1
ယောသပ် အမျိုးသား တို့သည် စာရေး တံပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန်မြစ် နား၊ ယေရိခေါမြို့ အရှေ့၊ ယေရိခေါ အိုင်မှထွက်၍ တောလမ်း သို့ လိုက်လျက်၊ ဗေသလတောင် တရှောက်လုံး သွားသဖြင့်၊
2
ဗေသလ လုဇမြို့သို့၎င်း၊ အာခိအတရုတ် မြို့သို့ ၎င်း၊
3
အနောက်မျက်နှာ၌ ယာဖလေတိမြို့သို့၎င်း၊ အောက်ဗက်ဟောရုန်မြို့သို့၎င်း၊ ဂေဇာမြို့သို့၎င်း ရောက် ၍ ပင်လယ် ၌ဆုံးလေ၏။
4
ထိုသို့ ယောသပ်၏သား မနာရှေ နှင့် ဧဖရိမ် တို့ သည် အမွေခံရကြ၏။
5
ဧဖရိမ် အမျိုးသား တို့သည် အဆွေအမျိုးအလိုက် နေသော မြေအပိုင်းအခြားသည်၊ အရှေ့ဘက် ၌ အတရုတ် အဒ္ဒါမြို့မှ အထက်ဗက်ဟောရုန်မြို့သို့ လိုက်၍၊
6
မြောက်မျက်နှာ၌ ပင်လယ် နား၊ မိတ်မေသမြို့သို့ ထွက်၏။ တဖန် အရှေ့သို့ မျက်နှာပြု၍ တာနတ်ရှိလော မြို့အရှေ့မှာ ရှောက်လျက်၊
7
ယနောဟမြို့သို့၎င်း၊ ယနောဟမြို့မှ အတရုတ် မြို့၊ နာရတ်မြို့၊ ယေရိခေါမြို့ သို့၎င်း ရောက်၍ ယော်ဒန် မြစ်၌ ဆုံးလေ၏။
8
တာပွါမြို့မှ အနောက်သို့သွား၍ ကာနမြစ် သို့ လိုက်လျက် ပင်လယ် ၌ ဆုံးလေ၏။
9
ဤရွေ့ကား၊ မနာရှေအမျိုးသား တို့အဘို့ အမွေ ခံရသောမြေ၌ ဧဖရိမ် အမျိုးသား တို့အဘို့ ခွဲထားသော မြို့များ နှင့်တကွ ဧဖရိမ် အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရ သော မြို့ ရွာများဖြစ်သတည်း။
10
ဂေဇာမြို့၌နေ သော ခါနနိလူတို့ကို မနှင်ထုတ် ဘဲ သူတို့သည် ယနေ့ တိုင်အောင် ဧဖရိမ် အမျိုးသားတို့နှင့် အတူနေ ၍ အခွန်ပေးရကြ၏။