1
ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ ဂိလဒ်ပြည်သား တို့နှင့်တကွ ထလျက်၊ ဒန် မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တယောက်သောသူကဲ့သို့ မိဇပါမြို့ ၊ ထာဝရဘုရား ထံတော်၌ စည်းဝေးကြ၏။
2
ဣသရေလ အမျိုးအနွယ် အပေါင်း၊ ပြည်သားအပေါင်းတို့၏ အကြီးအကဲတို့သည် စည်းဝေးကြသော်၊ ဘုရားသခ င်၏လူ၊ ထားလက်နက်စွဲကိုင်သော ခြေသည်သူရဲ လေး သိန်းနှင့်တကွ ချဉ်းကပ်ကြ၏။
3
ဣသရေလအမျိုးသား တို့သည် မိဇပါမြို့ သို့ သွားကြောင်းကို ဗင်္ယာမိန်အမျိုးသား တို့သည် ကြား သိကြ၏။ ဣသရေလအမျိုးသား တို့က၊ ထိုအဓမ္မအမှုကား အဘယ်သို့နည်းဟု မေးမြန်းလျှင်၊-
4
အသေခံရသော မိန်းမ ၏လင် လေဝိလူ က၊ အကျွန်ုပ်သည် မယား ငယ်နှင့်အတူလာ ၍ ဗင်္ယာမိန် ခရိုင်၊ ဂိဗာမြို့ မှာ ညဉ့်ကို လွန်စေပါ၏။
5
ည ဉ့်အခါ ဂိဗာမြို့ သားတို့သည ် ထ ၍ အကျွန်ုပ်တည ်းခိုသောအိမ် ကို ဝိုင်း လျက်၊ အကျွန်ုပ်ကို တိုက် သတ် မည ် အားထ ုတ်ကြပါ၏။ မယားငယ် သေသည် တိုင်အောင် ရှုတ်ချကြပါ၏။ -
6
အကျွန်ုပ်သည်လည်း မယားငယ်အကောင်ကိုယူ၍ အပိုင်းပိုင်းဖြတ်ပြီးမှ၊ ဣသရေလအမျိုး အမွေ ခံ ရာ ပြည်တရှောက်လုံးသို့ ပေးလိုက်ပါ၏။ အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ ဆိုးညစ် သောအမှု၊ အဓမ္မအမှုကို ပြုကြပါပြီ။-
7
သင်တို့ရှိသမျှသည် ဣသရေလအမျိုး ဖြစ်ကြပါ၏။ ဤအရပ်၌ တိုင်ပင်စီရင်ကြပါလော့ဟု ပြောဆို လေ၏။-
8
လူ အပေါင်းတို့သည် တယောက်သောသူကဲ့သို့ ထ ၍ ငါတို့သည် တယောက်မျှ မိမိတဲ သို့မသွား၊ မိမိ အိမ် သို့မပြန်။-
9
ဂိဗာမြို့ ၌ အဘယ်သို့ ပြုမည်နည်း ဟူမူကား၊ စာရေး တံချ၍ အတိုက်သွားမည်။
10
ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ် ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှါ ဣသရေလအမျိုးအနွယ် အပေါင်းတို့၌ လူတရာ တွင် တဆယ် ၊ တထောင် တွင်တရာ ၊ တသောင်းတွင် တထောင် တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊
11
ဣသရေလအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့ တဘက်၌ စည်းဝေး၍ တယောက်သောသူကဲ့သို့ သင်းဖွဲ့လျက်နေကြ၏။
12
ဣသရေလအမျိုးသားတို့သည်၊ ဗင်္ယာမိန်ခရိုင် တရှောက်လုံးသို့ စေလွှတ်၍၊ သင်တို့တွင် ပြုသော ဤအဓမ္မအမှုကား အဘယ်သို့နည်း။
13
