1
မိက္ခာအမည်ရှိသော ဧဖရိမ်တောင် သား တယောက်ရှိ၏။
2
သူသည် အမိအား၊ အိုအမေ၊ ပျောက်သောငွေ ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသော စကား ကို ပြောသော ငွေ ဆယ်တပိဿာသည် အကျွန်ုပ်၌ ရှိပါ၏။ အကျွန်ုပ်ယူမိပြီဟု ဆိုသော်၊ အမိက၊ ငါ့သား ၊ ထာဝရ ဘုရား ကောင်းကြီး ပေးတော်မူပါစေသောဟု ဆို၏။-
3
ထိုငွေ ဆယ်တပိဿာကို အမိအား ပြန်ပေးသောအခါ၊ အမိက၊ ငါ့သား သည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်စရာဘို့ ဤငွေ ရှိသမျှကို ထာဝရဘုရား အား ငါပူဇော်နှင့်ပြီ။
4
သို့ဖြစ်၍ ငါ့သားအား ယခု ငါပြန်ပေး မည်ဟု ဆိုသော်လည်း၊ သားသည် ထိုငွေ ကို အမိအား ပြန်ပေး ၏။ အမိသည်လည်း နှစ်ပိဿာကိုယူ၍ ပန်းတိမ်သမား၌ အပ်သဖြင့်၊ သူသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်၍ ရုပ်တုတို့သည် မိက္ခာအိမ် ၌ ရှိ၏။
5
ထိုလူ မိက္ခာသည် ဘုရားကျောင်းရှိ၍၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တု ကို လုပ်ပြီးမှ၊ မိမိ သား တယောက်ကို မိမိယဇ်ပုရောဟိတ် အရာ၌ ခန့်ထားလေ၏။
6
ထိုကာလ၌ ဣသရေလရှင် ဘုရင်မရှိ။ လူ တိုင်း မိမိစိတ် အလိုရှိသည်အတိုင်း ပြုသတည်း။
7
ယုဒ အမျိုးနှင့် စပ်ဆိုင်သော ဗက်လင် ယုဒ မြို့သား လေဝိအမျိုး လုလင်တယောက်သည်၊ ဗက်လင် မြို့မှာ တည်းခို၍ နေပြီးလျှင်၊-
8
တဖန် ထွက်သွား၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့်၊ ဧဖရိမ်တောင် ၊ မိက္ခာအိမ် သို့ ရောက်လေ၏။
9
မိက္ခာကလည်း၊ သင်သည် အဘယ်က လာ သနည်းဟု မေးသော်၊ လုလင်က၊ ငါသည် ယုဒ ခရိုင် ဗက်လင်မြို့ သား လေဝိလူဖြစ်၏။ တည်းခိုစရာအရပ်ကို ရှာ၏ဟု ပြန်ပြောသော်၊-
10
မိက္ခာက၊ အကျွန်ုပ်နှင့်အတူ နေ ပါ။ အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ် လုပ်ပါ။ အကျွန်ုပ်သည် တနှစ်တနှစ်လျှင် ငွေ အကျပ်တဆယ် နှင့် အဝတ် စုံကို၎င်း၊ စားစရာကို၎င်း ပေး ပါမည် ဟု ပင့်ဘိတ်သောအခါ၊ လေဝိဘူသည် ဝင်၍၊-
11
ထိုသူနှင့်အတူနေ ခြင်းငှါ အလိုရှိသဖြင့် သား ကဲ့သို့ ဖြစ်လေ၏။
12
မိက္ခာသည်လည်း၊ ထိုလေဝိလုလင်ကို မိမိယဇ်ပုရောဟိတ် အရာ၌ ခန့်ထားသည်အတိုင်း၊ လုလင်သည် ယဇ်ပုရောဟိတ် လုပ်၍ မိက္ခာအိမ် ၌ နေ၏။
13
မိက္ခာကလည်း၊ ယခုမှာ လေဝိလူသည် ငါ၏ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ ထာဝရဘုရား သည် ငါ၌ ကျေးဇူးပြုတော်မူမည်ကို ငါသိ သည်ဟု ဆို၏။