1
တဖန် မောရှေအား ထာဝရဘုရား က၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
2
သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါ ထာဝရဘုရား ၏ ပွဲတော်များဟူမူကား၊-
3
ခြောက် ရက်ပတ်လုံး အလုပ် လုပ်ရမည်။ သတ္တမနေ့ ရက်သည် ငြိမ်ဝပ်စွာနေ ရသော ဥပုသ်နေ့ ၊ ဓမ္မ စည်းဝေးခြင်းကို ပြုရသောနေ့ ဖြစ်၏။ ထို့နေ့ ၌ သင်တို့သည် အလုပ် မလုပ်ရကြ။ သင်တို့နေရာ အရပ် ရပ်၌ ထာဝရဘုရား ၏ ဥပုသ်နေ့ ဖြစ်၏။
4
အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား ၏ ပွဲတော်များ ဟူမူကား၊-
5
ပဌမလ ဆယ်လေး ရက်နေ့ ညဦးယံ၌ ထာဝရဘုရား ၏ ပသခါပွဲ ဖြစ်၏။
6
၎င်းလ ဆယ်ငါး ရက်နေ့ ၌ ထာဝရဘုရား အဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ်ရက်ပတ်လ ုံး တဆေးမဲ့ မုန့် ကို စားရ ကြမည်။
7
ပဌမနေ့ ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ် ကို မလုပ်ရ။
8
ခုနှစ် ရက်ပတ်လုံး ထာဝရဘုရား အား မီးဖြင့်ပူဇော်သက္ကာကို ပြုရမည်။ သတ္တမနေ့ ၌လည်း ဓမ္မစည်း ဝေးခြင်းကို ပြုရမည်။ လောကီအလုပ် ကို မလုပ်ရဟု မိန့်တော်၏။
9
တဖန် မောရှေအား ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
10
သင်တို့သည် ငါပေး သော ပြည် သို့ရောက်၍ စပါးကို ရိတ် သောအခါ၊ အဦးရိတ် သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ် ထံသို့ ဆောင်ခဲ့ရမည်။
11
သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှါ ယဇ်ပုရောဟိတ် သည် ဥပုသ်နေ့ လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်း ကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရမည်။
12
ကောက်လှိုင်း ကို ချီလွှဲသောနေ့ ၌ အခါမလည် အပြစ်မပါသော သိုးသငယ် အထီးကို ထာဝရဘုရား အဘို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
13
ထိုယဇ်နှင့်ဆိုင်သော ဘောဇဉ်ပူဇော်သက္ကာကား၊ ထာဝရဘုရား အား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော ဆီ နှင့်ရောသော မုန့်ညက်နှစ် ဩမဲ ဖြစ်ရမည်။ သွန်းလောင်းရာ ပူဇော်သက္ကာကား၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။
14
သင်တို့၏ ဘုရားသခ င်ထံတော်သို့ ပူဇော်သက္ကာကို ဆောင်ခဲ့သောနေ့ မရောက်မှီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကို မစားရ ။ သင်တို့နေရာ အရပ်ရပ်၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်တော်ဖြစ်သတည်း။
15
ချီလွှဲရာ ပူဇော်သက္ကာကောက်လှိုင်း ကို ဆောင်ခဲ့သောနေ့ ၊ ဥပုသ်နေ့ အလွန် နက်ဖြန်နေ့ ကစ၍ သီတင်းခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။
16
သတ္တမဥပုသ်နေ့ အလွန် နက်ဖြန်နေ့ အထိ အရက်ငါးဆယ် တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ အသစ်ကို ဆက်ရကြမည်။
17
ထာဝရဘုရား အဘို့ အဦးသီးသော အသီး၊ တဆေး ဖြင့် ဖောင်းကြွသော မုန့်ညက် နှစ် ဩမဲနှင့် လုပ်သော ချီလွှဲရာမုန့်နှစ် လုံးကို သင်တို့အိမ်မှ ထုတ်ဆောင်ခဲ့၍၊-
18
ထိုမုန့်နှင့်တကွ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်၊ နွား သငယ် အထီးတကောင်၊ ဆိတ်နှစ် ကောင်ကို ဆက်၍၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရား အား မွှေးကြိုင်ရာသို့ မီးဖြင့်ပြုသောပူဇော်သက္ကာ တည်းဟူသောမီးရှိုရာယဇ်ကို ထာဝရ ဘုရား အား ပူဇော်ရမည်။
19
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တကောင်ကို၎င်း၊ မိဿဟာယယဇ်ဘို့ အခါမလည်သော သိုးသငယ်နှစ် ကောင်ကို၎င်း ပူဇော်၍၊-
20
ယဇ်ပုရောဟိတ် သည် အဦးသီးသော အသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ်နှစ် ကောင်ပါလျက် ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရာ ပူဇော်သက္ကာ ပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း။
21
ထိုနေ့ ၌လည်း ဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည်။ လောကီအလုပ် ကို မလုပ်ရ။ သင်တို့နေရာ အရပ်ရပ်၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။
22
