1
အစ အဦး၌ ဘုရားသခ င်သည် ကောင်းကင် နှင့် မြေ ကြီးကို ဖန်ဆင်းတော်မူ၏။
2
မြေ ကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက် ဖုံးလွှမ်း၍ ဘုရားသခ င်၏ ဝိညာဉ်တော်သည် ရေမျက်နှာ ပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။
3
ဘုရားသခ င်ကလည်း လင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်း ဖြစ်လေ၏။
4
ထိုအလင်း ကောင်းသည်ကို ဘုရားသခ င်မြင် ၍၊ အလင်း နှင့် မှောင်မိုက် ကိုပိုင်ခြားခွဲထားတော်မူ၏။
5
အလင်း ကို နေ့ ဟူသောအမည ်ဖြင့်၎င်း၊ မှောင်မိုက် ကို ည ဉ့်ဟူသောအမည ်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ် တော်မူ၍ ည ဦးနှင့် နံနက် သည ် ပဌမနေ့ ရက်ဖြစ်လေ၏။
6
တဖန်ဘုရားသခ င်က ရေအလယ် ၌ မိုဃ်းမျက်နှာကြက် ဖြစ်စေ၊ ရေ နှင့်ရေ ချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊
7
မိုဃ်းမျက်နှာကြက် ကို ဘုရားသခ င် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေ နှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်းဖြစ်လေ၏။
8
မိုဃ်းမျက်နှာကြက် ကိုလည်း မိုဃ်းကောင်းကင် ဟူသောအမည်ဖြင့် ဘုရားသခ င်ခေါ်ဝေါ် သမုတ်တော် မူ၍၊ ညဦးနှင့် နံနက် သည် ဒုတိယနေ့ ရက်ဖြစ်လေ ၏။
9
တဖန်ဘုရားသခ င်က မိုဃ်းကောင်းကင် အောက်၌ရှိသော ရေ စုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ ၏။
10
ကုန်းကိုမြေ ဟူသော အမည်ဖြင့်၎င်း၊ ရေ စုဝေးရာကို ပင်လယ် ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခ င် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခ င်မြင် တော်မူ၏။
11
တဖန် ဘုရားသခ င်က၊ မြေ သည် မြက်ပင် ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေ ပေါ် မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင် ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။
12
မြေ သည်မြက်ပင် ကို၎င်း စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုး ကို ဖြစ်စေသော သစ်ပင် ကို၎င်း ပေါက်စေ၏။
13
ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက် သည် တတိယနေ့ ရက် ဖြစ်လေ၏။
14
တဖန်ဘုရားသခ င်က၊ နေ့ နှင့်ည ဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက် ၌ အလင်းအိမ် တည ်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။
15
မိုဃ်းကောင်းကင် မျက်နှာကြက် ၌တည်၍ မြေ ကြီးလင်းစရာ အလင်းအိမ် ဖြစ်စေဟု အမိန့်တော်ရှိ သည့်အတိုင်းဖြစ်လေ ၏။
16
ထိုသို့ ဘုရားသခ င်သည ် အလင်းအိမ် ကြီး နှစ် လုံးတည ်းဟူသော နေ့ ကိုအုပ်စိုးရသော အကြီးတလုံး၊ ည ဉ့်ကို အုပ်စိုးရသော အငယ် တလုံးနှင့်တကွ ကြယ်များ တို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊
17
မြေ ကြီး၌ လင်းစေခြင်းငှာ၎င်း၊ နေ့နှင်ညဉ့်ကို အုပ်စိုး၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ ၎င်း၊ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ ဘုရားသခ င် ထားတော်မူ၏။
18
ထိုအမှုအရာ ကောင်းသည ်ကို ဘုရား သခင်မြင် တော်မူ၍၊
19
ညဦးနှင့် နံနက် သည် စတုတ္ထနေ့ ရက် ဖြစ်လေ၏။
20
တဖန်ဘုရားသခ င်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေ သည်များပြားစွာ မွေးဘွား စေ။ ငှက် တို့လည်း မြေ ပေါ် မိုဃ်းကောင်းကင်မျက်နှာကြက် ပြင်ဝယ်ပျံ စေဟု အမိန့်တော်ရှိ၏။
21
ထိုသို့လျှင်ရေ သည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးသွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံ တက်သော ငှက် မျိုးအပေါင်းတို့ကို၎င်း ဘုရားသခ င်ဖန် ဆင်း၍၊ ထိုအမူအရာကောင်းသည်ကို မြင် တော်မူ၏။
22
ဘုရားသခ င်ကလည်း များပြားစွာ မွေးဘွားကြလော့။ ပင်လယ်ရေ များကို ပြည် ့စေကြလော့။ ငှက် တို့ လည်း မြေ ပေါ်၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေး တော်မူ၍၊
23
ညဦးနှင့်နံနက် သည် ပဥ္စမနေ့ ရက်ဖြစ်လေ၏။
24
တဖန်ဘုရားသခ င်က၊ မြေ သည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဘွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
25
ထိုသို့ ဘုရားသခ င်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေ ပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်း တို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင် တော်မူ၏။
26
တဖန်ဘုရားသခ င်က ငါတို့ပုံ သဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ် ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက် တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေ တပြင်လုံးနှင့်တကွ၊ မြေ ပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။
27
ထိုသို့ဘုရားသခ င်သည် မိမိပုံ သဏ္ဍန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခ င်၏ ပုံ သဏ္ဍာန် တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊
28
အချင်းတို့ များပြားစွာမွေးဘွားကြလေ ာ့။ မြေ ကြီးကို ပြည် ့စေ၍ နိုင်ကြလေ ာ့။ ပင်လယ် ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက် တို့ကို၎င်း၊ အသက်ရှင်၍ မြေ ပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလေ ာ့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းကြီးပေး တော်မူ၏။
29
ဘုရားသခ င်ကလည်း ကြည့်ရှုလော့။ မြေ တပြင်လုံး၌ စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကို ၎င်း၊ မျိုးစေ့ကိုဖြစ်စေသော အသီး နှင့်ပြည် ့စုံသော သစ်ပင် အမျိုးမျိုးတို့ကို၎င်း၊ သင်တို့ စားစရာဘို့ ငါပေး ၏။
30
မြေ သား၊ မိုဃ်းကောင်းကင်ငှက် ၊ အသက်ရှင်၍မြေ ပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ စားစရာဘို့၊ မြက်ပင် အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်းဖြစ်လေ ၏။
31
ဘုရားသခ င်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင် တော်မူ၍၊ ညဦးနှင့် နံနက် သည် ဆဌမနေ့ ရက်ဖြစ်လေ၏။