1
ထာဝရဘုရား သည်လည်း အာဗြံ ကို ခေါ်တော်မူ၍၊ သင်၏ပြည် နှင့်တကွ အမျိုးသားချင်းပေါက်ဘော် များထဲက ထွက်ပြ ီးလျှင်၊ ငါပြ လတံ့သော ပြည် သို့ သွားလော့။
2
ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါ ကောင်းကြီးပေး ၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင် သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။
3
သင့်ကို ကောင်းကြီးပေး သောသူကို ငါကောင်းကြီးပေး မည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာ ကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
4
ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံ ထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံ သည် ခါရန် မြို့မှ ထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါး နှစ်ရှိ၏။
5
အာဗြံ သည် မယား စာရဲ၊ အစ်ကိုသား လောတနှင့်၊ ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန် မြို့၌ရသော လူတို့ကို ၎င်း၊ ယူပြီးလျှင် ခါနာန်ပြည် သို့ ရောက်ခြင်းငှါ၊ ထွက်သွား၍၊ ထိုပြည် သို့ ရောက်ကြ၏။
6
အာဗြံ သည် ထိုပြည် ကို ရှောင်သွား၍ ရှိခင်အရပ်၊ မောရသပိတ်ပင်သို့ ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည် ၌ ရှိကြရ၏။
7
ထာဝရဘုရား သည် အာဗြံ အားထင်ရှား၍၊ ဤပြည် ကို သင်၏အမျိုးအနွယ်အား ငါပေး မည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသော ထာဝရဘုရား ဘို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင် ကို တည်လေ၏။
8
ထိုအရပ်မှ သွားပြန်၍၊ ဗေသလမြို့ အရှေ့၌ ရှိသော တောင် သို့ ပြောင်းသဖြင့်၊ ဗေသလမြို့ အရှေ့၊ အာ ဣမြို့ အနောက်စပ်ကြားမှာ တဲကိုဆောက် ၍၊ ထာဝရဘုရား သို့ ယဇ်ပလ္လင် ကို တည်ပြီးလျှင်၊ ထာဝရဘုရား ၏ နာမတော်ကို ပဌာနပြု၏။
9
အာဗြံ သည် ခရီးသွား လျက်၊ ပြောင်းလျက်၊ တောင် မျက်နှာသို့ ရောက်လေ၏။
10
ထို့နောက်၊ ခါနာန်ပြည် ၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံ သည် အဲဂုတ္တပြည် ၌ တည်းခိုးခြင်းငှါ သွားလေ၏။
11
အဲဂုတ္တုပြည်နှင့်နီး သောအခါ၊ မိမိမယား စာရဲကို၊ သင်သည် အဆင်းလှသော မိန်းမ ဖြစ်သည်ကို ငါသိ ၏။
12
အဲဂုတ္တုလူတို့သည် သင့်ကိုမြင် သောအခါ၊ ဤမိန်းမ သည် သူ၏မယား ဖြစ်၏ဟုဆိုလျက်၊ ငါ့ကိုသတ် ၍ သင့်ကို အသက်ချမ်းသာပေးလိမ့်မည်။
13
သို့ဖြစ်၍ သင်သည် ငါ့နှမ ဖြစ်ကြောင်းကို ပြောပါလော့။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစား လိမ့်မည်။ သင်၏ကျေးဇူးအားဖြင့် ငါအသကချမ်းသာ ရလိမ့်မည်ဟု ဆို၏။
14
အာဗြံ သည် အဲဂုတ္တပြည်သို့ ရောက်သောအခါ၊ သူ၏မယား သည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည် မြင်ကြ ၏။
15
ဖါရောဘုရင်၏မှူးတော်မတ်တို့လည်း မြင် ၍၊ ရှေ့တော်၌ ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။
16
ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ ၌ ကျေးဇူးပြုသဖြင့်၊ သူသည် သိုး ၊ နွား ၊ မြည်း ထီး၊ မြည်း မ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် များနှင့်ကြွယ်ဝ၏။
17
ထာဝရဘုရား သည် အာဗြံ၏ မယား စာရဲအတွက်ကြောင့်၊ ဖါရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသော ဘေးဒဏ် ဖြင့် ဆုံးမတော်မူ၏။
18
ဖါရောဘုရင်သည်လည်း အာဗြံကိုခေါ် ၍၊ သင်သည်ငါ၌ ပြုသောအမှုကား အဘယ်သို့နည်း။ သူသည် သင်၏မယား ဖြစ်ကြောင်းကို၊ ငါအား အဘယ်ကြောင့် မပြောသနည်း။
19
ငါသည် သူ့ကို သိမ်းပိုက်စေခြင်းငှါ၊ သူသည် ငါ့နှမ ဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်၏ မယား ကို ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။
20
ထိုသို့အာဗြံအမှုက ို စီရင်၍၊ မိမိလူတို့အား မှာထားသဖြင့်၊ သူတို့သည် အာဗြံ၌ရှိသမျှသော ဥစ္စာနှင့် တက ွ၊ သမီးမောင်နှံတို့က ို လွှတ်လိုက ်က ြ၏။