1
အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ယာကုပ် ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု၍ နေကြသနည်း။
2
အဲဂုတ္တုပြည်၌ စပါး ရှိကြောင်းကို ငါကြား ရပြီ။ ငါတို့သည်မသေ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့ သွား၍ ငါတို့အဘို့ကို ဝယ်ကြလော့ဟု မိမိသားတို့အား ဆိုသည်အတိုင်း၊
3
ယောသပ်၏ အစ်ကို တကျိပ်တို့သည် စပါးကို ဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့ သွားကြ၏။
4
ယောသပ်၏ ညီ ဗင်္ယာမိန်ကိုကား အစ်ကို တို့နှင့် အတူ ယာကုပ် သည်မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း။
5
ထိုအခါ ခါနာန်ပြည် ၌ အစာခေါင်းပါးသော ကြောင့်၊ အဲဂုတ္တုပြည် သို့ရောက်လာ သော သူတို့တွင်၊ ဣသရေလသား တို့သည် စပါးကိုဝယ်ခြင်းငှါ လာ ကြ၏။
6
ယောသပ်သည် နိုင်ငံ အုပ်ဖြစ်၍ ပြည် သား အပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယော သပ်အစ်ကို တို့သည်လာ ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။
7
ယောသပ်သည် အစ်ကို တို့ကိုမြင် လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာ ပြော လျက်၊ သင်တို့သည် အဘယ်ကလာ ကြသနည်းဟု မေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှါ ခါနာန်ပြည် က လာ ကြပါသည် ဟုလျှောက်ကြ၏။
8
ယောသပ်သည် အစ်ကို တို့ကိုသိသော်လည်း၊ သူတို့သည် ယောသပ် ကို မသိကြ။
9
ယောသပ်သည် သူတို့အကြောင်းနှင့် မြင် ရသော အိပ်မက် တို့ကို အောက်မေ့ လျက်၊ သင်တို့သည် သူလျှို ဖြစ်ကြ၏။ ပြည် တော်၌ အားနည်းသောအရပ်ကို ကြည့်ရှု ခြင်းငှါ လာ ကြပြီဟုဆိုလျှင်၊
10
သူတို့က၊ မဟုတ်ပါသခင် ။ ကိုယ်တော်၏ကျွန် တို့ သည် အစာကို ဝယ်ခြင်းငှါသာ လာ ကြပါ၏။
11
ကျွန် တော်တို့သည် တယောက်တည်းသောသူ၏ သား ဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန် တို့သည် သူလျှို မဟုတ်ပါဟု လျှောက် ကြ၏။
12
ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည် တော်၌ အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှါ လာ ကြပြီဟု ဆိုပြန်၏။
13
သူတို့ကလည်း၊ ကိုယ်တော်ကျွန် တို့သည် ခါနာန် ပြည် ၌ တယောက်တည်းသောသူ၏သား ၊ ညီအစ်ကို တကျိပ်နှစ် ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံး သောသူကား အဘနှင့်အတူ ယခုရှိရစ်ပါ၏။ တယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊
14
ယောသပ် က၊သင်တို့သည် သူလျှို ဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊
15
သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်းဟူမူ ကား၊ အငယ်ဆုံး သောညီ မလာ လျှင်၊ ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှ မထွက်မသွားရ။
16
သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍ သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကို စေလွှ တ် ၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရောဘုရင် အသက်ရှင်တော် မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
17
အစ်ကိုအပေါင်းတို့ကို သုံး ရက်ချုပ်ထားလေ၏။
18
သုံး ရက်မြောက်သောနေ့ ၌ ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခ င်ကို ကြောက်ရွံ့သော သူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေ ခြင်းငှါ ပြုရသောအမှုဟူမူကား၊
19
သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့ တွင် တစုံတယောက်ကို ထောင်အိမ် ၌ အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသော သူတို့မူကား သွားကြလော့။ အိမ် သူအိမ် သားတို့၌ အစာခေါင်းပါး သောကြောင့် စပါးကိုယူ၍သွားကြလော့။
20
အငယ်ဆုံး သောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။
21
ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့ သည် ညီ၏အမှု၌ အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည် မြင် လျက်နှင့် နားမထောင် ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခု ရောက်လာပြီ ဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
