ယောရှုသည် 22

Study

       

1 တဖန် ယောရှုသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ကို ခေါ်၍၊

2 ထာဝရဘုရားကျွန် မောရှေမှာထားသမျှ အတိုင်း၊ သင်တို့သည် ပြု၍၊ ငါမှာထားသမျှသော စကား ကိုလည်း နားထောင်ကြပြီ။

3 နေ့တိုင်အောင် ကြာမြင့်စွာသောကာလပတ် လုံး သင်တို့သည် ညီအစ်ကိုများကို မစွန့်ဘဲနေ၍၊ သင်တို့ ဘုရားသခင် ထာဝရဘုရား စီရင်မှာထားတော်မူသမျှကို စောင့်ရှောက်ကြပြီ။

4 ယခုမှာ သင်တို့၏ဘုရားသခင် ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ ညီအစ်ကိုတို့အား ငြိမ်သက် ခြင်းအခွင့်ကို ပေးတော်မူသောကြောင့်၊ သင်တို့ပြန်၍ ကိုယ်နေရာအိမ်သို့၎င်း၊ ယော်ဒန်မြစ်ဘက်၌ ထာဝရ ဘုရားကျွန် မောရှေပေးသည်အတိုင်း၊ ကိုယ်ပိုင်သော မြေသို့၎င်း သွားကြလော့။

5 သို့ရာတွင် ထာဝရဘုရားကျွန် မောရှေမှာ ထားသော ပညတ်တရားအတိုင်း ကျင့်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ် ခြင်း၊ လမ်းတော်အလုံးစုံတို့၌ လိုက်သွားခြင်း၊ ပညတ် တော်တို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ် ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှါ ကြိုးစား၍ သတိပြု ကြလော့ဟု မှာထားလျက်၊

6 ကောင်းကြီးပေး၍ လွှတ်လိုက်လေ၏။ သူတို့ သည် ကိုယ်နေရာအိမ်သို့ သွားကြ၏။

7 မနာရှေအမျိုးတဝက်အား မောရှေသည် ဗာရှန် ပြည်၌ မြေကိုပေးနှင့်ပြီ။ အမျိုးတဝက်အား ယောရှုသည် ယော်ဒန်မြစ်အနောက်ဘက်၌ သူတို့ညီအစ်ကိုများနှင့် အတူ မြေကို ပေး၏။

8 ယောရှုကလည်း၊ သင်တို့သည် အလွန်ဥစ္စာရ တတ်၍ များစွာသော တိရစ္ဆာန်၊ ရွှေငွေကြေးဝါသံအဝတ်တန်ဆာများတို့ကို ယူဆောင်လျက် သင်တို့နေရာ အိမ်သို့ ပြန်သွားကြလော့။ ရန်သူတို့၌ လုယူ၍ရသော ဥစ္စာကို သင်တို့ညီအစ်ကိုများ၌ ဝေဖန်ကြလော့ဟု မှာ ထားလျက်၊ ကောင်းကြီးပေး၍ သူတို့နေရာအိမ်သို့ လွှတ် လိုက်လေ၏။

9 ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူ သည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ပိုင်ထိုက်သောမြေ၊ ဂိလဒ်ပြည်သို့ သွား ခြင်းငှါ၊ ဣသရေလအမျိုးသားရှိရာ ခါနာန်ပြည်ရှိလော မြို့မှ ထွက်သွားကြ၏။

10 ခါနာန်ပြည်ယော်ဒန်မြစ်နားသို့ ရောက်သော အခါ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင် ကြီးကို တည်ကြ၏။

11 ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ခါနာန်ပြည်ဘက်ယော်ဒန်မြစ်နား၊ ဣသရေလအမျိုးသားကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည် ကြပြီဟု ဣသရေလအမျိုးသားတို့သည် သိတင်းကြားကြ ၏။

12 ထိုသိတင်းကို ကြားသောအခါ၊ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှါ၊ ရှိလောမြို့၌ စည်းဝေးကြ၏။

13 ဣသရေလအမျိုးသားတို့သည်၊

14 ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် တကွ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေး ကောက်၍၊ လူတထောင်ကို အုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။

15 ထိုမင်းတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုးတဝက်ရှိရာ ဂိလဒ်ပြည်သို့ရောက်၍၊

16 ထာဝရဘုရား၏ ပရိသတ်အပေါင်းတို့ မှာလိုက် သည်ကား၊ သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန်ယဇ်ပလ္လင်ကို တည်သဖြင့်၊ ထာဝရဘုရားနောက်တော် သို့ မလိုက်၊ ယနေ့ လွှဲသွားခြင်းငှါ ဣသရေလအမျိုး၏ ဘုရားသခင်ကို ပြစ်မှားသောအပြစ်ကား အဘယ်သို့နည်း။

