1-2
ခါနာန် ပြည်၌ တိုက်သော စစ် မှုရှိသမျှတို့ကို မသိ သော ဣသရေလအမျိုးသား အပေါင်းတို့ကို စုံစမ်း ခြင်းငှါ၎င်း၊ စစ် မှုကို မသိ သော ဣသရေလအမျိုးသား အစဉ်အဆက်တို့သည် စစ် အတတ်ကို သင်၍ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများ ဟူမူကား၊
3
ဖိလိတ္တိ မင်းငါး ပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင် မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေ သော ဟိဝိလူ တို့သည် ကျန်ကြွင်းကြ၏။
4
ထာဝရဘုရား သည် မောရှေအားဖြင့် ဘိုးဘေးတို့က ို မှာထားတော်မူသော ပညတ်များအတိုင်း က ျင့်မည် မက ျင့်မည်က ို ထင်ရှားစေခြင်းငှါ ဣသရေလအမျိုးက ို စုံစမ်းဘို့ရာ ဖြစ်သတည်း။
5
ဣသရေလအမျိုးသား တို့သည် ခါနနိလူ၊ ဟိတ္တိ လူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ ၊ ယေဗုသိလူတို့တွင် နေ ၍၊
6
သူတို့သမီး နှင့် စုံဘက်ခြင်းကို ပြုလျက်၊ မိမိတို့သမီး ကို ပေး စားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။
7
ဣသရေလအမျိုးသား တို့သည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြု၍ မိမိတို့ဘုရားသခ င် ထာဝရဘုရား ကို မေ့လျော့ သဖြင့်၊ ဗာလဘုရား များ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊
8
ထာဝရဘုရား သည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ် နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ ကျွန်ခံရကြ၏။
9
နောက်တဖန် ထာဝရဘုရား ကို အော်ဟစ် ကြသောအခါ၊ ကယ်တင်သောသခင် ၊ ကာလက် ညီ၊ ကေနတ်၏သား ဩသံယေလကို သူတို့အဘို့ ပေါ်ထွန်းစေတော်မူ၏။
10
ထာဝရဘုရား ၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလအမျိုးကို အုပ်စိုး၍ စစ် ချီလေ ၏။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက် ၌ ထာဝရဘုရား အပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ ၏။
11
အနှစ်လေးဆယ် တိုင်တိုင် တပြည် လုံးငြိမ်းပြီးမှ၊ ကေနတ်၏သား ဩသံယေလသည် သေလေ၏။
12
တဖန် ဣသရေလအမျိုးသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ မောဘ ရှင်ဘုရင် ဧဂလုန်ကို ဣသရေလအမျိုးတဘက်၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ၏။
13
ထိုမင်းသည် အမ္မုန် အမျိုးသား ၊ အာမလက် အမျိုးသား တို့ကို စုဝေးစေလျက် ချီသွား၍၊ ဣသရေလလူတို့ကို လုပ်ကြံပြီးမှ၊ စွန်ပလွံမြို့ ကို သိမ်းယူသဖြင့်၊
14
ဣသရေလအမျိုးသား တို့သည် တဆယ်ရှစ် နှစ်ပတ်လုံး မောဘ ရှင်ဘုရင် ဧဂလုန်မင်းထံ၌ ကျွန်ခံရကြ၏။
15
နောက်တဖန် ထာဝရဘုရား ကို အော်ဟစ် သောအခါ၊ ကယ် တင်သော သခင်၊ လက် ျာလက် ကို မသုံးတတ်သော ဗင်္ယာမိန်အမျိုး၊ ဂေရသား ဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက် တွင် ဣသရေလလူ တို့သည် လက်ဆောင် ကို မောဘ ရှင်ဘုရင် ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။
