1-2
တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသား တို့အား ဆင့်ဆိုရမည်မှာ၊ တရားက ိုမသိ၊ ထာဝရဘုရား ၏ ပညတ်တော်က ို လွန်က ျူးပြစ်မှား၍ မပြုအပ်သော အမှုက ိုပြု မိသည် အရာတွင်၊-
3
ဘိသိက်ခံသော ယဇ်ပုရောဟိတ် သည် လူများကို အပြစ်ထဲသို့ သွေးဆောင်၍ ကိုယ်တိုင် ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာ ယဇ်ဘို့ အပြစ်မပါ၊ အသက်ပျိုသော နွား ထီးကို၊ -
4
ပရိသတ်စည်းဝေးရာ တဲ တော် တဲ ခါးနား၊ ထာဝရဘုရား ရှေ့တော် သို့ ဆောင်ခဲ့၍၊ ထာဝရဘုရား အား ဆက်ရမည်။
5
ဘိသိက်ခံသော ယဇ်ပုရောဟိတ် သည်၊ နွား၏ အသွေး ကို ယူ၍၊ ပရိသတ်စည်းဝေးရာ တဲ တော်သို့ ဆောင်ခဲ့ပြီးလျှင်၊-
6
မိမိလက်ညှိုးကို အသွေး ၌နှစ်၍ သန့်ရှင်းရာဌာနတော် ကုလားကာရှေ့၊ ထာဝရဘုရား ရှေ့တော်၌ ခုနစ်ကြိမ်ဖြန်း ရမည်။
7
တဖန်ယဇ်ပုရောဟိတ် သည်၊ ပရိသတ်စည်းဝေးရာ တဲ တော်အတွင်း၊ ထာဝရဘုရား ရှေ့တော်မှာ ရှိသော နံ့သာပေါင်းမွှေး ကို မီးရှို့ရာ ပလ္လင်ဦးချိုတို့၌ နွားအသွေး ကို ထည့်၍၊ ကြွင်းသော အသွေး ကို၊ ပရိသတ် စည်းဝေးရာ တဲ တော်တံခါးရှေ့၌ရှိသော မီးရှို့ရာ ယဇ်ပလ္လင် ခြေရင်းနားမှာ သွန်ရမည်။
8
မိဿဟာယယဇ် ပြုသော နွား၏ဆီ ဥကိုယူသကဲ့သို့၊ အပြစ်ဖြေရာ ယဇ်ပြုသော နွားအအူကို ဖုံးသော ဆီ ဥ၊ အအူနှင့်ဆိုင်သမျှသော ဆီ ဥ၊-
9
ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ် ခုနှင့် ကျောက်ကပ်ဆီ ဥ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ်၌ရှိသော အမြှေးတည်းဟူသော၊ နွားဆီ ဥရှိသမျှကို ယူ၍၊
10
မီးရှို့ရာယဇ်ပလ္လင် ပေါ်မှာ ရှို့ရမည်။
11
နွား၏ ခေါင်း၊ ခြေထောက် ၊ အအူ၊ ချေးနုနှင့်တကွ အရေ၊ အသား ရှိသမျှ တည်းဟူသော၊-
12
နွာတကောင်လုံးကို၊ တပ်ပြင်မှာ ပြာသွန်ထားရာ ရှင်းလင်းသော အရပ်သို့ယူသွား၍ ထင်းအပေါ်၌ မီး ရှို့ရမည်။ ပြာသွန်း၍ ထားရာအရပ်၌ မီး ရှို့ရမည်။
13
ဣသရေလအမျိုးသား ပရိအပေါင်းတို့သည် တရားက ိုမသိ၊ အက ျိုးအပြစ်က ို မရိပ်မိဘဲ၊ ထာဝရဘုရား ၏ ပညတ်တော်က ို လွန်က ျူးပြစ်မှား၍ မပြုအပ်သောအမူက ို ပြုမိသဖြင့် အပြစ်ရောက ် လျှင်၊-
14
ထိုသိ ု့ ပြစ်မှားမိသော အပြစ်ကိုသိ သောအခါ၊ ထိုအပြစ်အတွက် ပရိသတ်တို့သည် အသက်ပျိုသော နွား ထီးကို၊ ပရိသတ်စည်းဝေးရာ တဲ တော်ရှေ့သိ ု့ ဆောင်ခဲ့၍ ဆက်ရမည်။
15
ပရိသတ်တွင် အသက်ကြီး သော သူတို့သည်၊ ထာဝရဘုရား ရှေ့တော်၌ မိမိတို့လက် ကို နွားခေါင်းပေါ်မှာ တင်၍၊ ထိုနွားကို ရှေ့တော်၌ သတ်ရကြမည်။
16
ဘိသိက်ခံသော ယဇ်ပုရောဟိတ် သည် နွားအသွေး ကို ပရိသတ် စည်းဝေးရာ တဲ တော်သို့ ဆောင်ခဲ့ ပြီးလျှင်၊-
17
မိမိလက်ညှိုးကို အသွေး ၌ နှစ်၍၊ ကုလားကာရှေ့ ထာဝရရှေ့တော်၌ ခုနစ်ကြိမ် ဖြန်း ရမည်။
18
တဖန် ယဇ်ပုရောဟိတ်သည်၊ ပရိတ်သတ်စည်းဝေးရာ တဲ တော်အတွင်း၊ ထာဝရဘုရား ရှေ့တော်မှာ ရှိသော ပလ္လင်ဦးချိုတို့၌ အသွေး ကို ထည့်၍၊ ကြွင်းသောအသွေး ကို၊ ပရိသတ်စည်းဝေးရာ တဲ တော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင် ခြေရင်းနားမှာ သွန်ရမည်။
19
နွားဆီ ဥ ရှိသမျှကို ယူ၍ ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရမည်။
20
