1
တဖန် သိနာတောင်ပေါ်မှာ ၊ မောရှေအား ထာဝရဘုရား က၊ သင်သည် ဣသရေလအမျိုးသားတို့ အား ဆင့်ဆိုရမည်မှာ၊-
2
သင်တို့သည် ငါပေး သော ပြည် သို့ ရောက်သောအခါ၊ ထိုပြည် သည် ထာဝရဘုရား အဘို့ ဥပုသ်စောင့်ရမည်။
3
ခြောက် နှစ်ပတ်လုံး လယ်လုပ်လျက် စပျစ်ဥယျာဉ် ကို သုတ်သင်၍ အသီးကို သိမ်းလျက် နေရမည်။
4
သတ္တမနှစ်သည်၊ ထာဝရဘုရား အဘို့ ဥပုသ်နှစ်၊ တပြည် လုံး ငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသော နှစ်ဖြစ်၏။ လယ်မလုပ်ရ၊ စပျစ်ဥယျာဉ် ကို မသုတ်သင်ရ၊
5
လယ်၌ အလိုလိုပေါက်သော အသီးအနှံကိုမျှ မရိတ် ရ။ မသုတ်သင်သော စပျစ်ဥယျာဉ် အသီးကိုမျှ မဆွတ်ရ။ တပြည် လုံး ငြိမ်ဝပ်စွာ နေရသော နှစ်ဖြစ်၏။
6
ပြည် ဥပုသ်တည်းဟူသော အလိုလို ဖြစ်ပွားသော အရာရှိသမျှသည်၊ သင်ကိုယ်မှစ၍ သင်၏ ကျွန် ၊ ကျွန် မ၊ သူငှါး ၊ ဧည့်သည်စားစရာ၊-
7
သင်၏ ပြည် ၌ရှိသော သားယဉ် သားရဲစားစရာဖြစ်ရသည်။
8
ဥပုသ်နှစ် ခုနစ်နှစ်ကို ရေတွက်၍၊ ခုနှစ် နှစ်ခု နှစ်လီတည်းဟူသော လေးဆယ်ကိုး နှစ်စေ့ပြီးမှ၊-
9
သတ္တမလ ဆယ်ရက်နေ့ ၊ အပြစ်ဖြေခြင်းပြုရာနေ့ ၌၊ ယုဘိလတံပိုး ကို တပြည်လ ုံး မှုတ်စေရမည်။
10
ငါးဆယ်မြောက် သောနှစ်ကို သန့်ရှင်းစေသဖြင့်၊ တပြည် လုံး၌ ပြည် သားအပေါင်းတို့အား၊ လွတ်ရာ အခွင့်ကို ကြွေးကြော် ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူ တိုင်း မိမိပိုင်သောမြေ ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။
11
ငါးဆယ်မြောက် သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ။ အလိုလိုပေါက်သော အပင်ကိုမျှ မရိတ် ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။
12
ယုဘိလနှစ်သည် သန့်ရှင်းသော နှစ်ဖြစ်သောကြောင့်၊ လယ်၌ရသော အသီးအနှံကိုသာ စားရ မည်။
13
ယုဘိလနှစ်တွင် လူ တိုင်း မိမိပိုင်သော မြေသို့ ပြန်ရမည်။
14
သင်တို့သည် အချင်းချင်းရောင်းဝယ်မှုကို ပြုလျှင်၊ တယောက်ကို တယောက် မညှဉ်းဆဲရ။
15
ယုဘိလနှစ်လွန်၍ လိုသေးသော နှစ်ပေါင်း၊ အသီးအနှံ သီးလတံ့သော နှစ်ပေါင်းကို ရေတွက်၍ ရောင်းဝယ်မှုကို ပြုရမည်။
16
ထိုသို့ အသီးသီးရသော နှစ်များကို လိုက်၍ ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဘိုးလျော့လျက်၊ တိုးလျက် ရောင်းဝယ်ရမည်။
17
သင်တို့သည် တယောက်ကိုတယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခ င်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ ဘုရားသခ င်ထာဝရဘုရား ဖြစ်၏။
18
သင်တို့သည် ငါ့စီရင် ထုံးဖွဲ့ချက်တို့ကို ကျင့်စောင့်လျှင်၊ ထိုပြည် ၌ ဘေးလွတ်လျက်နေ ရကြလိမ့်မည်။
19
မြေ သည်လည်း မိမိ အသီး အနှံကို ပေး သဖြင့်၊ သင်တို့သည် ဝစွာစား၍ ဘေးလွတ်လျက် နေ ရကြ လိမ့်မည်။
20
သင်တို့ကလည်း၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့ စားရ မည်နည်း။ လယ်မလုပ်ရ။ အသီးအနှံကို မသိမ်းရပါတကားဟု ဆိုလျှင်၊-