ကိုယ်မြေ ၌ ဖြစ်သောစပါးကို ရိတ် သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ် ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍ မကောက်မသိမ်းရ။ ထိုအရာကို ဆင်းရဲသော သူ ဧည့်သည်အာဂန္တု အဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခ င် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
23
တဖန် မောရှေအား ထာဝရဘုရား က၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
24
သင်တို့သည် သတ္တမလ ၊ ပဌမနေ့ရက်၌ တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။
25
လောကီအလုပ် ကို မလုပ်ရ။ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။
26
တဖန် ထာဝရဘုရား သည် မောရှေအား မိန့်တော်မူသည်ကား၊-
27
သတ္တမလ ၊ ဒသမနေ့ သည်လ ည်း အပြစ်ဖြေရာနေ့ ၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ ဖြစ်၏။ ခြိုးခြံစွာ ကျင့်ရမည်။ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။
28
ထိုနေ့ ၌ အဘယ်အလုပ် ကိုမျှ မလုပ်ရ။ သင်တို့ ဘုရားသခ င် ထာဝရဘုရား ရှေ့တော်၌ ကိုယ်အပြစ် ဖြေခြင်းကို ပြုရသောနေ့ ဖြစ်၏။
29
ထိုနေ့ ၌ ခြိုးခြံစွာ မကျင့်သောသူမည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။
30
ထိုနေ့ ၌ အလုပ် တစုံတခုကို လုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှား ဖျက်ဆီးမည်။-
31
အဘယ်အလုပ် ကိုမျှ မလုပ်ရ။ သင်တို့နေရာ အရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
32
ထိုနေ့သည် ငြိမ်ဝပ်စွာ နေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ ဖြစ်၏။ နဝမနေ့ ညဦးမှစ၍ နက်ဖြန် ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟု မိန့်တော်မူ၏။
33
တဖန် မောရှေအား ထာဝရဘုရား က၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
34
သင်တို့သည် သတ္တမလ ၊ ဆယ်ငါး ရက်နေ့ မှစ၍ ခုနှစ် ရက်ပတ်လ ုံး ထာဝရဘုရား အဘို့ သကေနေပွဲ ကို ခံရကြမည်။-
35
ပဌမနေ့ ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ အလုပ် ကို မလုပ်ရ။
36
ခုနစ်ရက်ပတ်လုံး ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ အဋ္ဌမနေ့ ၌ လည်း၊ ဓမ္မစည်းဝေးခြင်းကို ပြု၍၊ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရ မည်။
37
ထူးဆန်းသော စည်းဝေးခြင်းဖြစ်၍ လောကီအလုပ်ကို မလုပ်ရ။
38
ဤရွေ့ကား၊ ထာဝရဘုရား ၏ ဥပုသ်နေ့ ၊ ထာဝရဘုရား အား ဆက်ကပ်ရသော အလှူဒါန၊ သစ္စာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးအသီးတို့ ၌ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ပူဇော် ခြင်း၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ပြုစေခြင်းငှါ စီရင်ရသော ဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား ၏ ပွဲတော်များ ဖြစ်သတည်း။
39
ထိုမှတပါး၊ သင်တို့သည် မြေ အသီးအနှံကို သိမ်းယူသောနောက်၊ သတ္တမလ ဆယ်ငါး ရက်နေ့ မှစ၍ ခုနှစ် ရက်ပတ်လ ုံး ထာဝရဘုရား အား ပွဲခံကြရမည်။ ပဌမနေ့ နှင့် အဋ္ဌမနေ့ ၌ ဥပုသ်စောင့်ကြရမည်။
40
ပဌမနေ့ ၌ ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုဃ်းမခပင် အစရှိသော အရွက်များသော အပင်၏ အကိုင်းအခက် တို့ကိုယူ၍၊ သင်တို့၏ ဘုရားသခ င်ထာဝရဘုရား ရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်း ခြင်းကို ပြုရကြမည်။
41
ထိုပွဲတော်ကို တနှစ်တနှစ်လ ျှင် ခုနစ်ရက်ပတ်လ ုံး ထာဝရဘုရား အဘို့ ခံရကြမည်။ သင်တို့ အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ ၌ ခံရကြမည်။
42
ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ၊
43
သစ်ခက်တဲ ၌ နေ စေကြောင်းကို သင်တို့ အမျိုးအစဉ်အဆက်တို့သည် သိ မှတ်မည်အကြောင်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် သစ်ခက်တဲ ၌ ခုနှစ်ရက်ပတ်လုံး နေ ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခ င် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
44
မောရှေသည် လည်း၊ ထာဝရဘုရား ၏ ပွဲတော်များကို ဣသရေလအမျိုးသား တို့အား ပြန်ကြားလေ၏။