1
ထိုသို့ ကောင်းကင်မြေ ကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။
2
သတ္တမနေ့ ရက်ရောက်လျှင်၊ ဘုရားသခ င်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည် ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့ ၌ ငြိမ်ဝပ်စွာနေတော်မူ၏။
3
ထိုသတ္တမနေ့ ကို ဘုရားသခ င်သည် ကောင်းကြီးပေး ၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော ထိုအမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ ရက်၌ ငြိမ်ဝပ်စွာနေ တော်မူ၏။
4
ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခ င်သည် ကောင်းကင် နှင့်မြေ ကြီးကို ဖန်ဆင်းတော်မူ သောနေ့ ၊ ဖန်ဆင်းရာကာလ၌ကောင်းကင် နှင့်မြေ ကြီး၏ မူလအတ္ထုပတ္တိပေတည်း။
5
မြေ ၌ လယ်ယာပျိုးပင် မပေါက်မှီ၊ လယ်ယာ ၌ စပါးပင်မကြီးပွားမှီ၊ အပင် ရှိသမျှတို့ကိုဖန်ဆင်းတော်မူ၏။ ထိုအခါ ထာဝရအရှင်ဘုရားသခ င်သည် မြေ ပေါ်၌ မိုဃ်းကိုရွာစေ တော်မမူသေး။ မြေ ၌လုပ်သော လူလည်း မရှိသေးသည်ဖြစ်၍၊
6
မြေ မှအခိုးအငွေ့ထ ွက်သဖြင့် မြေ တပြင်လုံးကို စိုစေလေ၏။
7
ထိုနောက်၊ ထာဝရအရှင်ဘုရားသခ င်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊ သူ၏နှာခေါင်း ထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။
8
ထာဝရအရှင် ဘုရားသခ င်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ် ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ် ၌ နေရာချတော်မူ၏။
9
ထိုမြေထဲက အဆင်းလှ၍၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခ င် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ် ၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင် လည်းရှိ၏။
10
ထိုဥယျာဉ် ကို စိုစေလိုသောငှာ မြစ် တမြစ် သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့်၊ ဥယျာဉ် ပြင်မှာ လေး ဖြာကွဲ၍ မြစ် မလေး သွယ်ဖြစ်လေ၏။
11
ပဌမမြစ်ကား ဖိရုန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည် နား တရှေ ာက်လုံးကို စီးသွား လေ၏။
12
ထိုပြည် မှဖြစ်သောရွှေသည် ကောင်းလှ၏။
13
ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။ ဒုတိယမြစ် ကား ဂိဟုန်အမည်ရှိ၏။ ထိုမြင်သည် ကုရှပြည် နား တရှောက်လုံးကို စီးသွားလေ၏။
14
တတိယမြစ် ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ် သည် အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏။ စတုတ္ထမြစ် ကား ဥဖရတ် အမည်ရှိ၏။
15
ထိုအခါ ထာဝရအရှင်ဘုရားသခ င်သည် လူကိုယူ၍ ဧဒင်ဥယျာဉ် ကို ပြုစုစောင့်ရှောက် စေခြင်းငှါ ထားတော်မူ၏။
16
ထာဝရအရှင်ဘုရားသခ င်က လည်း၊ က ောင်းမက ောင်းက ို သိက ျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ် ၌ ရှိသမျှသော အပင်တို့၏အသီးက ို သင်သည် စားရ သောအခွင့်ရှိ၏။
17
ထိုအပင်၏ အသီးကိုကား မစားရ ။ စားသောနေ့ တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညက် ထားတော်မူ၏။
18
ထာဝရအရှင်ဘုရားသခ င်ကလည်း၊ ယောက်ျားသည် တယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။
19
ထာဝရရှင်ဘုရားသခ င်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက် အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်း တော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည် လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။
20
ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက် အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်း ကင်ငှက် အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည်ပေး၍မှည့်လေ ၏။ သို့သော်လည်း လူနှင့်တော် သော အထောက်အမ မပေါ်မရှိသေး၊
21
ထိုအခါ ထာဝရအရှင်ဘုရားသခ င်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုး တချောင်းကို ဘုရားသခ င်ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသား ကို စေ့စပ်စေတော်မူ၏။
22
ထာဝရအရှင်ဘုရားသခ င်သည် လူထဲကထုတ်သော နံရိုး ဖြင့် လူမိန်းမ ကိုဖန်ဆင်း၍လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။
23
လူ ကလည်း၊ ယခု ဤသူသည်ငါ့အရိုး ထဲကအရိုး ၊ ငါ့အသား ထဲက အသား ဖြစ်၏။ လူ ထဲက ထုတ်သော ကြောင့် သူ့ကိုလူမိန်းမ ဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။
24
ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ့်ခင်ပွန်း၌မှီဝဲ သဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။
25
ထိုသူလင်မယားနှစ် ဦးတို့သည် အဝတ် မဝတ်ဘဲ နေ၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏။