1
ဧဒုံ အမည်ရှိသော ဧသော အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊
2
ဧသော သည် ဟိတ္တိ အမျိုးဇိဘောင်သား အာန၏ သမီး အဟောလိဗာမတယောက်၊ ခါနာန် အမျိုးသမီး နှစ်ယောက်နှင့်၎င်း၊
3
ဣရှမေလသမီး တည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တယောက်နှင့်၎င်း အိမ်ထောင်လေ၏။
4
ဧသော မယား အာဒဘွားသော သားကား၊ ဧလိဖတ်၊ ဗာရှမတ် ဘွားသော သားရွေလ တည်း။
5
အဟောလိဗာမဘွားသော သား ကား၊ယုရှ၊ ယာလံ၊ ကောရ တည်း။ဤသူ တို့ကား၊ ခါနာန်ပြည် ၌ ဧသော မြင်သောသား တည်း။
6
ဧသော သည် မယားသားသမီး နှင့်တကွ၊ အိမ် သူအိမ်သား အပေါင်းတို့ကို၎င်း၊ သိုးနွား စသည်တို့နှင့် တိရစ္ဆာန် ရှိသမျှတို့ကို၎င်း၊ ခါနာန်ပြည် ၌ ရတတ်သော ဥစ္စာရှိသမျှတို့ကို၎င်း ယူ၍၊ ညီယာကုပ် ထံမှ ပြောင်းသွား လေ၏။
7
အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာ များလွန်းသောကြောင့် တရပ်တည်းမနေ နိုင်ကြ။ သူတို့ နေ ရာမြေ သည်၊ သူတို့တိရစ္ဆာန်များ ကြောင့် မဆံ့နိုင်ရာ။
8
သို့ဖြစ်၍ ဧဒုံ အမည်ရှိသော ဧသော သည် စိရတောင်ပေါ်မှာ နေ လေ၏။
9
စိရတောင်ပေါ်မှာ ဧဒုံ အမျိုးသားတို့၏ အဘ ဧသော၏ သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။
10
ဧသော၏ သား တို့အမည်ကား၊ မယားအာဒ ဘွားသောသား ဧလိဖတ်၊ မယား ဗာရှမတ် ဘွားသော သားရွေလ တည်း။
11
ဧလိဖတ် သား ကား၊ တေမန်၊ ဩမရ၊ ဇေဖေါ၊ ဂါတံ၊ ကေနတ်တည်း။
12
ဧသောသား ဧလိဖတ်၏မယား ငယ်၊ တိမန ဘွားသောသား ကား၊ အာမလက် တည်း။ ဤသူ တို့သည် ဧသောမယား အာဒ ၏အနွှယ်ဖြစ ်သတည်း။
13
ရွေလသား ကား၊ နာဟတ်၊ ဇေရ ၊ ရှမ္မ၊ မိဇ္ဇတည်း။ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်ဖြစ် သတည်း။
14
ဇိဘောင်သား အာန၏သမီး ၊ ဧသောမယား အဟောလိဗာမ ဘွားသောသား ကား၊ ယုရှ၊ ယာလံ၊ ကောရ တည်း။
15
ဧသောသား တို့တွင် ဗိုလ်လုပ်သော သူဟူမူ ကား၊သား ဦး ဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖေါ၊ ဗိုလ်ကေနတ်၊
16
ဗိုလ်ဂါတံ၊ ဗိုလ်အာမလက် တည်း။ ဤဗိုလ်တို့ သည် အာဒ ၏အနွှယ်၊ ဧဒုံပြည် ၌ ဧလိဖတ်ရသော သား ဖြစ်သတည်း။
17
ဧသောသား ရွေလ ၏ သား ကား၊ ဗိုလ်နာဟတ်၊ ဗိုလ်ဇေရ ၊ ဗိုလ်ရှမ္မ၊ ဗိုလ်မိဇ္ဇတည်း။ ဤဗိုလ်တို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်၊ ဧဒုံပြည် ၌ ရွေလ ရသောသား ဖြစ်သတည်း။
18
ဧသောမယား အဟောလိဗာမ၏ သား ကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရ တည်း။ ဤဗိုလ်တို့သည် အာန၏သမီး ၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။
19
ဧဒုံ အမည်ရှိသော ဧသော၏ သား မြေးများ၊ သူတို့တွင် ဗိုလ်လုပ်သော သူများ၊ ဤသို့တည်း။
20
