1
ထာဝရဘုရား ကလည်း၊ သင်သည် ဖါရောဘုရင် ထံသို့ဝင် ၍ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကို လွှတ်လော့။
2
မလွှတ်ဘူးဟုငြင်း၍ ဆီးတားသေးလျှင်၊
3
ထာဝရဘုရား ၏လက် တော်သည် လယ်ပြင်၌ ရှိသော တိရစ္ဆာန်၊ မြင်း ၊ မြည်း ၊ ကုလားအုပ် ၊ သိုး ၊ နွား တို့အပေါ်၌ ရောက်၍ အလွန်ပြင်းစွာသော ရောဂါ စွဲလိမ့်မည်။
4
ထာဝရဘုရား သည်၊ ဣသရေလလူတို့၏ တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့၏ တိရစ္ဆာန်ကို ခြားနား စေသဖြင့်၊ ဣသရေလအမျိုးသား ပိုင်သော တိရစ္ဆာန် တကောင်မျှမသေရ။
5
နက်ဖြန်နေ့ ၊ အဲဂုတ္တုပြည် ၌ ထိုအမှုကို ထာဝရ ဘုရား ပြုတော်မူမည်ဟု မှန်သောအချိန်ကို ချိန်းချက် တော်မူပြီဟု ဟေဗြဲလူတို့၏ ဘုရား သခင်ထာဝရဘုရား မိန့်တော်မူသည် အကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
6
နက်ဖြန်နေ့၌ ထိုအမှုကိုပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုးသေကြ၏။ ဣသ ရေလလူတို့၏ တိရစ္ဆာန်တကောင်မျှမသေ။
7
ဖါရောဘုရင်သည် လူကိုစေလွှ တ်၍၊ ဣသ ရေလအမျိုးသား တို့၏ တိရစ္ဆာန်တကောင်မျှ မသေ ကြောင်းကို သိရ၏။ သို့သော်လည်း နှလုံး ခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှ တ်ဘဲနေလေ၏။
8
ထာဝရဘုရား ကလည်း၊ မီးဖိုထဲကပြာကို လက် နှင့်ယူ၍ မောရှေသည် ဖါရောဘုရင်ရှေ့၌ မိုဃ်းကောင်း ကင်သို့ပစ်လွှ င့်စေ။
9
ထိုပြာသည် အဲဂုတ္တုပြည် တရှောက်လုံး၌ နှံ့ပြား သော အမှုန့်ဖြစ်၍၊ ပြည် တရှောက်လုံးတွင် လူနှင့် တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည် ့သော အနာ ဆိုးဖြစ်လိမ့် မည်ဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်အ တိုင်း၊
10
သူတို့သည် မီးဖိုထဲကပြ ာကိုယူ၍၊ ဖါရောဘုရင် ရှေ့မှာရပ် လျက်၊ မောရှေသည် မိုဃ်းကောင်းကင် သို့ ပစ် လွှင့်သဖြင့်၊ ထိုပြ ာသည် လူနှင့်တိရစ္ဆာန်တို့၌ အခဲ အကျိတ်ပြ ည့်သော အနာ ဆိုးဖြစ်လေ ၏။
11
ဝိဇ္ဇာဆရာတို့သည် အနာ ဆိုးကြောင့်၊ မောရှေ ရှေ့၌မရပ် မနေနိုင်။ ထိုအနာဆိုးသည် ဝိဇ္ဇာဆရာတို့၌၎င်း၊ အဲဂုတ္တုလူအပေါင်းတို့၌၎င်း စွဲသတည်း။
12
ထာဝရဘုရား သည် ဖါရောဘုရင်၏နှလုံး ကို ခိုင်မာစေတော်မူသည်ဖြစ်၍၊ မောရှေအား မိန့်တော်မူ သည်အတိုင်း၊ သူတို့စကား ကို နားမထောင် ဘဲ နေလေ၏။
13
တဖန်ထ ာဝရဘုရား က၊ နံနက်စောစောထ ၍၊ ဖါရောဘုရင်ရှေ့မှာ ရပ်လျက်၊ ဟေဗြဲ လူတို့၏ ဘုရား သခင် ထ ာဝရဘုရား က၊ ငါ၏လူတို့သည် ငါ့အား ဝတ်ပြု မည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။
14
သိ ု့မဟုတ် ယခုကာလအခါ သင်၏နှလုံး ၌၎င်း၊ သင်၏ကျွန် များ၊ လူများ၌၎င်း၊ ငါ၏ဘေးဒဏ် အလုံးစုံ တို့ကို သင့်ရောက်စေမည်။ မြေ ကြီးတရှောက်လုံး၌ ငါကဲ့သိ ု့သောသူ မရှိကြောင်းကိုသင်သည် သိ ရလိမ့်မည်။
15
ငါ့လက် ကို ငါဆန့်၍ သင်နှင့်သင်၏လူတို့ကို ကာလနာ ဖြင့် ဒဏ်ခတ် မည်။သင့်ကိုလည်း မြေ ကြီးပေါ် က သုတ်သင်ပယ်ရှင်းမည်။
16
အကယ်စင်စစ် ငါ့တန်ခိုးကို သင်၌ ငါပြ ခြင်းငှါ၎င်း၊ ငါ့နာမကို မြေကြီးတပြင် လုံးတွင် ကျော်စောစေခြင်း ငှါ၎င်း၊ သင့်ကို ငါချီးမြှောက်ခဲ့ပြ ီ။
17
သင်သည် ငါ၏လူတို့ကိုမလွှတ်ဘဲ၊ သူတို့ကို စော်ကားသေးသလော။
18
ကြည့်ရှုလော့။ အဲဂုတ္တုပြည် တည်သည်ကာလမှ စ၍ ယခုတိုင်အောင် မရွာဘူးသော အလွန်ကြီးစွာသော မိုဃ်းသီး ရွာခြင်းကို နက်ဖြန်နေ့ ဤအချိန် ၌ ငါဖြစ်စေ မည်။
19