အပြစ်ဖြေရာ ယဇ်ပြုသော နွားကို ပြုသကဲ့သို့၊ ထိုနည်းတူ ဤနွားကို ပြုသဖြင့်၊ ယဇ်ပုရောဟိတ် သည် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူတို့အပြစ် လွတ်လိမ့်မည်။
21
ထိုနောက်မှ နွားကို တပ်ပြင်သို့ဆောင်သွား၍၊ အရင်နွားကို မီးရှို့သကဲ့သို့ ရှို့ရမည်။ ပရိသတ်အဘို့ အပြစ်ဖြေစရာ ယဇ်ဖြစ်သတည်း။
22
မင်းသည်လည်း တရားက ိုမသိ၊ မိမိဘုရားသခ င် ထာဝရဘုရား ၏ ပညတ်တော်က ို လွန်က ျူးပြစ်မှား ၍ မပြုအပ်သော အမှုက ို ပြုမိသဖြင့် အပြစ်ရောက ်လျှင်၊-
23
မိမိပြစ်မှားမိသော အပြစ်ကို သိ သောအခါ၊ အပြစ်မပါသော ဆိတ်သငယ် အထီးကို ပူဇော်သက္ကာဘို့ ဆောင်ခဲ့ရမည်။
24
ဆိတ်ခေါင်းပေါ်မှာ မိမိလက် ကိုတင်၍ ထာဝရဘုရား ရှေ့တော်၌ မီးရှို့ရာယဇ်ကောင်သတ်ရာ အရပ်တွင် သတ်ရမည်။ အပြစ်ဖြေရာ ယဇ်ဖြစ်သတည်း။
25
ယဇ်ပုရောဟိတ် သည် ထိုအပြစ်ဖြေရာ ယဇ်၏ အသွေး ကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦး ချို တို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေး ကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။
26
မိဿဟာယယဇ်ကောင်ဆီ ဥကို ပြုသကဲ့သို့ ဆီ ဥရှိသမျှကို ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ် သည် မင်း၏ အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
27
ဆင်းရဲသားတစုံတယောက ်သည် တရားက ို မသိ၊ ထာဝရဘုရား ၏ ပညတ်တော်က ို လွန်က ျူးပြစ် မှား၍၊ မပြုအပ်သော အမှုက ို ပြုမိသဖြင့် အပြစ်ရောက ်လျှင်၊-
28
မိမိပြစ်မှားမိသော အပြစ်ကို သိ သောအခါ၊ ထိုအပြစ်အတွက် ပူဇော်သက္ကာဘို့ အပြစ်မပါသော ဆိတ် သငယ်အမကို ဆောင်ခဲ့ရမည်။
29
အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက် ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ်၌ ထိုဆိတ်ကို သတ်ရမည်။
30
ယဇ်ပုရောဟိတ် သည် အသွေး ကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင် ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေး ကို ယဇ်ပလ္လင် ခြေရင်းနား၌ သွန်ရမည်။
31
မိဿဟာယယဇ်ကောင်ဆီ ဥကို ယူသကဲ့သို့၊ ဆီ ဥရှိသမျှကို ယူ၍ ထာဝရဘုရား အား မွှေးကြိုင်စရာ ဘို့ ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ် သည် ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
32
သိုးသငယ် ကို အပြစ်ဖြေရာ ယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အမကို ဆောင်ခဲ့ရမည်။
33
အပြစ်ဖြေရာ ယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက် ကို တင်၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ်၌ အပြစ် ဖြေရာယဇ်ဖြစ်စေခြင်းငှါ သတ်ရမည်။
34
ယဇ်ပုရောဟိတ် သည်၊ ထိုယဇ်ကောင် အသွေး ကို လက်ညှိုးနှင့် ယူ၍ မီးရှို့ရာ ယဇ်ပလ္လင် ဦးချိုတို့၌ ထည့်ပြီးမှ ဖြန်းသော အသွေး ကို ထိုပလ္လင် ခြေရင်းနား၌ သွန်ရမည်။
35
မိဿဟာယယဇ်ကောင် သိုးသငယ်ဆီ ဥကို ပြုသကဲ့သို့၊ ဆီ ဥရှိသမျှကို ယူ၍၊ ထာဝရဘုရား အား မီးဖြင့် ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ် သည် ထိုသူ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။