ယခုမှာ ဂီဗာမြို့၌ရှိသော ထိုအဓမ္မလူတို့ကို ငါတို့ယူ၍ သတ်သဖြင့် ဣသရေလအမျိုးထဲက ဒုစရိုက် အပြစ်ကို ပယ်ရှားမည်အကြောင်း ထိုလူတို့ကိုအပ်ကြပါဟု မှာလိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန် အမျိုးသား တို့သည်၊ ညီအစ်ကို ဣသရေလအမျိုးသား တို့စကားကို နားမထောင် ဘဲ၊
14
ထိုအမျိုးသား တို့ကို စစ်တိုက်ခြင်း ငှါ၊ အမြို့မြို့ အရွာရွာက ထွက်၍ ဂိဗာမြို့ ၌ စည်းဝေးကြ၏။-
15
ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတပါး အမြို့မြို့ အရွာရွာက လာသော ဗင်္ယာ မိန် အမျိုးသား အရေအတွက်ကား၊ ထားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း။
16
ထိုလူ အပေါင်းတို့တွင် လက် ဝဲလက် ကို သုံးတတ်သဖြင့်၊ ဆံခြည်တပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနှစ် ရာပါသတည်း။
17
ဗင်္ယာမိန်အမျိုး သားမှတပါး ထားလက်နက်စွဲကိုင်၍ စစ် သူရဲဖြစ်သော ဣသရေလအမျိုးသား အရေ အတွက်ကား လေး သိန်းတည်း။
18
ဣသရေလ အမျိုးသား တို့သည် ဘုရားသခ င်၏ အိမ် တော်သို့ ထ ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန် အမျိုးကို အဦး ချီသွားရပါမည်နည်းဟု ဘုရားသခ င်ထ ံတော်၌ မေးလျှောက် ကြသော်၊ ထ ာဝရဘုရား က၊ ယုဒ သည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။
19
နံနက် စောစော ဣသရေလအမျိုးသား တို့သည် ထ ၍ ဂိဗာမြို့ အနား၌ တပ်ချပြီးမှ၊
20
ဗင်္ယာမိန်အမျိုး သားတို့ကို တိုက်ခြင်းငှါ ချီသွား၍ ဂိဗာမြို့ ရှေ့မှာ စစ် ခင်းကျင်းလျက် နေကြ၏။
21
ဗင်္ယာမိန်အမျိုးသား တို့သည် ဂိဗာမြို့ ထဲက ထွက်ပြီးလျှင်၊ ထိုနေ့ တွင် ဣသရေလ လူ တသောင်း နှစ် ထောင်တို့ကို မြေ ပေါ်မှာ လှဲ၍ သတ်ကြ၏။
22
သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ၍ ပဌမနေ့ တွင် စစ် ခင်းကျင်းသော အရပ်၌ တဖန်ခင်းကျင်းကြ၏။
23
ထာဝရဘုရား ထံတော်သို့ သွား၍ ညဦးယံတိုင်အောင် ငိုကြွေး လျက်၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုး သား တို့ကို တဖန်စစ် တိုက်ရပါမည်လောဟု ထာဝရဘုရား အား မေးလျှောက်သော်၊ ထာဝရဘုရား က ချီသွားကြလော့ဟု မိန့်တော်မူ၏။
24
ဒုတိယနေ့တွင် ဣသရေလအမျိုးသား တို့သည် ဗင်္ယာမိန်အမျိုး တို့အနီး သို့ ချဉ်းကြသောအခါ၊
25
ဗင်္ယာမိန် အမျိုးသား တို့သည် ဂိဗာမြို့ ထဲက ထွက်ပြီးလျှင်၊ ထားလက်နက်စွဲကိုင်သော ဣသရေလ လူ တသောင်းရှစ် ထောင်တို့ကို မြေ ပေါ်၌ လှဲ၍ သတ်ကြ၏။