21
ဆဌမ နှစ်တွင် သင်တို့က ို ငါက ောင်းက ြီးပေး၍၊ ထိုနှစ်တွင် သုံး နှစ်အဘို့ အသီးအနှံက ို ဖြစ်စေမည်။
22
သင်တို့သည် အဋ္ဌမနှစ်တွင် လယ်လုပ်၍ နဝမနှစ်တွင် အသီးအနှံကို သိမ်းရာ ကာလတိုင်အောင် ဟောင်းသော အသီးအနှံကို စားရ ကြမည်။
23
မြေ ကို သူတပါး အစဉ်ပိုင်စေခြင်းငှါ မရောင်းရ။ မြေ သည် ငါ့ဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ၏။
24
သင်တို့သည် မြေ ကို ပိုင်လေရာရာ၌ ရွေးနှုတ်ရသော အခွင့်ကို ပေး ရကြမည်။
25
သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍၊ မိမိပိုင်သောမြေကို ရောင်းလျှင်၎င်း၊ သူ၏ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာ လျှင်၎င်း၊ မိမိပေါက်ဘော် ရောင်းသောဥစ္စာကို ရွေးနှုတ်ရသော အခွင့်ရှိရမည်။
26
ထိုမြေကို ရွေးနှုတ်သောသူ တယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊-
27
မိမိမြေသို့ ပြန်အံ့သောငှါ၊ ရောင်း၍လွန်သော နှစ်ပေါင်းကို ရေတွက်ပြီးမှ၊ လိုသေးသော အဘိုးကို အထက်က ရောင်းခဲ့သောသူအား ပြန်ပေးရမည်။
28
ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက် ၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက် လွှတ်၍ အရှင်ဟောင်းလက် သို့ ရောက်စေရမည်။
29
မြို့ ထဲ၌ရှိသော အိမ် ကို အိမ် ရှင်ရောင်းလျှင်၊ တနှစ်အတွင်းတွင် ရွေးနှုတ်သော အခွင့်ရှိစေရမည်။
30
တနှစ်အတွင်းတွင် မရွေးနှုတ်လျှင်၊ ထိုအိမ် ကို ဝယ်သောသူမှစ၍ သားစဉ်မြေးဆက် တို့သည် အမြဲပိုင်ရ ကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။
31
မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ် ကို လယ်ယာ ကဲ့သို့ မှတ်၍ ရွေးနှုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ် ရောက်သောအခါ လက်လွှတ်ရမည်။
32
သို့ရာတွင် လေဝိသားပိုင်သော မြို့ နှင့်မြို့အိမ် တို့ကို၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနှုတ်ရသော အခွင့်ရှိ၏။
33
လေဝိသား ပိုင်သော မြို့ ကို၎င်း၊ အိမ် ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ အကြောင်းမူကား၊ ဣသရေလ လူအမျိုးသား တို့တွင် လေဝိသား တို့သည်၊ ကိုယ် နေရာ မြို့အိမ် မှတပါး အခြားသော ဥစ္စာမရှိ။
34
သို့ဆိုသော်လည်း၊ လေဝိသားမြို့ နယ်၌ရှိသော လယ်ယာ တို့ကို မရောင်းရ။ အစဉ်အမြဲ ပိုင်ရမည်။
35
သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍ လက် အားလျော့သဖြင့် တပါးအမျိုးသား ဧည့်သည်အာဂန္တု ကဲ့သို့ဖြစ်လျှင်၊ သင့်ထံမှာ နေစေခြင်းငှါ သူ့ကို မစရမည်။
36
သူ၌ အတိုးအပွားကို မယူရ။ သင်၏ အမျိုးသားချင်းသည် သင့်ထံမှာ နေစေခြင်းငှါ၊ သင်၏ ဘုရားသခ င်ကို ကြောက်ရွံ့လော့။
37
အတိုးအပွါးကို မြော်လင့်၍ ငွေ ကို၎င်း၊ စားစရာကို၎င်း၊ သူ၌ မချေး မငှါးရ။
38