ထိုပြည် ၌နေ သော ဟောရိ အမျိုး၊ စိရ ၏သား ကား၊ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊
21
ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။ ဤသူတို့သည် ဧဒုံပြည် ၌ဟောရိ အမျိုး၊ စိရ ၏သား တို့တွင် ဗိုလ်လုပ်သောသူ ဖြစ်သတည်း။
22
လောတန်သား ကား၊ ဟောရိနှင့် ဟေမံတည်း။
23
ရှောဗလ သား ကား၊ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖေါ၊ ဩနံတည်း။
24
ဇိဘောင်သား ကား၊ အာယနှင့်အာနတည်း။ ထိုအာနကား၊ အဘဇိဘောင်၏ မြည်း တို့ကို ထိန်းသော အခါ၊ တော၌နွေးသော စမ်းရေတွင်းတို့ကို တွေ့သော သူပေတည်း။
25
အာနသား ကား၊ ဒိရှုန်နှင့်သမီး အဟောလိဗာမ တည်း။
26
ဒိရှုန်သား ကား၊ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။
27
ဧဇာသား ကား၊ ဗိလဟန်၊ ဇာဝန်၊ အာကန် တည်း။
28
ဒိရှန် သား ကား၊ ဥဇနှင့်အာရန်တည်း။
29
ဟောရိ အမျိုးဗိုလ်များကား၊ ဗိုလ်လောတန်၊ ဗိုလ်ရှောဗလ၊ ဗိုလ်ဇိဘောင်၊ ဗိုလ်အာန၊
30
ဗိုလ်ဒိရှုန်၊ ဗိုလ်ဧဇာ၊ ဗိုလ်ဒိရှန်တည်း။ ဤသူတို့ သည် စိရပြည် ၌ ဗိုလ်လုပ်သော သူတို့တွင်၊ ဟောရိအမျိုး ဗိုလ်ဖြစ်သတည်း။
31
ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ၊ ဧဒုံပြည် ၌ အစိုးရသော မင်းကြီးဟူမူကား၊
32
ဗောရသား ဗေလာသည် ဧဒုံ ပြည်၌မင်းပြု၏။ မြို့တော် ကား၊ ဒိန္နာဗာမြို့ တည်း။
33
ဗေလာမင်းသေ၍ သူ၏အရာ၌ ဗောဇရ အရပ် သား ၊ ဇေရ ၏သား ယောဗပ်သည် မင်းပြုလေ၏။
34
ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိ အရပ်သား ဟုရှံသည် မင်းပြုလေ၏။
35
ဟုရှံမင်းသေ၍၊ မောဘ လွင်ပြင်၌ မိဒျန် လူ တို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံ အရာ၌ မင်းပြုလေ၏။ မြို့တော် ကား၊ အာဝိတ်မြို့ တည်း။
36
ဟာဒဒ်မင်းသေ၍၊ သူ၏အရာ၌ မာသရက် အရပ်သား စာမလသည် မင်းပြုလေ၏။
37
စာမလမင်းသေ၍၊ သူ၏အရာ၌ မြစ် နားမှာ နေသော ရဟောဘုတ် အရပ်သား ရှောလသည် မင်းပြု လေ၏။
38
ရှောလမင်းသေ၍ သူ၏အရာ၌၊ အာခဗော် သား ဗာလဟာနန်သည် မင်းပြုလေ၏။
39
အာခဗော်သား ဗာလဟာနန်မင်းသေ၍ သူ၏ အရာ၌ဟာဒါသည် မင်းပြုလေ၏။ မြို့တော် ကား၊ ပေါမြို့ တည်း။ မျောက်သား တော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီး မဟေတဗေလတည်း။
40
ဧသော မှ ဆင်းသက်၍ မိမိအမျိုးအနွယ်၊ နေရာ အရပ်၊ခံရသော ဘွဲ့နာမအလိုက်၊ ဗိုလ်လုပ်သော သူ ဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊
41
ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊
42
ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇာ၊
43
ဗိုလ်မာဂဒျေလ၊ ဗိုလ်ဣရံတည်း။ ဤသူတို့သည် မိမိနေရာ အရပ်၊ မိမိပိုင်သော ပြည် ၌၊ ဧဒုံ ဗိုလ်များ ဖြစ်သတည်း။ ဧသော သည် ဧဒုံ အမျိုးသားတို့၏ အဘ ဖြစ်သတည်း။