1
ဒုစရိုက်ဖြေသော ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။
2
မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၌ ဒုစရိုက်ဖြေသော ယဇ်ကောင်ကို သတ်၍ အသွေး ကို ယဇ်ပလ္လင် အပေါ်၌ ပတ်လည်ဖြန်းရမည်။
3
အမြီးနှင့်တကွ အအူကို ဖုံးသောဆီ ဥ၊
4
ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ် ခုနှင့် ကျောက်ကပ်ဆီ ဥ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ်၌ရှိသော အမြှေးတည်းဟူသော ဆီ ဥရှိသမျှကိုယူ၍ ဆက်လျှင်၊-
5
ယဇ်ပုရောဟိတ် သည် ယဇ်ပလ္လင် ပေါ်မှာ မီးရှို့၍ ထာဝရဘုရား အား မီးဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက်ဖြေရာယဇ် ဖြစ်သတည်း။
6
အသားကို ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရ ကြမည်။ အလွန်သန့်ရှင်းပေ၏။
7
အပြစ်ဖြေရာ ယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏ တရားတပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကို ပြုသော ယဇ်ပုရောဟိတ် သည် ယူရမည်။
8
လူ တစုံတယောက် ပြုသော မီးရှို့ရာယဇ်ကို ပူဇော်သော ယဇ်ပုရောဟိတ် သည်၊ မိမိပူဇော်သော ယဇ်ကောင်အရေကိုယူရမည်။
9
မီးဖို ၌ ဖုတ်သော ဘောဇဉ်ပူဇော်သက္ကာ၊ အိုးကင်း၊ သံပြားပူနှင့် လုပ်သော အရာရှိသမျှကို ပူဇော် သော ယဇ်ပုရောဟိတ် သည် ယူရမည်။
10
ဆီ ထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အာရုန်၏ သား အပေါင်း တို့သည် အညီအမျှ ယူရကြရမည်။
11
ထာဝရဘုရား အား ပြုရသော မိဿဟာယယဇ် ပူဇော်ခြင်းတရားဟူမူကား၊
12
ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်လျှင်၊ ကျေးဇူးတော် ဝန်ခံရာယဇ်နှင့်တကွ ဆီ ရောသော တဆေးမဲ့ မုန့်ပြား၊ ဆီ နှင့်လုပ်သော တဆေးမဲ့ မုန့်ကြွပ်၊ ဆီ ရောသော မုန့်ညက်နှင့် လုပ်၍ ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။
13
ထိုမုန့်ပြားမှ တပါး၊ မိဿဟာယ ပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေး ပါသော မုန့်ကိုလည်း ပူဇော်ရမည်။
14
ပူဇော်သက္ကာရှိမျှအထဲက မုန့်တလုံးကို ထာဝရဘုရား အား ချီမြှောက်သော ပူဇော်သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယယဇ် အသွေး ဖြန်းသောယဇ် ပုရောဟိတ်ယူရမည်။
15
ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်သော မိဿဟာယယဇ်အသား ကို၊ ပူဇော်သော နေ့ ခြင်းတွင် စားရ မည်။ နံနက် တိုင်အောင် မကြွင်းစေရ။
16
သို့မဟုတ် သစ္စာပြု၍ ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သော နေ့ ခြင်းတွင်၊ ယဇ်အသားကို စား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရ မည်။
17
ကြွင်းသေးသော အသား ကိုလည်း သန်ဘက်နေ့ ၌ မီး ရှို့ရမည်။
18
မိဿဟာယယဇ် အသား အနည်းငယ်ကို၊ သန်ဘက်နေ့ ၌ စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သော သူသည် အကျိုးကိုမရ။ ရွံရှာဘွယ် ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကို ခံရလိမ့်မည်။
19
မစင်ကြယ်သော အရာနှင့် ထိ မိသောယဇ်သားကို မစား ရ။ မီး ရှို့ရမည်။ စင်ကြယ်သော သူတို့ သာ လျှင် ထိ ုယဇ်သားကို စားရ ကြမည်။
20
ထာဝရဘုရား နှင့်ဆိုင်သော မိဿဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သော အပြစ်ရှိ လျက်နှင့် စားမိ၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။
