1
တဖန် မောရှေအား ထာဝရဘုရား က၊ သင်သည် အာရုန်၏သား ၊ ယဇ်ပုရောဟိတ် တို့အားဆင့်ဆို ရမည်မှာ၊ အမျိုးသား ချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။
2
သို့ရာတွင် ပေါက်ဘော်ရင်းတည်းဟူသော မိဘ၊ သားသမီး ၊ ညီအစ်ကို ၊-
3
လင်မနေသော ကညာနှမ ရင်းအတွက် ညစ်ညူးခြင်းကို ခံရသော အခွင့်ရှိ၏။
4
အမျိုးသားချင်း သူကြီးအတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။
5
ယဇ်ပုရောဟိတ်သည် ဆံပင်ကို မရိတ် ရ။ ပါးမုန်းကို မရိတ် ရ။ အသား ၌ ခုတ်ရှခြင်းကို မပြုရ။
6
သူသည် မိမိဘုရားသခ င်အဘို့ သန့်ရှင်းရမည်။ မိမိဘုရားသခ င်၏ နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မိမိဘုရားသခ င်၏ အစာ အာဟာရကို ပူဇော်သော ကြောင့် သန့်ရှင်းခြင်းရှိရမည်။
7
သူသည် ပြည်တန်ဆာမိန်းမ ၊ သီလပျက်သောမိန်းမ ၊ လင်နှင့်ကွာသောမိန်းမ နှင့် မစုံဘက်ရ။ မိမိဘုရား သခင်အဘို့ သန့်ရှင်း၏။
8
သင်၏ ဘုရားသခ င်ပွဲတော်ကို ဆက်သောကြောင့်၊ သူ့ကို သန့်ရှင်းစေ၍၊ သူသည် သင့်အဘို့ သန့်ရှင်းရမည်။ သင်တို့ကို သန့်ရှင်းစေသော ငါထာဝရဘုရား သန့်ရှင်း၏။
9
ယဇ်ပုရောဟိတ်သမီး သည်၊ ပြည်တန်ဆာ လုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချလျှင်၊ မိမိအဘကို ရှုတ်ချရာ ရောက်၏။ ထိုသူကို မီး ရှို့ရမည်။
10
မိမိအမျိုးသားချင်းတို့တွင်၊ အဝတ် တန်ဆာဆင်လျက်၊ အရာ၌ ခန့်ထား၍ မိမိခေါင်းပေါ်မှာ ဆီ လောင်းခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ် မင်းသည်၊ မိမိခေါင်း၌ တန်ဆာကို မချွတ်ရ။ မိမိအဝတ် ကို မဆုတ်ရ။
11
အသေကောင်ကို မချဉ်းရ။ မိဘအတွက် ညစ်ညူးခြင်းကို မခံရ။
12
သန့်ရှင်းရာဌာနတော်ထဲက မထွက်ရ။ မိမိဘုရားသခ င်၏ သန့်ရှင်းရာဌာနတော်ကို မရှုတ်မချရ။ အကြောင်းမူကား၊ မိမိဘုရားသခ င်၏ ဘိသိက်ဆီ နှင့်ဆိုင်သော သင်းကျစ်ကို ဆောင်းရသောသူ ဖြစ်၏။ ငါသည် ထာဝရဘုရား ဖြစ်၏။
13
ယဇ်ပုရောဟိတ်မင်းသည်၊ အပျိုကညာနှင့်သာစုံဘက်ရမည်။
14
မုတ်ဆိုးမ၊ လင်နှင့်ကွာသောမိန်းမ ၊ သီလပျက်သောမိန်းမ ၊ ပြည်တန်ဆာမိန်းမ နှင့် မစုံဘက်ရ။ မိမိအမျိုးသားချင်း အပျိုကညာ နှင့်သာ စုံဘက်ရမည်။
15
မိမိသားကို၊ အမျိုးသားချင်းတို့တွင် မရှုတ်မချရ။ ငါထာဝရဘုရား သည်၊ ယဇ်ပုရောဟိတ်မင်းကို သန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။
16
တဖန်မောရှေအား ထာဝရဘုရား က၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊-
17
သင်၏ အမျိုးအစဉ်အဆက်တွင် ကိုယ်၌အပြစ်ရှိသောသူသည်၊ မိမိဘုရားသခ င်၏ ပွဲတော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။
18
မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊ အင်္ဂါပိုလွန်သောသူ၊-
19
လက် ကျိုးသောသူ၊ ခြေ ကျိုးသောသူ၊
20
ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိ နာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊ ဝှေးစေ့ပျက်သော သူသည် မချဉ်းမကပ်ရ။-
21
ယဇ်ပုရောဟိတ် အာရုန်အမျိုးတွင်၊ ကိုယ်၌ အပြစ်ပါသောသူ တစုံတယောက်မျှ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ ကိုယ်၌ အပြစ်ပါသောကြောင့်၊ မိမိဘုရားသခ င်၏ မုန့်တော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ -
22
သန့်ရှင်းသော မုန့်ဖြစ်စေ၊ အလွန်သန့်ရှင်းသော မုန့်ဖြစ်စေ၊ မိမိဘုရားသခ င်၏ မုန့်တော်ကို စားရ မည်။
23
ကိုယ်၌ အပြစ်ပါသောကြောင့်၊ ငါ့သန့်ရှင်းရာ ဌာနအရပ်တို့ကို ရှုတ်ချမည်ကို စိုးရိမ်၍၊ ကုလာ းကာ အတွင်းသို့ မဝင် ရ။ ယဇ်ပလ္လင် သို့ မချဉ်းမကပ်ရ။ ငါထာဝရဘုရား သည် ထိုအရပ်တို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။
24
မောရှေသည် အာရုန်နှင့် သူ၏သား ဣသရေလ အမျိုးသား အပေါင်းတို့အား ဆင့်ဆိုလေ၏။