17 သင်တို့သည် ထာဝရဘုရားနောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရအပြစ်သည် ငါတို့အဘို့ မလောက်သလော။ ထာဝရဘုရား၏ ပရိသတ် တော်၌ ဘေးကြီးရောက်သော်လည်း၊ ယနေ့တိုင်အောင် ထိုအပြစ် မရှင်းလင်းသေး။

18 သင်တို့သည် ထာဝရဘုရားကို ယနေ့ ပုန်ကန်နက်ဖြန်နေ့ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်။

19 သို့သော်လည်း သင်တို့အပိုင်ရသောမြေသည် မစင်ကြယ်လျှင်၊ ထာဝရဘုရားအပိုင်ယူတော်မူ၍၊ တဲ တော်ရှိရာမြေသို့ ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြ လော့။ ငါတို့ဘုရားသခင် ထာဝရဘုရားယဇ်ပလ္လင် တော်မှတပါး၊ အခြားသော ယဇ်ပလ္လင်ကို ကိုယ်အဘို့ တည်၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကို လည်း မပုန်ကန်ကြနှင့်။

20 ဇေရသား အာခန်သည် ကျိန်အပ်သောအရာ၌ ပြစ်မှား၍ အမျက်တော်သည် ဣသရေလအမျိုး ပရိသတ် အပေါင်းတို့အပေါ်မှာ ရောက်သည် မဟုတ်လော။ ထိုသူ သည် ပြစ်မှားသောအပြစ်ကြောင့် တယောက်တည်းသာ သေရသည် မဟုတ်ဟု ဆိုကြ၏။

21 ထိုအခါ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ဣသရေလအမျိုးတွင် လူတထောင်စီအုပ် သော အကဲအမှူးတို့အား ပြန်ပြောလေသည်မှာ၊

22 မြတ်စွာဘုရားသခင် ထာဝရဘုရား၊ မြတ်စွာဘုရား သခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ၏။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ၍၊ ထာဝရဘုရားနောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှါ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင်၊ ယနေ့ ဘေးမလွတ်ပါစေနှင့်။

23 ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာကို ပူဇော်မည်အကြံ ရှိလျှင်လည်း ထာဝရဘုရားသည် ကိုယ်တော်တိုင် စစ် ကြောတော်မူပါစေ။

24 နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အိုရုဗင် အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သို့ ဆိုင် ကြသနည်း။

25 ထာဝရဘုရားသည် ငါတို့နှင့် သင်တို့စပ်ကြား၌ ပိုင်းခြားလျက် ယော်ဒန်မြစ်ကို ထားတော်မူပြီ။ သင်တို့ သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သား မြေးတို့အား ပြောဆိုသဖြင့်၊ ငါတို့သားမြေးတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ဘဲ နေစေမည်အကြောင်း၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟု စိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။

26 သို့ဖြစ်၍ ငါတို့သည် ယဇ်ပလ္လင်ကို တည်ခြင်းငှါ ပြင်ကြကုန်အံ့ဟု ဆိုကြသောအခါ၊ မီးရှို့ရာယဇ်အစရှိ သော ယဇ်မျိုးကို ပူဇော်မည်အကြံရှိသည်မဟုတ်။

27 ငါတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုး၊ မိဿဟာယ ပူဇော်သက္ကာအမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရ ဘုရားအမှုကို ရှေ့တော်၌ ဆောင်ရွက်ခြင်းငှါ၎င်း၊ နောင် ကာလ၌ သင်တို့သားမြေးတို့က၊ သင်တို့သည် ထာဝရ ဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သားမြေးတို့အား မပြောစေခြင်းငှါ၎င်း၊ ဤယဇ်ပလ္လင်သည် ငါတို့နှင့် သင်တို့စပ်ကြား၊ ငါတို့သားမြေးနှင့် သင်တို့သားမြေးစပ် ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်ကြပါပြီ။

28 နောင်ကာလ၌ သူတို့သည် ငါတို့နှင့် ငါတို့သား မြေးတို့အား ထိုသို့ပြောဆိုလျှင်၊ ငါတို့က ငါတို့အဘတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးကို ပူဇော်ခြင်းငှါမဟုတ်၊ ငါတို့နှင့်သင်တို့စပ်ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်သော ထာဝရဘုရားယဇ်ပလ္လင်ပုံကို ကြည့်ကြ လော့ဟု ပြန်ပြောစရာအကြောင်း ရှိစေခြင်းငှါ ငါတို့သည် တိုင်ပင်ကြပြီ။

