1
ထာဝရဘုရား သည် ပရိသတ်စည်းဝေးရာ တဲ တော်ထဲက အသံကို လွင်လျက် မောရှေကို ခေါ်တော်မူ၍၊
2
သင်သည် ဣသရေလအမျိုးသား တို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစုံတယောက်သောသူသည် ထာဝရဘုရား အား ပူဇော်သက္ကာကို ပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား ၊ သိုး ၊ ဆိတ်ကို ဆောင်ခဲ့၍ ဆက်ရမည်။
3
နွား ကို မီးရှို့ရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲ တော် တံခါးအနား မှာ ဆက်ရမည်။
4
ပူဇော်သော နွား၏ခေါင်းပေါ်မှာ မိမိလက် ကို တင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက် ခံတော်မူမည်။
5
ထာဝရဘုရား ရှေ့တော်၌ ထိုနွားကို သတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ် တို့သည် အသွေး ကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲ တော်တံခါးအနားယဇ်ပလ္လင် အပေါ်၌ ပတ်လည်ဖြန်းရမည်။
6
ပူဇော်သောသူသည် ထိုအကောင်၏ အရေကို ချွတ် ၍ အပိုင်းပိုင်း ဖြတ်ရမည်။
7
အာရုန်၏သား ၊ ယဇ်ပုရောဟိတ် တို့သည်၊ ယဇ်ပလ္လင် ပေါ်မှာ မီး ကိုထည့်၍ မီး ပေါ်မှာ ထင်းကိုခင်းပြီးမှ၊
8
ထင်းပေါ်မှာ ခေါင်း၊ ဆီဥ၊ သား တများကို တင်ရမည်။
9
ခြေထောက် နှင့် အအူအစရှိသည်တို့ကို ရေ နှင့်အရင်ဆေးရမည်။ ယဇ်ပုရောဟိတ် သည်၊ ထိုယဇ်တ ကောင်လုံးကို ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
10
သိုး ၊ ဆိတ် ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊
11
ထာဝရဘုရား ရှေ့တော်၌ ယဇ်ပလ္လင် မြောက်ဘက် နားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ် တို့သည်၊ အသွေး ကို ယဇ်ပလ္လင် အပေါ်၌ ပတ်လည်ဖြန်းရမည်။
12
ပူဇော်သောသူသည် အပိုင်းပိုင်း ဖြတ်၍ ခေါင်းနှင့်ဆီဥကို စုထားပြီးလျှင် ယဇ်ပုရောဟိတ် သည်၊ ယဇ်ပလ္လင် ပေါ်၌ ရှိသော ထင်းမီး အပေါ်မှာ ခင်းရမည်။
13
ခြေထောက် နှင့် အအူအစရှိသည်တို့ကို ရေ နှင့်အရင် ဆေးရမည်။ ယဇ်ပုရောဟိတ် သည် တကောင် လုံးကို ဆောင်ခဲ့၍၊ ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရမည်။ မီးရှို့သော ယဇ်ဖြစ်သတည်း။ ထာဝရဘုရား အား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
14
ထာဝရဘုရား အား ငှက် ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ ခို ဖြစ်စေ၊ ချိုးကလေး ဖြစ်စေ ဆောင်ခဲ့၍ ဆက်ရမည်။
15
ယဇ်ပုရောဟိတ် သည်၊ ယဇ်ပလ္လင် သို့ ဆောင်ခဲ့၍၊ ခေါင်းကို လိမ်ဖြတ်ပြီးလျှင် ယဇ်ပလ္လင် ပေါ်မှာ မီးရှို့ရမည်။ အသွေး ကို ယဇ်ပလ္လင် နားမှာ ညှစ်ရမည်။
16
စာလုတ်မှစ၍ စာလုတ်၌ ရှိသောအရာကို ချွတ်ပြီးလျှင်၊ ပြာစုထားရာအရပ်၊ ယဇ်ပလ္လင် အရှေ့ဘက် နား၌ ပစ်ထားရမည်။
17
အတောင်ပါလျက် ငှက်ကောင်ကိုခွဲဖွင့်၍၊ ယဇ်ပုရောဟိတ် သည်၊ ယဇ်ပလ္လင် ပေါ်၌ရှိသော ထင်းမီး အပေါ်မှာ မီး ရှို့ရမည်။ မီး ရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။