1
ထိုရောအခါ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်၊ ဧလံ မင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလတို့သည်၊
2
သောဒုံမင်းကြီးဗေရ၊ ဂေါမောရမင်းကြီး ဗိရရှ၊ အာဓမာမင်းကြီးရှိနပ်၊ ဇေဘိုင်မင်းကြီး ရှေမဘာ၊ ဗေလာမင်းကြီးတို့နှင့် စစ် တိုက်ကြ၏။ ဗေလပြည်ကား၊ ဇောရ အမည်လည်းရှိသတည်း။
3
ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သော စိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။
4
တဆယ်နှစ်နှစ် ပတ်လုံး ခေဒေါရလောမာမင်းကြီးထံ ကျွန်ခံပြီးလျှင်၊ တဆယ်သုံးနှစ် မြောက်သောအခါ ပုန်ကန် ကြ၏။
5
တဆယ်လေး နှစ်မြောက်လျှင်၊ ခေဒေါရလောမာမင်းသည်၊ မိမိဘက် ကနေသော မင်းကြီးတို့နှင့် တကွလာ ၍၊ အာရှတရုတ်ကာနိမ်မြို့၌၊ ရေဖိမ် လူများကို၎င်း၊ ဟာမမြို့၌ ဇူဇိမ်လူ များကို၎င်း၊ ကိရယသိမ်ချိုင့်၌ ဧမိမ်လူများကို၎င်း၊
6
စိရတောင်ပေါ်မှာဟောရိ လူများကို၎င်း လုပ်ကြံ၍၊ တောနားမှာရှိသော ဧလပါရန်မြို့တိုင်အောင် လိုက်ကြ၏။
7
တဖန်ပြန်လာ ၍၊ ကာဒေရှ ပြည်၊ အင်မိရှပတ်မြို့သို့ ရောက်ပြီးလျှင်၊ အာမလက်ပြည်ရှိသမျှကို၎င်း၊ ဟာဇဇုန္တမာမြို့၌နေ သော အာမောရိလူများကို၎င်း လုပ်ကြံကြ၏။
8
ထိုအခါ သောဒုံမင်းကြီး၊ ဂေါမောရ မင်းကြီး၊ အာဓမာမင်းကြီး၊ ဇေဘိုင်မင်းကြီး၊ ဇောရ တည်း ဟူသော ဗေလာမင်းကြီးတို့သည် ချီထွက်၍ စိဒ္ဒိမ်ချိုင့်၌ စစ် ပြိုင်ကြ၏။
9
ထိုသို့ ဧလံ မင်းကြီး ခေဒေါရလောမာ၊ ဂေါအိမ် မင်းကြီးတိဒလ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာ မင်းကြီး အာရုတ်တည်းဟူသော၊ မင်းကြီးလေး ပါးနှင့်၊ မင်းကြီးငါး ပါးတို့သည် စစ်ပြိုင်ကြ၏။
10
စိဒ္ဒိမ်ချိုင့်၌ ရေညှိအကျ ိအချွဲနှင့် ပြည့်သော တွင်းများ ရှိ၏။ သောဒုံမင်းကြီး၊ဂေါမောရမင်းကြီးတို့သည် ပြေး၍ ထိုတွင်းများ၌ ကျ လေ၏။ ကြွင်းသောသူတို့သည် တောင် သို့ပြေးကြ၏။
11
အောင်သောမင်းတို့သည်၊ သောဒုံမြို့ နှင့် ဂေါမောရမြို့၌ ရှိသမျှသော ဥစ္စာနှင့် မြို့ရိက္ခာ ရှိသမျှတို့ကို ယူ၍သွားကြ၏။
12
သောဒုံမြို့ ၌နေ သော အာဗြံအစ်ကိုသား လောတနှင် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
13
ထိုဘေးမှ လွတ်၍ ပြေးသော သူတယောက်သည်၊ ဟေဗြဲ လူ အာဗြံ နှင့်မိဿဟာယဖွဲ့သောသူ၊ ဧရှ ကောလနှင့် အာနေရ၏အစ်ကို အာမောရိလူမံရေ၏ သပိတ်တောနားမှာ နေသော အာဗြံ ထံသို့ ရောက်၍၊ သိတင်းကြားပြောလေ၏။
14
အာဗြံ သည် မိမိ အစ်ကို သားကို ဘမ်းသွား ကြောင်းကိုကြား လျှင်၊ မိမိအိမ် ၌ ဘွား၍ သွန်သင်သော လူသုံး ရာတဆယ်ရှစ် ယောက်တို့ကို စီရင်၍၊ ဒန် မြို့ တိုင်အောင်လိုက်လေ၏။
15
ည ဉ့်အခါ၊ မိမိလူတို့ကို ခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်၊ ဒမာသက်မြို့ မြောက်ဘက် ဟောဘမြို့ တိုင်အောင်လိုက်ပြန်လေ၏။
16
ရန်သူတို့သိမ်းသွားသော ဥစ္စာရှိသမျှကို ၎င်း၊ မိမိအစ်ကို သား လောတနှင့် သူ၏ဥစ္စာကို ၎င်း၊ မိန်းမ များ နှင့် လူများကို ၎င်း၊ တဖန်ဆောင်ယူခဲ့လေ၏။
17
ခေဒေါရ လောမာနှင့်၊ သူ့ဘက်ကနေသော မင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာ သောအခါ၊ သောဒုံမင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှါ ရှာဝေချိုင့် တည်းဟူသော မင်းကြီးချိုင့်သို့ ထွက်သွား၏။
18
အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင်၊
19
ကောင်းကင်မြေ ကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံ အား ကောင်းကြီးပေး တော်မူပါစေ သောဟု၊ အာဗြံ ကို ကောင်းကြီးပေး ၍၊
20
သင်၏ ရန်သူ တို့ကို သင်၏လက် ၌ အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဘို့ထဘို့ လှူလေ၏။
21
သောဒုံမင်းကြီးကလည်း၊ လူတို့ကို ကျွန်ုပ်အား ပြန်ပေး ပါ၊ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံ အား ပြောလိုလျှင်၊
22-24
အာဗြံ က၊ မင်းကြီးသည် အာဗြံ ကို ငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီး သော အရာကို၎င်း၊ ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့ အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသော အဘို့ကို၎င်း၊ ထား၍၊ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ ခြေနင်း ကြိုးတပင်ဖြစ်စေ၊ တစုံတခုကိုမျှ ငါမယူဟု ကောင်းကင်မြေ ကြီးရှင်၊ အမြင့်ဆုံးသော ဘုရား သခင် ထာဝရဘုရား ရှေ့တော်၌၊ ကျွန်ုပ်သည်လက် ကိုချီ၍ အဓိဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ ၏။