1
ထာဝရဘုရား အား ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ မုန့်ညက်ကို ဆက်ရမည်။ မုန့်ညက်အပေါ်မှာ ဆီ ကိုလောင်း၍၊ လောဗန်ကိုလည်း ထည့်ပြီးမှ၊
2
အာရုန်၏သားယဇ်ပုရောဟိတ် ထံသို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ် သည် မုန့်ညက်တလက်ဆွန်း၊ ဆီ အချို့၊ လောဗန်ရှိသမျှကို ယူ၍၊ ထိုအတွက် အတာကို ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရား အား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
3
ကျန် ကြွင်းသော ဘောဇဉ် ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရ ဘုရား အား မီးဖြင့် ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
4
မီးဖို ၌ ဖုတ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ ဆီ နှင့် မုန့်ညက်ဖြင့် လုပ်သော တဆေးမဲ့ မုန့်ပြားသော်၎င်း၊ ဆီ လူးသော တဆေးမဲ့ မုန့်ကြွပ်သော်၎င်း ဖြစ်ရမည်။
5
သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ ဆီ ရော၍ တဆေးမပါသော မုန့်ညက် နှင့် လုပ်ရမည်။
6
ထိုမုန့်ကို ချိုးဖဲ့၍ ဆီ ကို လောင်းရမည်။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း။
7
အိုးကင်းနှင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီ ရောသော မုန့်ညက်နှင့် လုပ်ရမည်။
8
ထိုဘောဇဉ် ပူဇော်သက္ကာအမျိုးမျိုးတို့ကို၊ ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ် အား ဆက်ပြီးမှ၊ သူသည် ယဇ်ပလ္လင် သို့ ဆောင်ခဲ့ရမည်။
9
ထိုဘောဇဉ် ပူဇော်သက္ကာထဲက အတွက်အတာကို နှိုက်ယူ၍ ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရား အား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
10
ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရ ဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
11
ထာဝရဘုရား အား ဆက်သော ဘောဇဉ်ပူဇော်သက္ကာ၌ တဆေး မပါရ။ ထာဝရဘုရား အား မီးဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေး ကို မီးမရှို့ရ။ ပျားရည် ကိုလည်း မရှို့ရ။
12
အဦးသီးသော အသီးအနှံကို ပူဇော်သော အမှုမှာ၊ တဆေးနှင့် ပျားရည်ကို၊ ထာဝရဘုရား အား ပူဇော်ရသော်လည်း၊ မွှေးကြိုင်ရာဘို့ ယဇ်ပလ္လင် ပေါ်မှာ မီးမရှို့ရ။
13
ဘောဇဉ် ပူဇော်သက္ကာပြုလေရာရာ၌ ဆားခပ်ရမည်။ သင်ပြုသော ဘောဇဉ် ပူဇော်သက္ကာ၌၊ သင်၏ ဘုရားသခ င် ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ။
14
အဦးသီးသော အသီးအနှံကို၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ စပါးနှံကို အရည်စစ် အောင် မီး နားမှာ ထား၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊-
15
ဆီ ကိုလောင်း၍၊ လောဇန်ကိုတင်လျက်၊ ပူဇော်သက္ကာကို ပြုရမည်။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း။
16
ပွတ်ယူသော စပါးစေ့အချို့၊ ဆီ အချို့၊ လောဗန်ရှိသမျှတည်းဟူသော ထိုဘောဇဉ် ပူဇော်သက္ကာအတွက် အတာကို၊ ယဇ်ပုရောဟိတ် သည် မီးရှို့ရမည်။ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။