16
ဧဟုဒသည် အလျားတတောင်ရှိသော သန်လျက်ကို လုပ်၍ လက်ျာပေါင်အဝတ် တွင်း၌ စည်း ထားပြီးလျှင်၊
17
မောဘ ရှင်ဘုရင်ဧဂလုန်ထံသို့ လက်ဆောင် ကို ဆောင်ခဲ့လေ၏။ ဧဂလုန်သည် အလွန်ဝသော သူဖြစ်၏။
18
ဧဟုဒသည် လက်ဆောင် ကို ဆက်ပြီးလျှင်၊ လက်ဆောင် ကို ထမ်းသောသူတို့ကို လွှတ်လိုက်၍၊
19
ဂိလဂါလ မြို့နား၌ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင်ပြန်လာ ၍၊ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်း ရှိပါသည်ဟု ဆိုလျှင်၊ ရှင်ဘုရင်က၊ တိတ်ဆိတ်စွာ နေကြဟု အမိန့်တော်ရှိ သည်အတိုင်း၊ အထံတော်၌ ခစားသော သူအပေါင်းတို့သည် ထွက်ကြ၏။
20
ထ ိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တယောက်တည်း နေ တတ်သော နွေနန်းဆောင်၌ ထိုင်နေ စဉ်၊ ဧဟုဒသည် ချဉ်းကပ်၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခ င်၏ အမိန့်တော်ပါပါ၏ဟု လျှောက်သော်၊ ရှင်ဘုရင်သည် ထ လေ၏။
21
ဧဟုဒသည် လက် ဝဲလက် ကို ဆန့်လျက် သန်လျက်ကို လက် ျာပေါင် မှ ထုတ်၍ ရှင်ဘုရင်၏ ဝမ်း ကို ထိုးသဖြင့်၊
22
လက်ကိုင်အရိုးနှင့်တကွ သန်လျက်မြုပ်ဝင် ၍၊ ဝမ်း ထဲက မနှုတ်နိုင်အောင် ဆီ ဥသည် သန်လျက်ကို လွှမ်းလျက်၊ ချေးနုလည်း ထွက်လျက်ရှိလေ၏။
23
ထိုအခါ ဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ် ၍ သော့ခတ်လေ၏။
24
ထွက်သွားသောနောက်၊ ကျွန် တော်မျိုးအချို့တို့သည် လာ ၍ နန်းတော်တံခါး၌ သော့ခတ်လျက် ရှိသည်ကို မြင် လျှင်၊ စင်စစ် နွေနန်းဆောင်၌ စက်တော်ခေါ်သည်ဟုဆိုလျက်၊
25
ရှက်ကြောက်သည်တိုင် အောင် ငံ့နေပြီးမှ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့်၊ သူတို့သည် သော့ကိုယူ၍ ဖွင့်ကြည့်သောအခါ၊ မြေ ပေါ်မှာ လဲ၍ သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ ၏။
26
ထိုသို့ သူတို့သည် ငံ့နေ ကြစဉ်တွင်၊ ဧဟုဒသည် ဘေးလွတ်သဖြင့်၊ ကျောက်တိုင်တို့ကို လွန်၍ စိရပ်ရွာသို့ ရောက်ပြီးမှ၊
27
ဧဖရိမ်တောင်ပေါ်မှာ တံပိုး ကို မှုတ်၍၊ ဣသရေလအမျိုးသား တို့သည် သူ့နောက်သို့ လိုက်လျက် တောင် ပေါ်က ဆင်းကြ၏။
28
သူကလည်း ငါ့နောက်သို့ လိုက်ကြလော့။ ထာဝရဘုရား သည် သင်တို့၏ရန်သူမောဘလူ တို့ကို သင်တို့လက် ၌ အပ်တော်မူမည်ဟု ဆိုသည်အတိုင်း၊ သူ့နောက်မှ ာ ဆင်း၍ ယော်ဒန်မြစ် ကူးရာ မောဘ ပြည်သို့ သွားရာလမ်းကို ဆီးတားသဖြင့်၊ လူ တစုံတယောက်ကို မျှ မကူးစေရ။
29
ထိုအခါ ခွန်အားကြီးသော မောဘ စစ်သူရဲတယောက်မျှ မလွတ်ဘဲ၊ လူ တသောင်းကို သတ်၍၊
30
မောဘ အမျိုးသည် ဣသရေလအမျိုးလက် ၌ ရှုံးသဖြင့်၊ အနှစ်ရှစ်ဆယ် တိုင်တိုင် တပြည် လုံး ငြိမ်းလေ၏။
31
ဧဟုဒနောက်မှ ာ အာနတ်သား ရှံဂါပေါ်ထွန်း၍၊ တုတ်ချွန်နှင့် ဖိလိတ္တိလူခြောက် ရာတို့ကို သတ်သဖြင့်၊ ဣသရေလအမျိုးသား တို့ကို ကယ် လွှတ်လေ၏။