောင်လေ၏။ ထိုအကြောင်းအရာကို လူများတို့သည် မြင် သောအခါ ကြွေးကြော်၍ ပြပ်ဝပ်ကြ၏။