1
ဣရှမေလလူ တို့သည် ယောသပ် ကို ဆောင် သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တု အမျိုးသား ဖါရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော် မှူး ပေါတိဖါထံမှာ ရောင်းကြ၏။
2
ထာဝရဘုရား သည် ယောသပ် ဘက်၌ ရှိတော် မူသဖြင့် သူသည် အကြံထမြောက်တတ်၏။ အဲဂုတ္တုအမျိုး သား မိမိသခင် ၏အိမ် ၌ နေရလေ၏။
3
သူ့ဘက်၌ ထာဝရဘုရား သည် ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင် လည်း သိမြင် ၏။
4
ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌ မျက်နှာရ၍ခစားလျက် နေရ၏။ သခင်သည်လည်း မိမိ အိမ် တွင် အိမ် အုပ်အရာနှင့် ခန့်ထား၍ ဥစ္စာရှိသမျှကို အပ်လေ၏။
5
ထိုသို့အိမ် နှင့် ဥစ္စာရှိသမျှကို အုပ်စိုးစေသည် ကာလမှစ၍ ထာဝရဘုရား သည် ယောသပ် အတွက် ထိုအဲဂုတ္တုသား၏အိမ် ကို ကောင်းကြီးပေး တော်မူသဖြင့်၊ ပေးတော်မူသောကောင်းကြီးမင်္ဂလာ သည် အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ၏။
6
သခင်သည် မိမိ၌ရှိသမျှကို ယောသပ်လက်သိ ု့ အပ်၍၊ မိမိစားသောအစာ မှတပါး အခြားသော ဥစ္စာ ရှိမှန်းကိုမျှ မသိ မမှတ်ဘဲနေ၏။ ယောသပ်သည် ပုံပြင် ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူဖြစ်၏။
7
ထိုနောက်မှ သခင် ၏မယား သည် ယောသပ် ကို တပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါဟုဆို၏။
8
ယောသပ်ကလည်း၊ ကျွန်တော်သခင် သည် အိမ် တော်၌ရှိသမျှသော ဥစ္စာတို့ကို ကျွန်တော်လက်သိ ု့ အပ်ပါပြီ။ ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှ မသိ မမှတ်ပါ။
9
ဤအိမ် တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ကိုယ်မယား ဖြစ်သော သခင်မမှတပါး အဘယ်အရာကိုမျှ ကျွန်တော်အား မမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခ င်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယား ကိုငြင်း၍ ပြန်ဆို၏။
10
ထိုသို့သခင်မသည် နေ့ တိုင်းသွေးဆောင်သော် လည်း၊ ယောသပ်သည် သူ၏စကား ကို နားမထောင် ၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကို ရှောင်လေ၏။
11
တနေ့ သ၌ ယောသပ်သည် အမှုဆောင်ခြင်းငှါ အိမ် ထဲသို့ဝင် ၍ အိမ် သားယောက်ျားတယောက်မျှ မရှိ သောအခါ၊
12
သခင်မက ငါနှင့်အတူ အိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကို ကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိ အဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေး လေ၏။
13
ထိုသို့သခင်မလက် ၌ မိမိအဝတ်ကိုစွန့်၍ ပြင်သို့ ထွက်ပြေး သည်ကို သခင်မသိမြင် သောအခါ၊
14
အိမ် သားယောက်ျားတို့ကိုခေါ် ၍၊ သင်တို့ ကြည့်ကြ။ ငါတို့၌ မရိုမသေပြုစေခြင်းငှါ ဤဟေဗြဲလူ ကို သခင်သွင်းထားပြီတကား။ သူသည် ငါနှင့်အတူ အိပ်ခြင်း ငှါ ဝင်လာ ၍ ငါသည် ကျယ်သောအသံ နှင့် အော်ဟစ်ရ၏။
15
ကျယ်ကျယ်အော်ဟစ်သံကို ကြား လျှင်၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေး သည်ဟုဆိုပြီးလျှင်၊
16
သခင် ရောက်သည်တိုင်အောင် ထိုအဝတ်ကို မိမိ၌ထားလေ၏။
17
သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်းထား သော ဟေဗြဲကျွန် သည် ကျွန် ုပ်ကိုမရိုမသေပြုခြင်းငှါ ဝင်လာပါ ၏။
18
ကျွန်ုပ်သည် ကျယ်သောအသံ နှင့် အော်ဟစ် သောအခါ၊ သူသည် မိမိအဝတ်ကို စွန့်၍ ပြင်သို့ ထွက်ပြေး ပါသည်ဟူသော စကားဖြင့် ကြားပြောလေ၏။
19
ကိုယ်တော်၏ကျွန် သည် ကျွန် ုပ်၌ ဤသို့ပြုခဲ့ပြီဟု မယား ပြောသောစကား ကို သခင်ကြား လျှင်၊ ယောသပ်ကို အမျက်ထွက် ၍၊
20
ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသော သူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင် ထဲမှာ နေရ၏။
21
သို့သော်လည်း ထာဝရဘုရား သည် သူ့ဘက်၌ ရှိ၍ ကယ်မသနားတော်မူသဖြင့်၊ ထောင်မှူးထံ မျက်နှာ ရစေတော်မူ၏။
22
သို့ဖြစ်၍ထောင်မှူးသည် ထောင်၌ ချုပ်ထား သော သူအပေါင်းတို့ကို ယောသပ်လက် သို့အပ်၍၊ ထောင်ထဲတွင် ပြုသမျှသောအမှုကို ယောသပ် စီရင်ရ၏။
23
ထိုနောက် ထောင်မှူးသည် ထောင်အမှုကို ကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အကြောင်းမူကား၊ ထာဝရဘုရား သည် ယောသပ်ဘက်မှာရှိ၍ သူပြုလေ ရာရာ၌ အောင်စေတော်မူသတည်း။