1
ယုဒ ရှင်ဘုရင်ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်း၊ ဣသရေလရှင်ဘုရင်ယောရှသား ယေရောဗောင်မင်းတို့လက်ထက်၊ ဗေရိ၏ သားဟောရှေ သို့ ရောက်လာသောထာဝရဘုရား ၏ နှုတ်ကပတ်တော် အစအဦးဟူမူကား၊
2
သင်သွား၍ ပြည်တန်ဆာမိန်းမ နှင့်တကွ သူဘွား မြင်သော သားသမီးတို့ကို သိမ်းပိုက်လော့။ အကြောင်း မူကား၊ ပြည် သားတို့သည် ထာဝရဘုရား ကုစွန့်ပစ်၍ အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေ အား မှာထားတော်မူ သည်အတိုင်း၊
3
ဟောရှေသည်သွား၍ ဒိဗလိမ်သမီး ဂေါမာကို သိမ်းပိုက်သဖြင့်၊ သူ သည် ပဋိသန္ဓေယူ၍ ဟောရှေ၌ သား ယောက်ျားကို ဘွား မြင်လေ၏။
4
ထာဝရဘုရား ကလည်း၊ ထိုသားကို ယေဇရ အမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ခဏကြာပြီးမှ ယေဇရေလ အသက်ကိုသတ်သောအပြစ်ကြောင့်၊ ယေဟု အမျိုးကို ငါသည် ဒဏ်ပေး၍ ဣသရေလအမျိုး၏ နိုင်ငံ ကို ဆုံးစေမည်။
5
ဣသရေလလေး ကို ယေဇရေလချိုင့်၌ ငါချိုး သော နေ့ ခြင်းတွင် ထိုအမှုပြည့်စုံလိမ့်မည်ဟု မိန့်တော် မူ၏။
6
တဖန်ပဋိသန္ဓေယူ၍ သမီး ကိုဘွား မြင်လေ၏။ ထိုသမီး ကို လောရုဟာမာအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုးကို နောက် တဖန် မသနားမစ ုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်းမည်။
7
ယုဒ အမျိုးကိုကား သနားစုံမက်ဦးမည်။ သို့ရာ တွင် လေး ၊ ထား၊ စစ် တိုက်၊ လက်နက်၊ မြင်း ၊ မြင်းစီးသူရဲ အားဖြင့် မကယ် တင်၊ သူတို့၏ ဘုရားသခ င် ထာဝရ ဘုရား အားဖြင့် ကယ် တင်မည်ဟု မိန့်တော်မူ၏။
8
လောရုဟာမာကို နို့ ခွါသောအခါ၊ အမိသည် ပဋိသန္ဓေယူပြန်၍ သား ယောက်ျားကို ဘွား မြင်လေ၏။
9
ထိုသားကိုလောအမ္မိအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ သင်တို့သည် ငါ၏လူမဟုတ်။ ငါသည် လည်း သင်တို့၏ ဘုရား သခင်မဟုတ်။
10
သို့ရာတွင်၊ ဣသရေလ အမျိုးသား တို့သည် မခြင်နိုင်၊ မရေတွက်နိုင်သော သမုဒ္ဒရာသဲ လုံးနှင့်အမျှ များကြလိမ့်မည်။ သင်တို့သည် ငါ၏ လူမဟုတ်ဟု ထိုသူတို့အား ပြောဆိုရာ အရပ်၌ပင်လျှင်၊ သူတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သား ဟု ခေါ် ဝေါ်ခြင်းကို ခံရကြလိမ့်မည်။
11
ထိုအခါ ယုဒ အမျိုးသား တို့နှင့် ဣသရေလ အမျိုးသား တို့သည် စုဝေးပေါင်း တော်၍ မင်းတဦး တည်းကို ချီးမြှောက်သဖြင့် ထိုပြည် ထဲက ထွက်လာကြ လိမ့်မည်။ ယေဇရေလနေ့ သည် ကြီးမြတ်သောနေ့ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။