21
အကြင်သူသည်လည်း၊ လူ၌ မစင်ကြယ်သော အရာ၊ မစင်ကြယ်သော သား၊ မစင်ကြယ်သော ပိုးရွအစ ရှိသော၊ မစင်ကြယ်သော အရာ တစုံတခုကို ထိ မိ၍၊ ထာဝရဘုရား နှင့်ဆိုင်သော မိဿဟာယ ယဇ်သားကို စား၏ ထိ ုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
22-23
တဖန် မောရှေအား ထာဝရဘုရား က၊ - သင်သည် ဣသရေလအမျိုးသား တို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ် ၊ နွားဆီ ဥကို အလျှင်မစားရ ၊
24
အလိုလိုသေသော တိရစ္ဆာန်ဆီ ဥ၊ သားရဲကိုက်၍ သေသော တိရစ္ဆာန်ဆီ ဥကို အခြားသို့ သုံးရသော် လည်း၊ အလျှင်းမစားရ ။-
25
အကြင်သူသည် ထာဝရဘုရား အား မီးဖြင့် ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီ ဥကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။
26
သင်တို့သည် နေ လေရာရာ၌ ငှက်သွေး ၊ သားသွေး မှစ၍ အသွေး မည်မျှကို မစားရ ။
27
အကြင်သူသည် တစုံတခုသော အသွေး ကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
28
တဖန် မောရှေအား ထာဝရဘုရား က၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရား အား မိဿဟာယ ယဇ်ကို ပူဇော်သောသူသည်၊
29
မိမိပူဇော်သော ယဇ်အထဲက၊ ထာဝရ ဘုရား အား ဆက်ဘို့ရာ ဆောင်ခဲ့ရမည်။
30
ထာဝရဘုရား ရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုစေခြင်းငှါ၊ ရင်ပတ်နှင့် ဆီ ဥတည်းဟူသော မီးဖြင့် ထာဝရဘုရား အား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင်ခဲ့ရမည်။ -
31
ယဇ်ပုရောဟိတ် သည်၊ ဆီ ဥကို ယဇ်ပလ္လင် ပေါ်မှာ မီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့် သူ၏သား တို့သည် ယူရကြမည်။
32
မိဿဟာယယဇ်ထဲက လက်ျာပခုံးကို ချီမြှောက်သော ပူဇော်သက္ကာဘို့ ယဇ်ပုရောဟိတ် အား ပေး ရ မည်။
33
မိဿဟာယယဇ် အသွေး နှင့်ဆီ ဥကို၊ အာရုန်၏သား တို့တွင် ပူဇော်သောသူသည်၊ လက်ျာပခုံးကို မိမိအဘို့ယူရမည်။
34
ဣသရေလ အမျိုးသား တို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ်၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ၍ ဣသရေလအမျိုးသား တို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သား တို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေး ပြီဟု မိန့်တော်မူ၏။
35
ထိုသို့ အာရုန်နှင့် သူ၏သား တို့သည်၊ ထာဝရဘုရား ရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်မည်အကြောင်း၊ သူတို့ကို ခန့်ထားသောနေ့ ၌၊ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သော သက္ကာများထဲက၊ သူတို့ခံရသောအဘို့ ဖြစ်၏။
36
ဣသရေလအမျိုးသား တို့လက ်မှ ထိုသို့သောအဘို့က ို ခံရမည်အက ြောင်း၊ သူတို့က ို ဘိသိက ်ပေး သော မူနေ့ ၌၊ ထာဝရဘုရား မှာထားတော်မူ၏။ သူတို့အမျိုးအစဉ်အဆက ် စောင့်ရသော ပညတ် ဖြစ်သတည်း။
37
ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့သည်၊ သိနာတော၌ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည် အကြောင်း မှာထားသောမူသောနေ့၌ သိနာတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေအား ပေးတော်မူသော မီးရှို့ရာယဇ်တရား၊ ဘောဇဉ် ပူဇော်သက္ကတရား၊ အပြစ်ဖြေရာ ယဇ်တရား၊ ဒုစရိုက် ဖြေရာ ယဇ်တရား၊ အရာ၌ ခန့်ထားရာ ယဇ်တရား၊
38
မိဿဟာယယဇ်တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။