1
ထိုနောက်၊ ထာဝရဘုရား သခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ် ကြောင်းကို ငါသိမြင် သည် ဖြစ်၍၊ သင်၏အိမ် သူအိမ် သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင် ကြလော့။
2
မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ် စေခြင်းငှါ၊ စင်ကြယ်သော သားမျိုး၊ တမျိုးတမျိုးတွင် အထီး အမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တမျိုး တမျိုးတွင်လည်း အထီး မနှစ် စုံစီ၊
3
မိုဃ်းကောင်းကင်ငှက် ၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးသီးတို့ကို သိမ်းယူရမည်။
4
အကြောင်းမူကား၊ ယနေ့ မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ် ပတ်လုံး မြေ ကြီးပေါ်သို့ မိုဃ်း ရွာစေ မည ်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေ ကြီးမျက်နှာ ပေါ်မှ ငါပယ်ရှင်းမည ်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။
5
မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။
6
မြေ ကြီးကို ရေ လွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက် ရာရှိသတည်း။
7
ရေ လွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧသည် မိမိ သား ၊ မယား ၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင် ၍
8
ဘုရားသခင် မှာထားတော်မူသည့်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များ နှင့် မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များအထဲက၊
9
အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ ဝင်က ြ၏။
10
ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သော ရေ သည် မြေ ပေါ်၌ ပေါ်လာ၏။
11
နောဧအသက်ခြောက် ရာစေ့သောနှစ်၊ ဒုတိယလ ၊ ဆယ်ခုနစ်ရက်နေ့ တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင် ပြွန်ပများကို ဖွင့်သဖြင့်၊
12
အရက်လေးဆယ် ပတ်လုံးမြေ ကြီးပေါ်မှာ မိုဃ်းရွာလေ၏။
13
ထိုနေ့ ရက်တွင်၊ နောဧနှင် မိမိမယား မှစ၍ ရှေ မ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံး ယောက်၊ ချွေးမသုံး ယောက်တို့သည် သင်္ဘောထဲသို့ ဝင် ကြ၏။
14
သားရဲမျိုး၊ သားယဉ်မျိုး၊ မြေ ပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံ တက်သော ကြက်ငှက် မျိုး၊
15
အသက်ရှင်သော တိရစ္ဆာန်အမျိုးအမျိုး အပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့် အတူ သင်္ဘောထဲသို့ ဝင် ကြလေ ၏။
16
ထိုသို့နောဧက ို ဘုရားသခ င်မှာထားတော်မူသည်အတိုင်းဝင်သော တိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက ၊ အထီးအမ စုံလျက ်ဝင်က ြ၏။ ထာဝရဘုရား သည်လည်း နောဧက ို အထဲမှာ ပိတ် ထားတော်မူ၏။
17
ရေ လွှမ်းမိုးခြင်းသည် အရက်လေးဆယ် ပတ်လုံး မြေ ကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍ သင်္ဘောကို မြေ မှခွါလျက် ဆောင်ယူလေ၏။
18
တဖန်ရေ သည်အားကြီး၍ မြေ ကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာ ပေါ်၌ မျောလျက်နေလေ၏။
19
နောက်တဖန်ရေ သည် မြေ ကြီးပေါ်မှာ အလွန် အားကြီးသဖြင့် မိုဃ်းကောင်းကင် အောက်၌ ရှိသမျှသော တောင် ကြီးအပေါင်းတို့သည် မြုပ်ကြ၏။
20
ရေ မြုပ်သောတောင် တို့ အထက်၌ လွှမ်းတတ်သော ရေ သည် ဆယ်ငါးတောင် ရှိသတည်း။
21
မြေ ပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက် ၊ သားယဉ်၊ သားရဲ၊ မြေ ပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။
22
အသက်ရှု လျက် ကုန်းပေါ်မှာ ရှိလေ သမျှတို့သည် သေကြကုန်၏။
23
မြေမျက်နှာ ပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ တွားတတ်သော အရာဖြစ်စေ၊ မိုဃ်းကောင်းကင်ငှက် ဖြစ်စေ၊ အသက်ရှင်သော အရာရှိရှိသမျှတို့ကို မြေ ကြီးပေါ်က ပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှ စ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာကျန်ကြွင်းကြလေ ၏။
24
ရေ သည်လည်း မြေ ကြီးပေါ်မှာ ရက်ပေါင်း တရာ ့ငါးဆယ် ပတ်လုံး အားကြီးစွာ တည်လေ၏။