1
တဖန်ထာဝရဘုရား သည် မောရှေအား မိန့်တော်မူသည်ကား၊
2
တစုံတယောက်သောသူသည် သူတပါးအပ်နှံသော ဥစ္စာအတွက် ပေါင်ထားသော ဥစ္စာအတွက်၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော်၎င်း၊ သူဥစ္စာကို အနိုင်အထက်ယူသော်၎င်း၊ မိမိနှင့် စပ်ဆိုင်သောသူကို လှည့်စား သော်၎င်း၊
3
ပျောက်သောဥစ္စာကို တွေ့သောအခါ၊ မုသာစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆို သော်၎င်း၊ ထိုသို့သော ဒုစရိုက်တစုံတခုကို ပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
4
ထိုသူသည် ပြစ်မှား၍ အပြစ်ရောက်သောကြောင့်၊ အနိုင်အထက်ယူသော ဥစ္စာ၊ လှည့်စား၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံသော ဥစ္စာ၊ ပျောက်၍တွေ့သော ဥစ္စာ၊
5
မဟုတ်မမှန်ဘဲ ကျိန်ဆို ၍၊ ရသောဥစ္စာ အဘိုးနှင့်တကွ၊ ငါးစုတစုကို ထပ်၍ ဒုစရိုက်ဖြေသော ယဇ်ပူဇော်သောနေ့ ၌ ဥစ္စာရှင်အား ပြန်ပေးရမည် ။
6
ဒုစရိုက်ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူ သော အပြစ်မပါသော သိုး ထီးကို၊ ထာဝရဘုရား ထံတော်၊ ယဇ်ပုရောဟိတ် ရှေ့သို့ ဆောင်ခဲ့ရမည်။
7
ယဇ်ပုရောဟိတ် သည် ထိုသူအဘို့ ထာဝရဘုရား ရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှား သမျှသော အပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
9
သင်သည ် အာရုန်နှင့် သူ၏သား တို့အား ဆင့်ဆိုရသော မီး ရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟု မူက ား၊ ယဇ်က ောင်က ို၊ ယဇ်ပလ္လင် ထင်းမီး ပေါ်မှာ တည ဉ့်လုံး နံနက် တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီး သည ် အစဉ်လောင်ရမည ်။
10
ယဇ်ပုရောဟိတ် သည် ပိတ်အင်္ကျီ၊ ပိတ်ပေါင်းဘီကို ဝတ်လျက်၊ ယဇ်ပလ္လင် ပေါ်မှာ ကျွမ်းလောင်သော မီး ရှို့ရာ ယဇ်ပြာကို ကျုံး၍ ပလ္လင်အနားမှာ ထားရမည်။
11
တဖန် အဝတ် ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ ရှင်းလင်းသောအရပ်သို့ ယူသွားရမည်။
12
ယဇ်ပလ္လင်မီး သည် မသေဘဲ အစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ် သည် နံနက် တိုင်း ထင်းမီး ထည့်၍၊ ထင်းပေါ်မှာ မီး ရှို့ရာယဇ်ကို ခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိဿဟာယယဇ်ဆီ ဥကို မီး ရှို့ရမည်။
13
ယဇ်ပလ္လင်မီး သည် အလျှင်းမသေဘဲ၊ အစဉ်မပြတ်လောင်ရမည်။
14
ဘောဇဉ် ပူဇော်သက္ကာ တရားဟူမူကား၊ အာရုန်၏သား တို့သည် ထိုပူဇော်သက္ကာကို ထာဝရ ဘုရား ထံတော်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သောအခါ၊
15
ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်တလက်ဆွန်း၊ ဆီ အချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သက္ကာ အတွက်အတာကိုယူ၍ ထာဝရဘုရား အား မွှေးကြိုင်စရာဘို့၊ ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရမည်။
16
ကြွင်းသောအရာတို့ကို၊ အာရုန်နှင့် သူ၏သား တို့သည်၊ ပရိသတ်စည်းဝေးရာ တဲ တော်ဝင်းအတွင်း တွင်၊ သန့်ရှင်းရာဌာန၌ တဆေးမပါဘဲ စားရ မည်။
17
ထိုမုန့်ညက်ကို တဆေး ထည့်၍ မုန့်မလုပ်ရ။ မီးဖြင့် ငါ့အား ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်ညက် ကို သူတို့အဘို့ ဖြစ်စေခြင်းငှါ ငါပေး ပြီ။ အပြစ်ဖြေရာ ယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ၏။
18
အာရုန်၏ သား ယောက်ျားအပေါင်းတို့ သည် စားရ ကြမည်။ မီးဖြင့် ထာဝရဘုရား အား ပြုသော ပူဇော်သက္ကာကို ကိုင်သောသူအပေါင်းတို့ သည် သန့်ရှင်းကြမည်ဟု သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။
19
တဖန်ထာဝရဘုရား သည်၊ မောရှေအား မိန့်တော်မူသည်ကား၊
20
အာရုန်နှင့် သူ၏သား တို့သည် ဘိသိက်ခံ သောနေ့ မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သက္ကာဖြစ်စေခြင်း ငှါ၊ မုန့်ညက်တဩမဲကို၊ နံနက် တဝက်၊ ညတဝက် ထာဝရဘုရား အား ပူဇော်ရမည်။
21
ထိုမုန့်ညက်ကို ဆီ ထည့်၍၊ သံပြားပူနှင့် မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုးအပဲ့တို့ကို ထာဝရဘုရား အား မွှေးကြိုင်စရာဘို့ ပူဇော်ရမည်။
22
အာရုန်အရာ၌ ဘိသိက်ခံသော သား သည်လည်း၊ ထိုပူဇော်သက္ကာကို ပြုရမည်။ ထာဝရဘုရား အဘို့ ထာဝရ ပညတ်တော် ဖြစ်သတည်း။
23
ယဇ်ပုရောဟိတ် အတွက် ပြုသောဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည်။ အလျှင်းမစားရ ဟု မိန့်တော်မူ၏
24
တဖန်မောရှေအား ထာဝရဘုရား မိန့်တော်မူသည်မှာ၊
25
သင်သည် အာရုန်နှင့် သူ၏သား တို့အား ဆင့်ဆိုရသော အပြစ်ဖြေရာ ယဇ် ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရား ရှေ့တော်မှာ အပြစ်ဖြေရာ ယဇ်ကို သတ်ရမည်။ အလွန်သန့်ရှင်းပေ၏။
26
အပြစ်ဖြေဘို့ ပူဇော်သော ယဇ်ပုရောဟိတ် သည်၊ ပရိသတ်စည်းဝေးရာ တဲ တော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ စားရ မည်။
27
ထိ ုအသား ကို ထိ သမျှသည် သန့်ရှင်း၏။ အသွေးဖြန်း သမျှသော အဝတ်တို့ ကို သန့်ရှင်းရာဌာန၌ လျော်ရမည်။
28
ထိုအသားပြုတ် သော မြေအိုးကို ခွဲရမည်။ ကြေးဝါ အိုးဖြစ်လျှင် ပွတ်၍ ရေ နှင့်ဆေးရမည်။
29
ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည် စားရ ကြမည်။
30
အလွန်သန့်ရှင်းပေ၏။ အပြစ်ဖြေရာ ယဇ် အသွေး ကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းငှါ၊ ပရိတ်သတ်စည်းဝေးရာ တဲ တော်အတွင်းသို့ ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကို မစားရ။ မီး ရှို့ရမည်။