26
ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည် ဘုရားသခ င်အိမ် တော်သို့သွား၍ ငိုကြွေးလျက်၊ ထာဝရဘုရား ထံတော်၌ ဝပ်လျက်၊ တနေ့ လုံး ညဦးယံတိုင်အောင် အစာကို ရှောင်၍ ထာဝရဘုရား အား မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ကြ၏။
27
ထိုကာလ၌ ဘုရားသခ င်၏ ပဋိညာဉ် သေတ္တာ တော်ပါလျက်၊ အာရုန်၏သား ဖြစ်သော ဧလာဇာ၏ သား ဖိနဟတ်သည်၊ သေတ္တာ တော်ရှေ့မှာ အမှုစောင့်သည် ဖြစ်၍၊-
28
ဣသရေလအမျိုးသား တို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသား တို့ကို တဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရား အား မေးလျှောက်သော်၊ ထာဝရ ဘုရား က သွားကြလော့။ နက်ဖြန်နေ့ တွင် သူတို့ကို သင်တို့လက် ၌ ငါအပ်မည်ဟု မိန့်တော်မူ၏။
29
ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ ပတ်လည်၌ ကင်းစောင့်လူတို့ကို ထားပြီးမှ၊
30
တတိယနေ့တွင် ဗင်္ယာမိန် အမျိုးသား တို့ရှိရာသို့ ချီသွား၍၊ ယမန်ကဲ့သို့ ဂိဗာမြို့ အနား၌ စစ်ခင်းကျင်း လျက် နေကြ၏။
31
ဗင်္ယာမိန် အမျိုးသား တို့သည် အတိုက်ထွက်၍ မြို့ နှင့်ကွာသွားကြ၏။ ဗေသလမြို့ သို့ သွားသောလမ်း ၊ ဂိဗာတောရွာသို့ သွားသောလမ်း တွင် ယမန်ကဲ့သို့ ဣသရေအလအမျိုးသူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ် ခန့်မျှ သေကြ၏။
32
ဗင်္ယာမိန်အမျိုးသား တို့က၊ သူတို့သည် ယမန်ကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုသော်လည်း၊ ဣသရေလ အမျိုးသား တို့က ပြေးကြကုန်အံ့၊ သူတို့ကို မြို့ နှင့်ဝေးသော လမ်း တို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆိုလျက်၊
33
ဣသရေလလူ အပေါင်းတို့သည် မိမိတို့ နေရာ အရပ်မှထ ၍ ဗာလတာမာမြို့၌ စစ်ခင်းကြ၏။ ကင်း စောင့်လျက်နေသော ဣသရေလလူ တို့သည်လည်း မိမိတို့နေရာ ဂိဗာလွင်ပြင်မှ ထကြ သဖြင့်၊
34
ဣသရေလအမျိုးသား ယောက်ျားကောင်း တသောင်းတို့သည် ဂိဗာမြို့သိ ု့ ချီလာ ၍၊ ဗင်္ယာမိန် အမျိုး သားတို့သည် ဘေးရောက်လုနီးသည်ကို မရိပ်မိသောကြောင့်၊ ကျပ်တည်းစွာ ဆီး၍ တိုက်ကြ၏။
35
ထိုအခါ ထာဝရဘုရား သည် ဗင်္ယာမိန်လူ တို့ကို ဣသရေလလူ တို့ရှေ့မှာ ရှုံးစေတော်မူသဖြင့်၊ ထို့နေ့ တွင် ဣသရေလ လူ တို့သည် ထားလက်နက်စွဲကိုင်သော ဗင်္ယာမိန်လူ နှစ်သောင်းငါး ထောင်တရာ တို့ကို ပယ်ရှင်းကြ၏။