ထိုကြောင့်ယခုစေလွှတ်၍၊ လယ်ပြင်၌ရှိသော တိရစ္ဆာန်များ နှင့် ရှိလေသမျှတို့ကို သိမ်းယူလော့။ အိမ် သို့ မဆောင်လျင်၊ လယ်ပြင်၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာ မိုဃ်းသီး ကျ၍၊ သူတို့သည် သေကြလိမ့်မည်အကြောင်းကို ပြောလော့ဟု မောရှေ အား မိန့်တော်မူ၏။
20
ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင်၏ ကျွန် တို့သည်၊ မိမိကျွန် နှင့် မိမိတိရစ္ဆာန်တို့ကို အိမ် သို့ ပြေးစေကြ၏။
21
ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို ပမာဏမပြုသောသူတို့သည်၊ မိမိကျွန် ၊ မိမိတိရစ္ဆာန်တို့ကို လယ်ပြင်၌ ထားကြ၏။
22
ထာဝရဘုရား ကလည်း၊ အဲဂုတ္တုပြည် တရှောက်လုံး၌ လူတို့အပေါ်မှာ၎င်း၊ တိရစ္ဆာန်တို့အပေါ်မှာ၎င်း၊ လယ်ပြင်၌ရှိလေ သမျှသော အပင်များ အပေါ်မှာ၎င်း၊ မိုဃ်းသီး ရွာစေခြင်းငှာ၊ သင်၏လက် ကို မိုဃ်းကောင်းကင် သို့ ဆန့်လေ ာ့ဟု မောရှေအား မိန့်တော်မူ၏။
23
မောရှေသည် မိမိလှံတံ ကို မိုဃ်းကောင်းကင် သို့ ဆန့်၍၊ ထာဝရဘုရား သည် မိုဃ်းကြိုးနှင့် မိုဃ်းသီး ကို လွှတ်တော်မူ၏။ မီး သည်လည်း မြေ ပေါ်မှာပြေးလေ ၏။ ထိုသို့ ထာဝရဘုရား သည်၊ အဲဂုတ္တုပြည်၌ မိုဃ်းသီးရွာစေ တော်မူသဖြင့်၊
24
အဲဂုတ္တုပြည် တည်ထောင်သည်ကာလမှစ၍ တခါမျှမဖြစ်ဘူးသော မိုဃ်းသီး ၊ မီး နှင့်ရော၍ အလွန် ပြင်းထန်စွာသော မိုဃ်းသီး ဖြစ်လေ၏။
25
အဲဂုတ္တုပြည် တရှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ၊ မြက်ပင် များ၊ သစ်ပင်များ တို့ကို မိုဃ်းသီး ထိလေ၏။
26
သို့ရာတွင် ဣသရေလအမျိုးသား နေရာဂေါရှင်ပြည် ၌ မိုဃ်းသီး မကျမရွာ။
27
ထိုအခါ ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ မောရှေနှင့် အာရုန်ကို ခေါ်ပြီးလျှင်၊ ဤအမှု၌ ငါပြစ်မှားပြီ။ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၏။ ငါနှင့် ငါ၏လူတို့သည် အပြစ်များပါ၏။
28
တန်ပါပြီ။ အားကြီးသော မိုဃ်းကြိုးနှင့် မိုဃ်းသီး စဲမည်အကြောင်း၊ ထာဝရဘုရား ကို တောင်းပန်ပါ။ သင်တို့ကို ငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ၏။
29
မောရှေကလည်း၊ မြို့ ထဲက ကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရား ရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကို ဖြန့်ပါမည်။ ထာဝရဘုရား သည် မြေ ကြီးကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိ စေခြင်းငှာ မိုဃ်းကြိုးစဲလိမ့် မည်။ မိုဃ်းသီး လည်း မကျမရွာရ။
30
သိ ု့သော်လည်း ကိုယ်တော်နှင့် ကိုယ်တော်၏ကျွန် တို့သည်၊ ထာဝရအရှင် ဘုရားသခ င်ကို မကြောက်သေး ကြောင်းကို အကျွန် ုပ်သိ ပါသည်ဟု လျှောက်ဆို၏။
31
ပိုက်ဆန် ပင်၊ မုယောပင်ကို မိုဃ်းသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆံပင်လည်း အသီးမှည့်ပြီ။
32
ဂျုံစပါး၊ ကောက် စပါးပင်ကိုကား မထိ။ ထိုအပင်တို့သည် မပေါက်ကြသေး။
33
မောရှေသည် ဖာရော ဘုရင်ထံမှထွက်၍ မြို့ ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရား ရှေ့တော်၌ လက်ဝါးတို့ကို ဖြန့်သဖြင့်၊ မိုဃ်းကြိုးနှင့် မိုဃ်းသီး စဲလေ၏။ မြေ ပေါ်၌လည်း မိုဃ်းမရွာ။
34
ထိုသို့ မိုဃ်းမရွာ၍ မိုဃ်းသီး နှင့် မိုဃ်းကြိုးစဲသည်ကို ဖာရော ဘုရင်မြင် လျှင်၊ တဖန်ပြစ်မှား၍၊ ကျွန် များနှင့်တကွ နှလုံး ခိုင်မာလျက်နေ၏။
35
ထိုသို့ ဖာရော ဘုရင်သည် နှလုံး ခိုင်မာသည်ဖြစ်၍၊ မောရှေ၌ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသား တို့ကို မလွှတ်ဘဲနေပြန်သတည်း။