1
နွား ကို မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တကောင်ကောင်ကို ၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ရမည်။
2
ပူဇော်သော နွား၏ ခေါင်းပေါ်မှာ မိမိလက် ကို တင်၍၊ ပရိသတ်စည်းဝေးရာ တဲ တော်တံခါးနားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ် တို့သည်၊ အသွေး ကို ယဇ်ပလ္လင် အပေါ်၌ ပတ်လည် ဖြန်းရမည်။
4
အအူနှင့် ဆိုင်သမျှသော ဆီ ဥ၊ ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ် ခုနှင့် ကျောက်ကပ်ဆီ ဥ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ်၌ ရှိသော အမြှေးတို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊
5
အာရုန်၏ သား တို့သည် ယဇ်ပလ္လင် အပေါ်၌ရှိသော ထင်းမီး ပေါ်မှာ တင်သော ယဇ်ကောင်နှင့်အတူ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
6
ထာဝရဘုရား အား သိုး ၊ ဆိတ်ကို၊ မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီး အမတကောင် ကောင်ကို ဆက်ရမည်။
7
သိုးသငယ်ကို ပူဇော်လိုလျှင်၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ပြီးမှ၊
8
ပူဇော်သော သိုး၏ ခေါင်းပေါ်မှာ မိမိလက် ကို တင်၍ ပရိသတ်စည်းဝေးရာ တဲ တော်ရှေ့မှာ သတ်ပြီးလျင်၊ အာရုန်၏ သား တို့သည် အသွေး ကို ယဇ်ပလ္လင် အပေါ်၌ ပတ်လည် ဖြန်းရမည်။
9
အကောင်ဆီ ဥ၊ ကျောရိုးကတိတိဖြတ်သော အမြီးရှိသမျှ၊ အအူကို ဖုံးသော အဆီ ဥ၊ အအူနှင့် ဆိုင်သမျှသော အဆီ ဥ၊ -
10
ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ် ခုနှင့် ကျောက်ကပ် ဆီ ဥ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ်၌ရှိသော အမြှေးတို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊-
11
ယဇ်ပုရောဟိတ် သည် ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာ အဟာရ ဖြစ်သတည်း။
12
ဆိတ် ကို ပူဇော်လိုလျှင်၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ပြီးမှ၊-
13
ဆိတ်ခေါင်းပေါ်မှာ မိမိလက် ကိုတင်၍၊ ပရိသတ်စည်းဝေးရာ တဲ တော်ရှေ့မှာ သတ်ပြီးလျှင်၊ အာရုန်၏ သား တို့သည် အသွေး ကို ယဇ်ပလ္လင် အပေါ်၌ ပတ်လည်ဖြန်းရမည်။
14
အအူကို ဖုံးသော ဆီ ဥ၊ အအူနှင့်ဆိုင်သမျှသော ဆီ ဥ၊-
15
ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ် ခုနှင့် ကျောက်ကပ် ဆီ ဥ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသော အမြှေးတို့ကို၊ မိမိပူဇော်သက္ကာထဲတွင် ယူ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊-
16
ယဇ်ပုရောဟိတ် သည် ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရမည်။ မွှေးကြိုင်ရာဘို့ မီးဖြင့် ပြုသော ပူဇော်သက္ကာ အစာ အဟာရ ဖြစ်သတည်း။ ဆီ ဥရှိသမျှကို ထာဝရဘုရား ဆိုင်တော်မူ၏။
17
သင်တို့အမျိုး အစဉ်အဆက်တို့သည်၊ နေ လေရာရာ၌ ဆီ ဥကိုမစားရ ၊ အသွေး ကို မစားရ ဟု ထာဝရ ပညတ်တော် ဖြစ်သည်ဟု မိန့်တော်မူ၏။