29 တဲတော်ရှေ့၌ရှိသော ငါတို့ဘုရားသခင် ထာဝရ ဘုရား၏ ယဇ်ပုလ္လင်တော်မှတပါး အခြားသောယဇ်ပုလ္လင် ကို တည်၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး၊ ဘောဇဉ် ပူဇော်သက္ကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရားကို ပုန်ကန်၍ နောက်တော်သို့မလိုက် လွှဲသွားခြင်းအမှုသည် ငါတို့နှင့် ဝေးပါစေသောဟု ပြန်ပြောကြ၏။

30 ယဇ်ပုရောဟိတ်ဖိနဟတ်နှင့် ပရိသတ်မင်းများ၊ ဣသရေလအမျိုး၌ လူတထောင်စီအုပ်သော အကဲအမှူး များတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသားတို့ ပြောသောစကားကို ကြားရသောအခါ အားရကြ၏။

31 ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်က လည်း၊ သင်တို့သည် ထာဝရဘုရားကို မပြစ်မှားသော ကြောင့်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူကြောင်း ကို ယနေ့ ငါတို့ သိမြင်ကြ၏။ သင်တို့သည် ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှ ယခုကယ် လွှတ်ကြပြီဟု ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသား တို့အား ပြောဆိုကြ၏။

32 ထိုအခါ ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ် နှင့် မင်းများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေရာ ဂိလဒ်ပြည်မှ ဣသရေလအမျိုးသားနေရာ ခါနာန်ပြည်သို့ ပြန်လာ၍ သိတင်းကြားပြောသဖြင့်၊

33 ဣသရေလအမျိုးသားတို့သည် ဝမ်းမြောက်ခြင်း ရှိ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ နောက်တဖန် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေသောပြည် ကို လုပ်ကြံအံ့သောငှါ စစ်ချီမည်ဟု အကြံမရှိကြ။

34 ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့ကလည်း၊ ထာဝရ ဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ဤယဇ် ပုလ္လင်သည် ငါတို့စပ်ကြားမှာ သက်သေခံပါစေသောဟု ဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့်ကြ၏။

  

Exploring the Meaning of ယောရှုသည် 22      

Napsal(a) Rev. Julian Duckworth

Joshua 22: The tribes of Reuben, Gad and half Manasseh return.

With the land of Canaan now settled by Israel, the time had come for the men of Reuben, Gad, and one half of Manasseh to return to the other side of the Jordan, where their wives, children, cattle and sheep were left. The men of these two and a half tribes had been ordered to fight alongside the other tribes of Israel, and only then to return home.

They left, and when they came to the banks of the River Jordan, they built a large altar to the Lord. When the rest of Israel caught word of this, they wanted to go to war with these tribes, because they felt the altar was a sacrilege - Israel had the tabernacle for its worship of the Lord. They sent Phineas the priest to ask why they had built the altar. These tribes across the Jordan replied that in the future, the people of Israel may move against them, and reject them. They said the altar would serve as a witness to their worship of the Lord, just as the Israelites in Canaan worshiped. This answer pleased the priest, and when he told the leaders of Israel, it pleased them too.

The spiritual meaning of this episode is a very important one for us. The tribes living on the other side of the River Jordan stand for the worldly activities of our outward life, which in themselves are a very important part of our spiritual life. These actions make up the external part of spiritual life, in which we are able to do good (see Swedenborg’s work, Arcana Caelestia 9824[2]).

The tribes building an altar to God portrays our understanding that all the good we do, and all the use we provide, is possible because of the Lord. He is the giver of all good, which is why we must serve the Lord. Without use, spiritual thoughts and beliefs do not have a foundation (Arcana Caelestia 9473[3]).

Reuben, Gad and half of Manasseh said that the people of Israel might cut them off in the future. In spiritual terms, this would be to separate spiritual life and external life in daily living. This would result in such things as hypocrisy, and faith without charity, both of which are a threat to our spiritual well-being (see Swedenborg’s work, Doctrine of Life 4).

The altar, which was built on Canaan’s side of the Jordan before these tribes crossed over, was to stand as a witness to the union between the tribes within Canaan and the tribes across the Jordan, as one nation before the Lord (Arcana Caelestia 9714).

This unity means that we must be equally present in three areas of life: in the depths of our heart, in our worship and adoration of the Lord; in our mind, in our understanding and delight in the Lord’s Word with all its truth; and in our outward actions, where our acknowledgement of the Lord as our God leads us to be sincere, just, moral, fair, compassionate and dedicated to the service of God.

The answer from the three tribes pleased the priest and, in turn, the leaders of Israel. This reception represents our affirmation that ‘being spiritual’ does not take the place of helping others, but really demands that we serve the Lord in our daily actions (see Swedenborg’s work, Apocalypse Explained 325[4]).

    Studovat vnitřní smysl

Přeložit: