1
ဖျက်ဆီးသော လက် နက်ကို အသီးအသီး ကိုင် လျက်၊ ဤမြို့ ခံရသောဒဏ်တို့ကို အနီး သို့ဆောင်ခဲ့ကြ လော့ဟု ကျယ်သောအသံ နှင့် ခေါ်တော်မူသည်ကို ငါကြား၏။
2
ထိုအခါ လူ မြောက်ယောက်တို့သည် အသီး အသီး ကွပ်မျက်စရာ လက် နက်ကို ကိုင်လျက်၊ တယောက် သည်လည်း၊ ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မှင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်း ဖြင့် ဝင် ၍၊ ကြေးဝါ ပလ္လင်အနားမှာရပ်နေ ကြ၏။
3
ဣသရေလအမျိုး၏ဘုရားသခ င် ဘုန်းတော် သည် ကျိန်းဝပ်ရာ ခေရုဗိမ် မှအိမ် တော်တံခါး ခုံသို့တက်၍၊ ပိတ်အဝတ်ကိုဝတ်လျက်၊ နံပါး၌ မှင်အိုးပါသော သူကို ခေါ်၍၊
4
ထာဝရဘုရား က၊ ယေရုရှလင်မြို့အလယ် ၌ ရှောက်သွားလော့။ မြို့ ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာ ဘွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကို ထိုးမှတ်လော့ဟူ၍၎င်း၊
5
အခြားသော သူတို့အားလည်း၊ ထိုသူနောက် မြို့ ထဲ၌ ရှောက်သွား၍ ဒဏ်ခတ် ကြလော့။ နှမြောစုံမက် ခြင်းမရှိကြနှင့်။
6
အသက်ကြီး သောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမ တို့ကို ရှင်းရှင်းသတ် ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ် တော်ရှေ့မှာ ရှိသော အသက်ကြီး သူတို့ကို ရှေ့ဦးစွာ သတ် ကြ၏။
7
တဖန်တုံ၊ အိမ် တော်ကိုညစ်ညူးစေ၍၊ ကွပ်မျက် သော သူအသေကောင် တို့နှင့် တန်တိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည် အတိုင်း၊ သူတို့သည်ထွက်၍ မြို့ ထဲ၌ကွပ်မျက် ကြ၏။
8
ထိုသို့သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါ နေရစ်စဉ်တွင် ပြပ်ဝပ်၍၊ အိုအရှင်ထာဝရဘုရား ၊ ယေရု ရှလင်မြို့အပေါ်သို့ အမျက်တော်ကို သွန်းလောင်း၍၊ ကျ န်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော် မူမည်လောဟု ကြွေးကြော်၍လျှောက်လေ၏။
9
ထာဝရဘုရား ကလည်း၊ ဣသရေလအမျိုးနှင့် ယုဒ အမျိုး၏အပြစ်သည် အလွန်တရာကြီး၏ တပြည် လုံးသည် လူအသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည် ့၏။ မြို့ သည်လည်း ဖော်ပြန်ခြင်း အပြစ်နှင့်ပြည် ့၏။ သူတို့က၊ ထာဝရဘုရား သည် မြေ ကြီးနှင့်စွန့်ပစ်လေပြီ။ ထာဝရဘုရား မမြင် ဟု ဆိုကြ၏။
10
ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အား မိန့်တော်မူ၏။
11
ပိတ်အဝတ်က ို ဝတ်၍နံပါး၌ မှင်အိုးပါသော သူက လည်း၊ က ိုယ်တော်မှာထားတော်မူသည်အတိုင်း အက ျွန်ုပ်ပြုပါပြီဟု ပြန်လျှောက ်လေ၏။