22
ရုဗင် ကလည်း၊ သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ် လော။ သင်တို့သည် နားမထောင် ဘဲ နေကြသောကြောင့် သူ၏အသွေး အတွက် ယခု အစစ်ခံရကြသည်ဟု ပြန်၍ဆို၏။
23
ထိုသိ ု့ မိမိတို့ ပြောဆိုကြသောစကားကို ယော သပ် နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့်သူတို့ကို ပြောတတ်သော ကြောင့်တည်း။
24
ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ၍ ငိုလေ၏။ တဖန် လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင် ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင် လေ၏။
25
ထိုနောက ် သူတို့အိတ် များက ို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေက ိုလည်း အသီးအသီးအိတ် တို့တွင် ပြန်ထည့်စေ ခြင်းငှါ၎င်း၊ လမ်း ခရီး၌ စားစရိတ်က ိုပေး စေခြင်းငှါ၎င်း စီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။
26
သူတို့သည်လည်း မြည်း များအပေါ်၌ စပါးကို တင်၍ ထွက်သွားကြ၏။
27
စားခန်းသို့ရောက်သောအခါ၊ တယောက်သော သူသည် မြည်းက ို အစာ ကျွေးခြင်းငှါ မိမိအိတ် ကိုဖွင့်လျှင်၊ အိတ် ဝတွင်ရှိသော ငွေ ကိုမြင် လေ၏။
28
ညီအစ်ကိုတို့ အားလည်း ကျွန်ုပ်ငွေ ကို ပြန်ထား ပြီ။ ကြည့်ပါ အိတ်ထဲမှာရှိသည်ဟုဆိုသော်၊ သူတို့သည် စိတ်နှလုံး လျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ ဘုရား သခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ် ပါလိမ့်မည်နည်းဟု တယောက်ကိုတယောက်ဆိုကြ၏။
29
ခါနာန်ပြည် အဘယာကုပ် ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊
30
ထိုပြည် ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာ ပြောလျက်၊ ကျွန်ုပ်တို့ကို ထိုပြည် ၌ သူလျှို လုပ်သူဟူ၍ မှတ်လေ၏။
31
ကျွနုပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့် မတ်သောသူဖြစ်ကြပါ၏။ သူလျှို မဟုတ်ပါ။
32
တဘတည်းသား ၊ ညီအစ်ကို ချင်း တကျိပ် နှစ် ယောက်ဖြစ်ကြပါ၏။ တယောက်ကားမရှိပါ။ အငယ် ဆုံးသောသူကား ခါနာန်ပြည် ၌ အဘနှင့်အတူ ယခုရှိရစ် ပါသည်ဟု လျှောက်သောအခါ၊
33
ထိုပြည် ကို အုပ်စိုးသောသခင် က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သိ ု့ ငါသိ နိုင်မည် နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့ တွင် တစုံတယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ် သူအိမ် သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍သွားကြလော့၊
34
အငယ်ဆုံး သောညီကို ငါ့ထံသိ ု့ ဆောင်ခဲ့ကြ လော့။ သိ ု့ပြုလျှင် သင်တို့သည် သူလျှို မဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိ လိမ့်မည်။ သင်တို့ညီအစ်ကို ကို လည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည် တော်၌ ဖေါက်ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊
35
မိမိတို့အိတ် များအထဲက စပါးကို ထုတ်သော အခါ၊ အသီးအသီးဆိုင်သော ငွေ ထုပ်တို့သည် မိမိတို့အိတ် ၌ ရှိကြ၏။ ငွေ ထုပ်များကို သူတို့နှင့် အဘသည် မြင် သော အခါ ကြောက်လန့်ကြ၏။
36
အဘယာကုပ် ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လုယူကြပြီ။ ယောသပ် မရှိ၊ ရှိမောင် မရှိ၊ ဗင်္ယာမိန် ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့ သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အား ဆို၏။
37
ရုဗင် ကလည်း၊ ကျွန်ုပ်သည် ဗင်္ယာမိန်ကို အဘ ထံသို့ပြန်၍ မဆောင်ခဲ့လျှင်၊ ကျွန်ုပ်သားနှစ် ယောက်တို့ကို သတ်ပါလော့။သူ့ကိုကျွန်ုပ် လက် ၌အပ်ပါ။ ကျွန်ုပ်တဖန် အဘထံသို့ပြန်၍ ဆောင်ခဲ့ပါမည်ဟု အဘအား ဆို၏။
38
အဘကလည်း၊ သင်တို့နှင့်အတူ ငါ့သား မသွား ရ။ သူ၏အစ်ကိုသေပြီ ။ သူသည် တယောက်တည်း ကျန် ရစ်၏။ သင်တို့သွားရာလမ်း ခရီးတွင် သူ၌ ဘေးရောက် လျှင်၊သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်း နှင့်တကွ မရဏာနိုင်ငံ သို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ ၏။