1
တဖန်မောရှေအား ထာဝရဘုရား က၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ -
2
မိန်းမ သည် ပဋိသန္ဓေယူ၍ သား ယောက်ျားကို ဘွား မြင်ပြီးလျှင်၊ ဥတုရောက်၍ ခုနစ ်ရက်မစ င်ကြယ် သကဲ့သို့ ခုနစ ်ရက် မစ င်ကြယ်နေရမည်။
3
အဋ္ဌမနေ့ ၌ သားယောက်ျား အား အရေဖျားလှီးခြင်း ကို ပြုရမည်။
4
ထိ ုနေ ာက် အမိသည် စင်ကြယ်စေ ခြင်းနှင့် ဆိုင်သော အသွေး ရှိ၍၊ အရက်သုံးဆယ် သုံးရက်ပတ်လုံး နေ ရမည်။ စင်ကြယ်စေ ခြင်းနေ့ ရက် မစေ့မှီတိုင်အောင် သန့်ရှင်းသောအရာကို မကိုင်ရ။ သန့်ရှင်း ရာ ဌာနတော်ကို မသွားရ။
5
သားမိန်းမကို ဘွား မြင်လျှင်၊ ဥတုရောက်သကဲ့သို့ တဆယ်လေးရက်ပတ်လုံး မစ င်ကြယ်နေ ရမည်။ စင်ကြယ်စေ ခြင်းနှင့် ဆိုင်သောအသွေး ရှိ၍၊ အရက် ခြောက်ဆယ် ခြောက်ရက်ပတ်လုံး နေ ရမည်။
6
သား ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ စင်ကြယ်စေခြင်းနေ့ ရက် ကာလစေ့သောအခါ၊ မီးရှို့ရာယဇ် ဘို့ အခါမလည်သော သိုးသငယ် တကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့ ချိုးကလေး တကောင်၊ သို့မဟုတ် ခို တကောင်ကို၊ ပရိသတ်စည်းဝေးရာ တဲ တော်တံခါးရှေ့၊ ယဇ်ပုရောဟိတ် ထံသို့ ဆောင်ခဲ့ရမည်။
7
ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော်၌ ပူဇော်၍၊ ထိုမိန်းမအဘို့ အပြစ ်ဖြေခြင်းကို ပြုသဖြင့်၊ သူ သည် အသွေး သွန်ခြင်းအပြစ ်မှ သန့်ရှင်းရလိမ့်မည်။
8
သိုးသငယ်ကို မတတ်နိုင်လျှင် ခိုနှစ် ကောင်ဖြစ်စေ၊ ချိုးကလေးနှစ် ကောင်ဖြစ်စေ၊ မီးရှို့ရာယဇ်ဘို့ တကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့တကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ် သည် သူ့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့်၊ သူသည် သန့်ရှင်းရလိမ့်မည်။ ဤရွေ့ကား၊ သား ယောက်ျား၊ သား မိန်းမ ကိုး ဘွားမြင်သော အမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။