1
ထိုရောအခါ၊ ယာကုပ် သည် မိမိသား တို့ကို ခေါ်၍၊ သင်တို့သည် စည်းဝေးကြလော့။ နောင်ကာလ အခါ၊ သင်တို့၌ ဖြစ်လတံ့သော အမှုအရာများကို ငါဟောပြောမည်။
2
ယာကုပ်၏သား တို့၊ စည်းဝေး၍ ကြား ကြလော့။ အဘဣသရေလ၏စကားကို နားထောင် ကြလော့။
3
အိုရုဗင် ၊ သင်သည် ငါ့သားဦး၊ငါ့အစ ွမ်းသတ္တိ၊ ငါခွန်အား အစ အဦး၊ ဘုန်းအထွဋ်၊ တန်ခိုး အထွဋ်ဖြစ်၏။
4
သို့သော်လည်း ရေ ကဲ့သို့ ပွက်ထသော သဘော ရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရေ ာက်ရ။ အကြောင်း မူကား၊ သင်သည် အဘ၏အိပ်ရာ ကို တက်၍ ညစ်ညူး စေ၏။ ငါ့ခုတင်ထက်သို့ဘက်လေပြီတကား။
5
ရှိမောင် နှင့်လေဝိသည် ညီအစ်ကို ဖြစ်၏။ အဓမ္မအမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။
6
ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်း အမှုထဲသို့မဝင် ရ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့် အသင်းမဖွဲ့ရ။ သူတို့သည် အမျက်ထွက် ၍ လူ အသက်ကို သတ် ကြပြီ။ ကိုယ်အလိုသို့လိုက်၍ မြို့ကိုဖြိုဖျက်ကြပြီ။
7
သူတို့ပြင်းစွာ ထွက်သောအမျက်၊ ကြမ်းတမ်းစွာသော ဒေါသသည် ကျိန်ခြင်းကို ခံပါစေသော။ ယာကုပ် အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပန့်လွင့်စေမည်။
8
အိုယုဒ ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသော သူဖြစ်၏။ သင်၏လက် သည် သင်၏ရန်သူ လည်ပင်းပေါ် မှာ ရှိလိမ့်မည်။ အဘ၏သား တို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်။
9
ယုဒ သည် ခြင်္သေ့ ပျို ဖြစ်၏။ ငါ့သား ၊ သင်သည် ဘမ်းယူကိုက်စားရာမှ တက်လာတက်၏။ ဝပ်လျက် နေ၏။ ခြင်္သေ့ ကဲ့သို့၎င်း၊ ခြင်္သေ့ မကဲ့သို့၎င်း ဝပ်တွားတတ် ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။
10
ရှိလော မရောက်မှီတိုင်အောင်၊ ရာဇလှံတံသည် ယုဒ ထံမှ၎င်း၊ မင်းအာဏာသည် သူ၏အမျိုး အနွယ်ထံမှ၎င်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။
11
မိမိမြည်းက ို စပျစ်နွယ်ပင်၌၎င်း၊ မြည်းက လေးကို အမြတ်ဆုံးသော စပျစ်နွှယ်ပင်၌၎င်း ချည်နှောင် ၍၊ မိမိအဝတ် ပုဆိုးများကို စပျစ်သီးအသွေး တည်းဟူသော စပျစ်ရည်ဖြင့် လျှော်လိမ့်မည်။
12
သူ၏မျက်စိ သည် စပျစ်ရည်နှင့် နီလိမ့်မည်။ သွား သည်လည်း နို့ နှင့်ဖြူ လိမ့်မည်။
13
ဇာဗုလန်သည် ကမ်းနားမှာ နေ၍၊ သင်္ဘောဆိပ် ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
14
ဣသခါ သည် တောင်ကြားမှာ ဝပ်လျက် အားကြီးသောမြည်း ဖြစ်၏။
15
ငြိမ်ဝပ်ရာအရပ်ကောင်း၍ မြေ သာယာသည်ကို မြင် သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကို တင်ထမ်း၍၊ အခွန်ပေးသော ကျွန်ဖြစ်လေ၏။
16
ဒန် သည် ဣသရေလအနွှယ် တစုံတပါးကဲ့သို့၊ မိမိလူတို့ကို စီရင်လိမ့်မည်။
17
ဒန် သည် လမ်း ၌နေသော မြွေ ဖြစ်လိမ့်မည်။ မြင်း စီးသောသူကို နောက်သို့ လဲစေခြင်းငှါ လမ်း ကြားမှာ နေ၍၊ မြင်း ခြေကို ကိုက်တတ်သော မြွေ ဆိုးဖြစ်လိမ့်မည်။
18
အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့်လျက်နေပါပြီ။