36
ဗင်္ယာမိန်အမျိုးသား တို့သည် မိမိတို့ ရှုံးသည်ကို သိမြင်ကြ ၏။ ဣသရေလူ တို့သည်၊ ဂိဗာမြို့ အနား၌ ထားသော ကင်းတပ်ကို ကိုးစားသောကြောင့်၊ အစက ဗင်္ယာမိန်လူ တို့ရှေ့မှာ ဆုတ်ကြ၏
37
ကင်းတပ်သားတို့သည် ဂိဗာမြို့ သို့ တဟုန်တည်းပြေးဝင်၍ အနှံ့အပြား တိုက်သဖြင့် တမြို့ လုံးကို ထားနှင့်လုပ်ကြံကြ၏။
38
မြို့ထ ဲမှာ ကြီးစွာသော မီးခိုးတက် စေရမည်အကြောင်း ဣသရေလလူ တို့သည် ကင်းစောင့်လူ တို့အား အကြံပေးနှင့်ကြပြ ီဖြစ်၍၊
39
ဣသရေလလူ တို့သည် စစ် တိုက်ရာတွင် ဆုတ်သောအခါ၊ ဗင်္ယာမိန်လူ တို့က၊ အကယ်၍ သူတို့သည် ယမန်စစ်ရှုံး သကဲ့သို့ ငါတို့ရှေ့မှာ ရှုံး ကြပြီဟု ဆိုလျက် သူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ် ခန့်မျှ သေကြ၏။
40
တဖန် မီးလေ ာင်၍ ထ ူထ ပ်သော မီးခိုး သည် မြို့ထ ဲမှာ တက် စရှိသောအခါ၊ ဗင်္ယာမိန်လူတို့သည် ပြန်ကြည့်၍ မြို့ ကိုလေ ာင်သော မီးလျှံသည် မိုဃ်းကောင်းကင် သို့ တက် သည်ကို မြင်ကြ ၍၊
41
ဣသရေလလူ တို့သည် လှည့်၍ ပြန်သောအခါ၊ ဗင်္ယာမိန်လူ တို့သည် ဘေးရောက်ကြောင်းကို သိမြင် လျှင်၊-
42
မိန်းမောတွေဝေ၍ ဣသရေလလူ တို့ရှေ့မှာ တောလမ်း သို့ ပြေးသော်လည်း၊ စစ် တိုက်လိုက်လာ သော သူတို့သည် မှီသဖြင့် ပြေးသော သူတို့ကို၎င်း၊ မြို့ ရွာများထဲက ထွက်လာသောသူတို့ကို၎င်း၊ တပြိုင်နက်ဖျက်ဆီးကြ၏။
43
ဗင်္ယာမိန်လူတို့ကို ဝိုင်းလျက်လိုက်လျက်၊ နုခါရွာမှစ၍ နေထွက် ရာဘက် ၊ ဂိဗာမြို့ အနားတိုင်အောင် နှိပ်နင်းကြ၏။
44
ထိုအခါ ဗင်္ယာမိန်သူရဲ တသောင်းရှစ် ထောင်တို့သည် လဲ၍ သေကြ၏။
45
ကြွင်းသော သူတို့သည် လှည့်၍ တောအရပ် ရိမ္မုန်ကျောက် သို့ ပြေးကြစဉ်တွင်၊ လိုက်သော သူတို့သည် လူငါး ထောင်တို့ကို လမ်း မှာဖမ်းမိကြ၏။ ဂိဒုံမြို့တိုင်အောင် အပြင်းလိုက်၍ လူ နှစ်ထောင်တို့ကိုလည်း သတ်ကြ၏။
46
ထိုနေ့ တွင် လဲ၍ သေသော ဗင်္ယာမိန် ထားစွဲသူရဲတို့ အရေအတွက်ကား၊ နှစ်သောင်းငါး ထောင်တည်း။
47
လူခြောက် ရာတို့သည် လ ှည့်၍ တောအရပ် ရိမ္မုန်ကျောက် ကို မှီအောင်ပြေးသဖြင့်၊ ထိုကျောက် အောက်မှာ လေးလနေ ကြ၏။
48
ဣသရေလလူ တို့သည် တဖန် လှည့်၍၊ ဗင်္ယာမိန်အမျိုးသား တို့ကို တိုက်လျက် မြို့ ရွာ၌ ရှိသောလူ ၊ တိရစ္ဆာန်တွေ့သမျှတို့ကို ထားနှင့်လုပ်ကြံ၍၊ တွေ့သမျှသော မြို့ ရွာတို့ကို မီး ရှို့ကြ၏။