ငါသည် ခါနာန်ပြည် ကို သင်တို့အားပေး ၍၊ သင်တို့၏ ဘုရားသခ င်ဖြစ်အံ့သောငှါ၊ သင်တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခ င်၏ ထာဝရဘုရား ဖြစ်၏။
39
သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍ သင်၌ အရောင်းခံလျှင်၊ အစေခံကျွန် ကိုပြုသကဲ့သို့ သူ့ကို အနိုင်မပြုရ။
40
သူသည် သူငှါး ကဲ့သို့၎င်း၊ ဧည့်သည်ကဲ့သို့၎င်း၊ သင့်ထံမှာနေ၍ ယုဘိလနှစ်တိုင်အောင် အစေခံ ရမည်။
41
ထိုအခါ သူသည် သားသမီး နှင့်တကွ ထွက်၍၊ မိမိအဆွေအမျိုး၊ မိမိ ဘိုးဘပိုင်သောမြေသို့ ပြန်ရမည်။
42
အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည် မှ ငါနှုတ်ဆောင်သော ငါ၏ အမှုထမ်းဖြစ်၍၊ အစေခံ ကျွန် ဖြစ်စေခြင်းငှါ၊ မရောင်းရ။
43
သူ့ကို ကြမ်းတမ်းစွာ မစီရင်ရ။ သင်၏ ဘုရားသခ င်ကို ကြောက်ရွံ့ရမည်။
44
သင်သည် စေခိုင်းသောကျွန် ၊ ကျွန် မတို့ကို၊ သင့် ပတ်လည်ဝန်းကျင်တို့၌ နေသော သာသနာပလူတို့ တွင် ဝယ်ရမည်။
45
ထိုမှတပါး၊ သင်တို့တွင် တည်းနေသော တကျွန်းတနိုင်ငံသား တို့ကို၎င်း၊ သင်တို့ပြည် ၌ သူ တို့ရသော သားသမီး များကို၎င်း ဝယ်၍ ပိုင်ရမည်။
46
သူတို့သည် ကျွန်သား ပေါက်ဖြစ်၍၊ သင်တို့နှင့် သင်တို့သားသမီး တို့သည် အမွေခံ၍ ပိုင်ရမည်။ ကိုယ်အမျိုးသား ချင်းတည်းဟူသော ဣသရေလအမျိုးသား ဖြစ်လျှင်၊ တယောက်ကိုတယောက် ကြမ်း တမ်းစွာ မစီရင်ရ။
47
သင့်အနားမှာတည်းနေသော တကျွန်းတနိုင်ငံသားသည် ငွေရတတ်၍ သူ၏အနားမှာနေသော သင်၏ အမျိုးသားချင်း ဆင်းရဲသဖြင့်၊ သင့်အနားမှာ တည်းနေသော တကျွန်းတနိုင်ငံသား၌၎င်း၊ သူ၏ သားမြေး၌၎င်း၊ ကိုယ်ကိုရောင်းချ လျှင်၊-
48
ရောင်းပြီးမှ ရွေးနှုတ်သော အခွင့်ရှိစေရမည်။ မိမိအမျိုးသား တစုံတယောက်သည် ရွေးနှုတ်ရမည်။
49
ဘကြီး၊ ဘထွေး၊ ညီအစ်ကိုတော်မှစ၍ အဆွေအမျိုးပေါက်ဘော်ရင်း တစုံတယောက်သည် ရွေးနှုတ် ရမည်။ ကိုယ်တိုင်တတ်နိုင်လျှင်လည်း ကိုယ်ကိုရွေးနှုတ်ရမည်။
50
သခင်နှင့် ကျွန်တို့သည်၊ ရောင်းဝယ်သော နှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကို ရေတွက် ပြီးလျှင်၊ နှစ်ပေါင်းအနည်းအများကို ထောက်၍၎င်း၊ သူငှါး လုပ်ရသည် ကာလကို ထောက်၍၎င်း၊ ကိုယ်အဘိုးကို စီရင်ရမည်။
51
ယုဘိလနှစ်မရောက်မှီ၊ အစေခံရသော နှစ်ပေါင်း အနည်းအများကို ရေတွက်၍၊-
52
လိုသေးသော နှစ်ပေါင်း အနည်းအများအလိုက် ရွေးရန်အဘိုးကို၊ ဝယ်ရင်းငွေထဲက နှုတ်၍ ပြန်ပေး ရမည်။
53
ထိုသူသည် တနှစ် နောက်တနှစ်၊ သူငှါး ကဲ့သို့ နေရမည်။ သင့်မျက်မှောက်၌ ညှဉ်းဆဲခြင်းကို မခံရ။
54
ထိုသို့သောနည်းဖြင့် မရွေးမနှုတ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ၊ သူ့ကိုသား မယားနှင့်တကွ သခင်လက်မှ လွှတ်ရမည်။
55
အကြောင်းမူကား ဣသရေလအမျိုးသား တို့သည်၊ ငါ၏ အမှုထမ်းဖြစ်ကြ၏။ အဲဂုတ္တုပြည် မှ ငါနှုတ် ဆောင်ခဲ့သော ငါ၏ အမှုထမ်းဖြစ်ကြ၏။ ငါသည် သင်တို့၏ ဘုရားသခ င် ထာဝရဘုရား ဖြစ်၏။