19
ဂဒ် မူကား၊ စစ်သူရဲတိုသည် သူတို့တိုက်ကြ၍၊ သူသည် ပြန်တိုက်လိမ့်မည်။
20
အာရှာ၌ဖြစ်သော အစာ သည် အရသာနှင့် ပြည့်စုံ၍၊ မင်း၏ ခဲဘွယ်စားဘွယ်တို့ကို ထုတ်ပေး လိမ့် မည်။
21
နဿလိ သည် လှသောအခက်အလက်နှင့် ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။
22
ယောသပ်သည် သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သော ပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏။
23
လေးသမားတို့သည် သူ့ကို အငြိုးထား၍၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။
24
သို့သော်လည်း သူ၏လေး သည် အားမလျော့။ သူကိုင်သော လက်နက် တို့သည်၊ ယာကုပ် အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက် ဖြင့်၎င်း၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ ကျောက်ဖြင့်၎င်း၊
25
သင့်ကိုမစတော်မူသော သင့်အဘ၏ ဘုရား သခင်အားဖြင့်၎င်း၊ သင့်ကို ကောင်းကြီးပေး တော်မူသော အနန္တတန်ခိုးရှင်အားဖြင့်၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုဃ်းကောင်းကင် ၏ မင်္ဂလာ ၊ အောက် နက်နဲသောအရပ်၏မင်္ဂလာ ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ ၊ ဝမ်း နှင့်ဆိုင်သောမင်္ဂလာ တို့ဖြင့် သင့်ကို ကောင်းကြီး ပေးတော်မူပါစေသော။
26
သင်၏အဘပေးသော ကောင်းကြီးမင်္ဂလာသည်၊ ထာဝရ တောင်တို့၌ဖြစ်သော ကောင်းကြီးမင်္ဂလာ၊ ထာဝရ ကုန်းတို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍ မြတ်၏။ ထိုမင်္ဂလာသည် ယောသပ် ခေါင်းပေါ်၊ မိမိအစ်ကို တို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
27
ဗင်္ယာမိန်သည် လုယူကိုက်စား တတ်သော တောခွေးဖြစ်လိမ့်မည်။ ဘမ်းရသော အရာကိုနံနက် အချိန်၌ ကိုက်စား ၍၊ လုယူသောအရာကိုလည်း ညအချိန်၌ ဝေဖန်လိမ့်မည်ဟုမြွက်ဆို၏။
28
ဤသူတို့ကား၊ ဣသရေလအမျိုး ဆယ်နှစ် မျိုး ဖြစ်၏။ ဤစကား သည်လည်း သူတို့အဘမြွက်ဆို၍၊ သူတို့ အသီးသီးခံရသော မင်္ဂလာ ရှိသည်အတိုင်း၊ ကောင်းကြီး ပေးသော စကား ပေတည်း။
29
တဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ဟိတ္တိ အမျိုးသား၊ ဧဖရှန်၏လယ်ပြင်တွင်ရှိသော မြေတွင်း၌၊ ငါ့အဘတို့နှင့်အတူ ငါ့က ို သင်္ဂြိုဟ်က ြပါ။
30
ခါနာန်ပြည် မံရေမြို့ရှေ့မှာ ၊ မပ္ပေလ လယ်ပြင်၌ရှိသော ထိုမြေ တွင်းကို၊ အာဗြဟံသည် ကိုယ်ပိုင်သော သင်္ချိုင်း ဘို့ လယ်ပြင်နှင့်တကွ ဟိတ္တိ အမျိုးသားဧဖရုန် ၌ ဝယ်လေပြီ။
31
ထိုမြေတွင်း၌ အာဗြဟံ နှင့် မယားစာရာ ကို သင်္ဂြိုဟ်ကြပြီ။ ဣဇာက်နှင့် မယားရေဗက္က ကိုလည်း သင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်း ငါသင်္ဂြိုဟ်ပြီ။
32
ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို၊ ဟေသ အမျိုးသား ရှေ့မှာ ဝယ်သတည်းဟု မှာထား၏။
33
ထိုသို့ယာကုပ် သည် မိမိသား တို့က ို အက ုန်အစင် မာထားပြီးလျှင်၊ မိမိခြေ တို့က ို ခုတင်ပေ ါ်မှာ ရုပ်သိမ်း သဖြင့်၊ အသက ်ချုပ်၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက ်လေ၏။